ရက်စက်တဲ့မိုး

in #myanmar6 years ago (edited)

တစ်ခါတုန်းက ဗရုတ်ရွာမှာ ကိုတရုတ်ဆိုတဲ့လူ
တစ်ယောက်ရှိတယ်။ ဗရုတ်ရွာရဲ့ ထူးခြားချက်က ရွာလုံးကျွတ် ရှိရှိသမျှ ကလေးလူကြီးမရွေး ဆံပင်
ဖြူကြတာပါ။ မွေးကင်းစကလေးလဲ အမိဝမ်းက
ကျွတ်ကတည်းက ဆံဖြူလေးတွေနဲ့။ ဒီလူတွေကြားထဲမှာ ကိုတရုတ်တစ်ယောက်တည်းပဲ ဆံပင်မည်း
တယ်။

image
image source[https://ibb.co/iL8WGp]

ကိုတရုတ်က တစ်ရွာလုံး ဆံဖြူထဲမှာသူ
တစ်ယောက်တည်း ဆံပင်မည်းနေတဲ့အတွက်
သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဘူးတဲ့။ တစ်ရက်တော့ သူ့ရွာက ကွမ်းတောင်ကိုင်မလေးကို ရည်းစားစကား ပြောပါလေရော။ ရွာထိပ်က ရေကန်မှာ ရေလာ
ခပ်ချိန်ပေါ့။

image
https://ibb.co/mMd92U

”နှင်းမှုံ”

”ဘာတုန်း”

”ဖြည်းဖြည်းထူးပါ..ဟ၊ နင်ကလဲ လန့်လိုက်တာ”

”ကျုပ်ထူးတာက ပုံမှန်ပဲ၊ တော့်ဖာသာလန့်နေတာ
မတတ်နိုင်ဘူး”

”ဪ...အင်း...”

”ပြောလေ ကိုတရုတ်ရဲ့”

”ဒီ...ဒီလိုဟာ”

”အင်း”

”ငါ....ငါ...နင့်ကို ချစ်လို့”

”ဘာ!!!.....”

”ဖြည်းဖြည်းအော်ပါဟ နင်ကလဲ လန့်လိုက်တာ”

”အော်ရမယ်ရှင့် အော်ရမယ်။ ဒီမှာ ကိုတရုတ်”

”ဟုတ်...ပြောပါ”

”ရှင့်ကိုယ်ရှင်လဲပြန်ကြည့်အုံးလေ”

”ငါ...ငါ ဘာများမှားလို့လဲဟာ၊ အပျိုကိုလူပျိုက
ကြိုက်တာပဲကို”

”အဲ့ဒါပြောတာမဟုတ်ဘူးရှင့်၊ ရှင့်ခေါင်းကြီးကို
ပြန်ကြည့်အုံး”

ထိုအခါမှ ကိုတရုတ်လဲသဘောပေါက်သွားသည်။
ဟုတ်သား...တစ်ရွာလုံးခေါင်းဖြူဖြူဖွေးမှာ
သူတစ်ယောက်တည်း အမည်းကိုး...ဆံပင်က။

image
https://ibb.co/bJBwhU

”အဲ့ဒါဘာဖြစ်လဲဟာ၊ နင်ငါ့ကိုကြိုက်ရင် ပြီးတာပဲ၊ ဆံပင်မည်းပေမယ့် အသည်းကတော့ ဖြူပါတယ်ဟ”

ပြောရင်းမှနှင်းမှုံမျက်နှာလေးကို သေချာကြည့်မိ
သည်။ ရှင်မတောင်သနပ်ခါး ဝါညက်ညက်ကို
သစ်ရွက်ပုံပါးကွက်လေးကွက်ထားသည်။ ရွာထဲက
အလှကုန်သည် ဒေါ်ဘုမကြီးရောင်းသည့်
သုံးရာတန်နှုတ်ခမ်းနီ လေးဆိုးပြီး ဖြူဖွေးရှည်လျားသည့် ဆံပင်ကို တပတ်လျှိုဆံထုံးလေး ထုံးထား
သည်။

ဆံထုံးဘေးမှာတော့ ဘုန်းကြီးကျောင်းဝန်းထဲမှာ
ပေါက်နေသည့် တရုတ်စံကားပွင့်လေးပန်ထား
သည်။ အင်္ကျီ ကတော့ တလောက မြို့ကပြန်လာ
သည့် ချာလီ့ဆီက စပါးပေါ်ပေးနှင့်ဝယ်ထားသည့် ပုလဲရှန်အဖြူဝမ်းဆက်လေးနှင့် စွန်းလှနေသည်ကိုး။

အာ..ပါး..လှလိုက်တဲ့နှင်းမှုံလေးရယ်။

သူကလှနေပေမယ့် ရေးသူကျမမျက်စိထဲမှာ မုဆိုးမ
လေး မဂင်္ဂါကိုမြင်ယောင်နေမိသည်။ ထားပါ။

image
image source [https://ibb.co/bVibhU]

”အသည်းဖြူတာတွေ၊ နီတာတွေ လာမပြောနဲ့၊ ကျုပ်ကတော့ ကြိုက်ချင်းကြိုက် ကိုယ်လို ဆံပင်ဖြူတဲ့သူ ချင်းပဲကြိုက်မယ်၊ တော်လဲ ကျုပ်ကိုကြိုက်ချင်ရင် ဆံပင်ဖြူအောင်အရင်လုပ်”

”အချစ်မှာ ဆံပင်အရောင်ခွဲတာ သဘာဝမကျပါဘူးဟာ”

”အို...ကျုပ်ကတော့ခွဲတယ်။ သူများထက်ထူးခြား
ပြီး ရှင့်တစ်ယောက်တည်းကွက်မည်းနေတာ၊ အဲ့လိုလူမျိုးကို ချစ်သူမတော်နိုင်ဘူးရှင့်။”

ပြောပြောဆိုဆို နှင်းမှုံက ရေအိုးရွက်ထွက်သွား
သည်။ ကိုတရုတ်တစ်ယောက်သာ ကြက်ကြီးလည်လိမ်ထားသလို ရေတွင်းဘေးမှာ ငေါင်စင်းစင်းဖြင့် ကျန်ရစ်ခဲ့သည်။

နောက်တစ်နေ့မှစ၍ ကိုတရုတ်တစ်ယောက် ဗရုတ် ရွာမှ ပျောက်ချင်းမလှပျောက်သွားသည်။ ဒါကို သတိထားမိသူ နှစ်ဦးသာရှိသည်။ ထိုနှစ်ဦးကတော့ ကိုတရုတ်၏အမေနှင့် နှင်းမှုံ။

image
https://ibb.co/k61q99

နှင်းမှုံကတော့ နောက်ရက်ရေခပ်ချိန်မှာ ကိုတရုတ်များ ထပ်လာအုံးမလားမျှော်ရင်းနှင့်သတိထားမိ
ခြင်း ဖြစ်သည်။

တစ်ရက်...

နှစ်ရက်...

တစ်ပတ်...

တစ်လ...ကြာသောအခါ...

xxxxx xxxxx xxxxx

ကိုတရုတ်တစ်ယောက် အူမြူးနေသည်။ မြူးမှာ
ပေါ့။ သူချစ်သော နှင်းမှုံက သူ့ဆံပင်တွေမည်းနေ၍
ပြန်မချစ်နိုင်ပါဘူးဆိုပြီး ငြင်းလွှတ်လိုက်သည်ကိုး...။ ဒါ့ကြောင့်အသည်းတွေကွဲပြီး ရွာက ထွက်လာသည်။ အမေ့ကိုတော့ မြို့တက်အလုပ်လုပ်မည်ဟု ညာခဲ့သည်။

ရွာကထွက်ပြီးနောက် ခရီးသွားတစ်ဦးနှင့် မိတ်ဆွေ
ဖြစ်သွားသည်။ ဖြစ်ပုံက ထိုခရီးသည် တောထဲက အပြန် လမ်းခရီးတွင် အာဟာရပြတ်နေ၍ ကိုတရုတ်က ပါလာသည့်ထမင်းထုပ်လေးကို ကျွေးသည်။ ထိုထမင်းစားရ၍သာ ခရီးသည်ကြီးအသက်မသေခြင်း
ဖြစ်သည်။

ဖြစ်ချင်တော့ ထိုခရီးသည်ကြီးက ဆေးဆရာကြီး
တစ်ဦးဖြစ်နေသည်။ တောထဲ၌ဆေးမြစ်လှည့်ရှာ
ရင်း မျက်စိလည်ပြီး အာဟာရပြတ်နေခြင်းဖြစ်
သည်။ သူ့အသက်ကိုကယ်သူဆိုပြီး အကျိုး
အကြောင်းမေး၍ အကြောင်းစုံသိသွားသောအခါ
ဆေးဆရာကြီးလည်း သူတတ်သည့်ပညာဖြင့်
ဆေးဖော်ပေးလိုက်သည်။

image
https://ibb.co/gmAdwp

ယခု ထိုဆေးတန်ခိုးဖြင့် ကိုတရုတ်ခေါင်း
ဆွတ်ဆွတ်ဖွေးအောင် ဖြူလေပြီ။ ကိုတရုတ်လည်း အပျော်ကြီးပျော်ပြီး ရွာပြန်လာတော့သည်။
ရွာရောက်သော် အိမ်မဝင်အား...တဖတ်သတ်ချစ်သူ နှင်းမှုံတို့အိမ်သို့ အပြေးသွားမိသည်။ နှင်းမှုံကို
တွေ့သော်....

”ဟင်”

”ဟယ်”

”ဒါကဘယ်လိုဖြစ်တာတုန်း”

တစ်ဦးကိုတစ်ဦး အပြန်အလှန်မေးကြသည်။

နှင်းမှုံက... ”ဘာဖြစ်ရမှာတုန်းတော့...တော်လဲ ရွာကထွက်သွားရော ကျုပ်တို့ရွာမှာ မိုးတွေရွာတာမှ
အကြီးအကျယ်ပဲ။ အဲ့ဒီရွာတဲ့မိုးကြောင့် ကျုပ်တို့
တစ်ရွာလုံး ဆံပင်တွေ အကုန်ပြန်မည်းကုန်ပြီ။ အခု တော်တစ်ယောက်ထဲ ခေါင်းမွှေးဖြူကြီးဖြစ်နေတာ။ ကျုပ်ကိုချစ်တယ်ဆိုရင် ကျုပ်လို ဆံပင်မည်းအောင် လုပ်ပြီးမှ လာခဲ့...”

နှင်းမှုံစကားလဲဆုံးရော ကိုတရုတ်တစ်ယောက်
ကြူကြူပါအောင် ငိုနေလိုက်တာများ ခုချက်ချင်းကို
ရေကြီးတော့မယ့်အတိုင်း...။

image
https://ibb.co/d1UXNU

Author @nweoomon
MSC.265
22.9.2018

Sort:  

မိုးက ဆံပင်‌ဘဲ မည်းတာလားဟင်‌။ အသား‌ကော.....

အသားတော့ မမည်းပေးတော့ပါဘူး 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

💟💟💟💟💟

ရေးလည်း ရေးတတ်ပါပေ့
ရီရမလို ငိုရမလို
မိုးရွာတာနဲ့ ခေါင်းမွှေးမဲသကို😁😁😁

အာ့လိုဖစ်တွားတယ် 😁😁

အမလေး ရက်စက်လိုက်တဲ့မိုး
ပက်ပက်စက်စက်မိုး
ဒီတော့ ကိုတရုတ်က ဘယ်လိုလုပ်ရမှာလဲလို့

ဆံပင်ဖြူအောင်ပြန်လုပ်ပေါ့

အမျိုးမျိုးခိုင်း​နေတာ..
မည်းလိုက်
ဖြူလိုက်​နဲ့😂😂😂

ဟုတ်ပါ့ စိတ်ကူးတည့်ရာ ရေးရတာ

အယ်ပုံလေးတွေထည့်ထားတာ ရယ်စရာကောင်းတယ်

ဟုတ်ကဲ့ ကျမလဲလိုက်ဖက်တဲ့ပုံမတွေ့လို့ 😁😁

လူ့ အလိုနတ်မလိုက်နိုင်ဖြစ်နေပြီ အမျိုးမျိုးဘဲနော်

ဟုတ်ပါ့ သူဖြူရင် ကိုယ်အမည်းလေ

Congratulations @nweoomon! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the total payout received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steemit users. Learn why here!

🌹🌹🌹🌹🌹

ဟီးဟီး😁😁 ရေးတတ်ပါ့

ဟုတ် 😁😁

လူ့အကြိုက်​နတ်​မလိုက်​နိုင်​မဟုပ်​​တော့ဘူး
နှင်းမှူံအကြိုက်​ တရုပ်​မလိုက်​နိုင်​ဖစ်​သွားပြီ

ဟုတ်ပါ့ ခေါင်းစဉ်တောင်အဲ့နာမည်ပေးသင့်တယ်

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 63718.61
ETH 3390.60
USDT 1.00
SBD 2.62