MSC ရွာကလေး

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/sitdaattny-kny-khongmate-thanyapa-ssthayaupel-2

စည်းကမ်းမလိုက်နာနိုင်တဲ့ ရွာသူရွာသားတွေကတော့ ရွာပြင်မှာ အိမ်လေးတွေ ဟိုတစ်လုံး ဒီတစ်လုံးနဲ့ ရေကြည်ရာ မြတ်နုရာ နေထိုင်ကျတာပေါ့။ mscရွာက ထုတ်ပြန်ထားတဲ့ စည်းကမ်းဟာ အုပ်ချုပ်သူနဲ့ ရွာသူ ရွာသားရယ်လို့ မခွဲခြားဘဲ တပြေးညီတည်သတဲ့ကွယ်။ အတုယူစရာ မကောင်းဘူးလားရှင်။ ကျောသားရင်သား မခွဲခြားတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုနဲ့ နေလာလိုက်ကျတာ မြေဆီလွှာခန်းခြောက်မှုပြဿ နာနဲ့ ကြုံရပါလေရော။ ဒီလို ကြုံရတာဟာ msc တစ်ရွာထဲတော့ မဟုတ်ဘူးပေါ့ကွယ်။ စိုက်ပျိုးစားသောက်ကျတဲ့ ရွာတွေ အကုန်ပါသတဲ့။ ဘာကြောင့် မြေဆီလွှာခြောက်ခန်းရသလဲလို့ ဇစ်မြစ်ကို လိုက်တော့ ပလပ်စတစ်အမှိုက်တွေ မစင်မချင်စွန့်ပစ်မှုကြောင့်ပါတဲ့။ ဒါနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်မဲ့နည်းလမ်း ရှာကျတာပေါ့။ ဒါပေမဲ့ အချိန်တွေသာ ကုန်လာတယ် နည်းလမ်းကို မတွေ့ဘူးတဲ့ကွယ်။

IMG_20180922_230307.png
source

ရွာသူရွာသားတွေဟာ ငွေကြေးရရှိစေနိုင်တဲ့ တခြားနည်းလမ်းတွေကိုလည်း ရှာဖွေခဲ့ကျတယ်။ လေပြုတ်ကျတွေဖမ်းရင် ပိုက်ဆံရတယ်ဆိုပြီး တစ်ယောက်က လက်တို့လိုက်တာနဲ့ဝိုင်းရှာကျပါတယ်။ နည်း အမျိုးမျိုးနဲ့ရှာဖွေခဲ့ကျပေမဲ့ လုံလောက်အောင်မရခဲ့ကျဘူးတဲ့ကွယ်။ ဒါနဲ့ pivotဆိုတဲ့ ရွာလေးမှာ ရွှေထွက်တယ်ဆိုပြီး msc ရွာသားတွေဟာ ခရီးထွက်ခဲ့ကျပြန်တယ်။ ဒါပေမဲ့လည်း စရိတ်ထောင်းတာကလွဲရင် မျှော်လင့်ချက် မထားနိုင်ခဲ့ကျဘူးတဲ့။ နောက်ဆုံးတော့ ရွာလေးကို ပြန်လာပြီး ရှိတဲ့ မြေလေးမှာ ကိုယ်ကျွမ်းကျင်ရာ အပင်တွေကို စိုက်ပျိုးကျပြန်တယ်။ ထွက်တဲ့ သီးနှံတွေဟာ မြေဆီမြေနှစ် မပြည့်ဝတာကြောင့် အရည်အသွေးမကောင်းဘဲ ပိုက်ဆံနည်းနည်းသာရခဲ့ကျတယ်။ ဒီလိုနဲ့ msc ရွာသားတစ်ချို့လည်း ရွာမှာ မနေနိုင်ပြန်ဘဲ အပြင်ထွက်ရှာလိုက် ရွာပြန်လာလိုက်နဲ့ ရှာဖွေခဲ့ကျတာပေါ့။

IMG_20180922_230615.png
source

တစ်ချို့ရွာသားတွေဟာလည်း ရွာကို အပြီးစွန့်ခွာပြီး ရေကြည်ရာမြတ်နုရာ ထွက်ခွာသွားလိုက်ကျတာ ပြန်မလာတော့ဘူးတဲ့။ msc ရွာလေးဟာလည်း ဒီလိုနဲ့တဖြည်းဖြည်း လူဦးရေလျော့နည်းလာပါတော့တယ်။ အရင်က ခွဲတမ်းချပြီး စိုက်ပျိုးထွန်ယက်စေခဲ့တဲ့ လယ်မြေအကွက်ကြီး ၄ကွက်ဟာလည်း စိုက်ပျိုးသူ နည်းပါးသွားတဲ့အတွက် မြေလွတ်တွေ များလာသတဲ့။ နောက်ဆုံးတော့ msc ရွာမှ အမာခံရွာသားတွေဘဲ ကျန်ခဲ့တာပေါ့ကွယ်။ သူတို့တွေဟာ ပိုပြီးစည်းလုံးခြင်းနဲ့အတူ တစ်ယောက်နဲ့ တစ်ယောက်လည်း ဖေးမကူညီလာတက်တယ်။ စိတ်အခန့်မသင့်စေကာမူ မိသားစုစိတ်ဓာတ်နဲ့ တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွယ်လာကျတယ်။ ကျန်ရှိနေသေးတဲ့ လက်တစ်ဆုတ်စာ ရွာသူရွာသားတွေဟာ ရွာစားမင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ mscရွာလေးမှာ ဆက်လက်နေထိုင်သွားကျသတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိကျပါစေ။

@suhlaing
msc 175

Sort:  

ရွာစားမင်းရဲ့အုပ်ချုပ်မှုအောက်မှာ စည်းကမ်းတကျရှိနေပါတယ်

မှန်ပါ့ ညီမရေ

ကောင်းလိုက်တဲ့ပုံပြင်

နောက်လည်း ဆက်ရေးပါအုံးမယ် အန်တီ အားပေးပါအုံးရှင့်

အားပေးနေမယ်အမြဲပါသမီးရေ

ကျေးဇူးပါ အန်တီ

တစ်ရွာတည်း တစ်ရေတည်းသောက် ဆိုတော့လည်း
တစ်ဦးအကျိုး တစ်ဦး ပံ့ပိုးကြရမှာပေါ့ဗျာ

တလမ်းထဲနေ တခရီးတည်း သွားကျသူတွေ အချင်းချင်း နားလည်မှုကလည်း အဓိက မဟုတ်လား ကိုဟိန်းရေ

တစ်နေ့တော့ msc ရွာသားတွေ
ရင်ခုန်ပျော်ရွှင်ရမှာပေါ့ နော့ မတ်မတ်စုရယ်

အောင်မြင်ဖြစ်ထွန်းမဲ့ရက်ကို စောင့်မျှော်နေရတာဘဲ ဘထွေးရေ

မယ်စုနဲ့ မယ်ကြည် အိမ်ချင်းနီးတေနော်😁

ဟုတ်ပ မယ်ကြည်ရေ ပုံစံတူလေးဆောက်ထားကျတာ

အမှန်​ပါ...ပုံပြင်​နှင့်​ဥပမာ​ပေးသွားတာဖတ်​လို့အရမ်း​ကောင်းတယ်​....😊

ချီးကျူးတဲ့အတွက် ကျေးဇူးပါ ညီမရေ စာရေးဖို့အတွက် အားဆေးတွေပါဘဲ

ဒါ​ကြောင့်​မလို့လဲ ပိုက်​ဆံရခြင်းမရခြင်းထက်
MSCရွာ​လေးမှာ ​ပျော်​ရွင်​​နေကြလို့
ဒီရွာသား​တွေမြဲ​နေကြတာ​ပေါ့ 
စာ​ပေချစ်​သူများစု​ဝေးရာ
msc ရွာ

အမှန်ပါဘဲ ဦးယုရေ

MSC ရွာတဲ့ ကြားဖူးသလိုပဲနော

ခရီးလွန်နေလို့လား ဦးမင်း

ရွာထဲပဲဆက်နေရင်ကောင်းမလား ရွာပြင်ထွက်ရကောင်းမလား

သဘောရှိပါရှင့်

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58607.22
ETH 2616.94
USDT 1.00
SBD 2.43