ကျွှန်တော်နဲ့ ဂဏာန်းလေးများ

in #myanmar6 years ago (edited)

ဂဏန်းတွေ ဂဏန်းတွေ ဘာဂဏန်းလဲလို့တော့ ထင်ကြလိမ့်မယ် ။ ဒါပေမဲ့ အတော်မျများ ဘဝတူတွေကတော့ ဂဏန်းတွေ ဆိုရင် သိနေကြလောက်ပါပြီ ။ ခြေကားကား လက်ကားကား လယ်ကျို လယ်ကြားက ဂဏန်းတွေ မဟုန်ပါဘူးဗျာ ။ သင်္ချာကိန်းဂဏာန်း နံပါတ် ဂဏာန်းလေးများ ဖြစ်ပါတယ် ။ ကျွှန်တော်တို့သည် ဂဏန်းမျာဖြင့် တွဲယှက်မိနေကြသည် ။ အင်တာနက်မှတစ်ဆင့် မိမိတို့ ဖုန်းတွင်း ကွတ်ပျူတာတွင်း ရောက်ရှိလာသော ဂဏာန်းများအား ခံစားမှု အမျိုးမျိုးဖြင့် ခံစားနေကြသည် ။


Mathematics-Pay-Digits-Close-Numbers-School-Count-2662758.jpg
Image source

ဂဏန်းလေးများသည် ကျွှန်တော်တို့ကို ပျော်ရွှင်စေနိုင်သည် တစ်ခါတစ်ရန် စိတ်ညစ်စေနိုင်သည် ။ အစရှိသဖြင့် ခံစားချက် အမျိုးမျိုးတို့ကို ဖော်ဆောင် ပေးကြသည် ။ မိမိတွင်ပိုင်ဆိုင်နေပြီဖြစ်သော steem / sbd နှင့် crypto currency အစရှိသည်တို့ များများ တက်ခြင်း မတက်ခြင်း အပေါ်တွင် လိုက်ပါ ခံစားရသည် ။ ထို ရရှိပြီးသော ဂဏန်းလေးများ၏ ဈေးတက်ခြင်းကျခြင်းကြောင့် ဖြစ်ပေါ်နေသော ဂဏန်း နီနီ စိမ်းစိမ်းတို့တွင်လည်း ပါဝင်ခံစားကြပြန်သည် ။ ထိုသို့ဖြင့် တစ်နေ့တစ်နေ့ ထိုဂဏန်းများအား ကြည့်ကြည့်ပြီး စီးမျောလိုက်ပါ ခံစားနေသူ မည်မျှ ရှိနေမည် မသိပါ ။

ထိုဂဏန်းများနှင့် ပတ်သက်ပြီး ရှာဖွေစုဆောင်းကာ ရရှိသမျှ အတက်ဖက်ကို မျော်မှန်းနေမိသော လောဘမှာလည်း မသေး ။ တစ်ဖြည်းဖြည်း ကြီးထွားလာလေပြီ ။ ကိုယ်တိုင်ကသာ ထိုဂဏန်းလေးများနှင့် ထိုသို့ဖြစ်နေရသော်လည်း ထိုဂဏာန်းလေးများအား စိတ်မဝင်စားသူတို့မှာလည်း အလွှန်များစွာ ရှိကြလေသည် ။ သို့သော် ထိုဂဏန်းလေးများမှာ ကျွှန်တော်တို့အတွက်တော့ အရေးပါနေလေသည် ။ MMK ဟူ၍ဖြစ်ကာ မြန်မာ အကောင့် ထဲရောက်သည့်တိုင် ဖုန်းအတွင်းမှ ဂဏန်းလေးများ အသွင်ဖြင့် ရှိနေကြသေးသည် ။


crypto.jpg
Image source

ထိုဂဏန်းများသည် ကျွှန်တော်တို့ သုံးစွဲနိုင်သော ငွေကြေးများပင်ဖြစ်သည် ။ ထို့ကြောင့် ငွေကြေး၏ အစွမ်းများ သူ့တွင်ပိုင်ဆိုင်ထားသည် ။ အပြင်လောကတွင် ငွေကြေး မည်မျှ အရေးပါသည်ကို လူတိုင်း နီးပါး သိရှိကြလေသည် ။ ကျွှန်တော်တို့သည်လည်း ငွေကြေးတစ်ရပ်ဖြစ်သည့် ထို အကောင့်များအတွင်းမှ ဂဏန်းလေးများ အပေါ် ခံစားထိုက်သည် မဟုတ်ပါလော ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

စိတ်ခံစားမှုအမျိုးမျိုး ပေးစွမ်းနိုင်စွမ်းရှိသော ဂဏန်းလေးများ

ဟုတ်တယ် နော့ ။

ဘာဂဏာန်းဖြစ်ဖြစ်ကြိုက်တယ်
ငွေ လား လက်မနဲ့ညှပ်တဲ့ကောင်လား အကုန်ကြိုက်
ဘာလာလာ ဒေါင်းတယ်ကွယ် 😁

အိုလမို အကုန်ဒေါင်း ဆြာကြီး

2လုံး ဂဏန်းလေလား 3လုံး ဂဏန်းလေလား

9 လုံး ဂဏန်းတဲ့ ။

စွမ်းအားကြီး‌သော ဂဏာန်း‌လေးများ‌ပေါ့။

ဟုတ် ဦးမဟော်

မတ်မတ် ဂဏန်းတေကြည့်ပု မကြည့်ဆို မတတ်လို့လေ😁

steemit ထဲက post ကရတဲ့ ဂဏန်းတော့ ကြည့်တယ် ဟုတ်

ဂဏန်းက တကယ့်​စိတ်​ခံစား မူ​ပေးတယ်​ဗျာ့
ဥပမာ 7 ဆိုလပ်​ကီး
4ဆိုရင်​ မ​ကောင်းတဲ့ဂဏန်း
အဲ အဆိုးဆုံးက ည​နေထွက်​မယ့်​ ဂဏန်းက စိတ်​ခံ စားမှူအ​ပေးဆုံး
အဟီးးးးး

ညနေထွက်မည့် ဂဏန်းဆိုပါလား အပိုင်လေးရရင် လက်တို့လှည့်ပါဦး

ကိန်းဂဏန်းတွေက လူတွေကို လွှမ်းမိုးနေတာပါပဲ

အင်း ဟုတ်တယ် ဦးဟိန်း

ဟုတ်​ပါတယ်​...ဒီဂဏာန်း​တွေကစိတ်​ခံစားမှုအမျိုးမျိုးလုပ်​​ပေးနိုင်​တယ်​....

ဟုလယ်

ဂဏန်းမြင်ရင် ကိုင်ပေါက်ချင်တယ်ဆိုနေ ☺☺☺

Congratulations @domelay! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 63718.61
ETH 3390.60
USDT 1.00
SBD 2.62