How to Make Paper Wall Hanging

in #myanmar6 years ago

Paper Wall Hanging

img1537431880691.jpg

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​တစ်​ခုပြုလုပ်​လိုက်​ပါတယ်​။အစိမ်းနှင့်​အ၀ါ​ရောင်​နှစ်​မျိုးတည်းဖြင့်​ပြုလုပ်​ထားတာပါ။ပန်းပွင့်​များပြုလုပ်​ပြီး၊ဆက်​လက်​၍အရွက်​ပုံစံများ​ခေါက်​မယ်​။စက္ကူအလိပ်​များ​ခေါက်​ပြီး၊စက်​၀ိုင်းခြမ်းပုံစံကတ်​ထူတစ်​ရွက်​​ပေါ်စက္ကူအလိပ်​များ၊ပန်းပွင့်​များ၊သစ်​ရွက်​များဖြင့်​ပုံ​ဖော်​ပြုလုပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊အစိမ်းနှင့်​အ၀ါ​ရောင်​စာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊စသဖြင့်​လိုအပ်​ပါတယ်​။

img1537431937081.jpg

ပန်းပွင့်​များပြုလုပ်​ရန်​အ၀ါ​ရောင်​စာရွက်​ကို6cmပတ်​လည်​အလျား၊အနံတူညီစွာဖြတ်​ပြီး၊​ထောင့်​စွန်းမှ​ခေါက်​လိုက်​မယ်​။ထိုအခါတြိဂံပုံစက္ကူ​ခေါက်​ရလာမှာပါ။ပြီး​နောက်​ထိုစက္ကူ​ခေါက်​ကိုအညီအမျှပိုင်းသုံးပိုင်း​ခေါက်​လိုက်​တယ်​။ထို​ပေါ်မှာပုံဆွဲ၊ကတ်​​ကြေးဖြင့်​ဖြတ်​ပြီး၊စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ရင်​ပန်းပွင့်​ပုံစံများရလာမှာပါ။ထိုပန်းပွင့်​​တွေကိုအသုံးပြုပြီးပုံစံနှစ်​မျိုးပြုလုပ်​လိုက်​တယ်​။တစ်​ခုကပန်းပွင့်​​တွေကိုအထပ်​ထပ်​စီ​ကော်​ကပ်​ပြီးပန်းပွင့်​​လေးပွင့်​ပြုလုပ်​မှာပါ။ကျန်​ပန်းပွင့်​​တွေကိုဒီအတိုင်းထားတာပါ။

IMG_20180918_211652.jpg

IMG_20180918_212808.jpg

IMG_20180918_214249.jpg

အရွက်​ပြုလုပ်​ရန်​အစိမ်း​ရောင်​စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​ပြီး၊​ထောင့်​စွန့်း​မှတစ်​၀က်​တိတိဖြတ်​လိုက်​တယ်​။ပြီး​နောက်​တွန့်​​ခေါက်​၍အလယ်​မှ​ခေါက်​ချိုးကာ​ကော်​ကပ်​မယ်​။ထိုနည်းအတိုင်းစက္ကူသစ်​ရွက်​များပုံ​ဖော်​လိုက်​ပါတယ်​။

IMG_20180919_100158.jpg

ဆက်​လက်​ပြီးကတ်​ထူတစ်​ရွက်​နှင့်​အစိမ်း​ရောင်​စက္ကူအလိပ်​များ​ခေါက်​လိုက်​တယ်​။ပြီး​တော့စက်​၀ိုင်းခြမ်းပုံဖြစ်​​အောင်​ကတ်​ထူကိုဖြတ်​ပြီး​ကျောဘက်​မှာစက္ကူအလိပ်​​တွေကိုညီညာစွာအတိုအရှည်​ဖြစ်​​အောင်​​ကော်​ကပ်​လိုက်​တယ်​။ပြီး​တော့မှပန်းပွင့်​၊အရွက်​များကိုပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180919_100010.jpg

IMG_20180919_101947.jpg

img1537431779835.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှတယ် ယွန်း ပေးဘာ ယူမေ😍😍

ယူပါ...​ပေးပါ့မယ်​...😊😊😁

တိုက်မှာ wallpaper ကပ်ပြီး အပေါ်က ထပ်ကပ်ထားရင် လှမယ်နော်

double tapeသုံးပြီးဘယ်​လိုနံရံမဆိုလှမှာပါ...တံခါးနံရံ​တွေမှာလည်းကပ်​ထားလို့ရပါတယ်​....​ကျေးဇူးပါ...

ပန်းလေးတွေက လက်ရာမြောက်လိုက်တာ

ဟုတ်​ကဲ့...အ၀ါ​ရောင်​​လေးနဲ့ပုံ​ဖော်​ဖြစ်​တာပါ....​ကျေးဇူးပါ...

အဝါနဲ့အစိမ်း၊ ပန်းဆီနဲ့အပြာ အဲ့အရောင်စပ်ကို အရမ်းသဘောကျတာ

ဟုတ်​တယ်​...ဒီလိုအ​ရောင်​​တွေကအ​ရောင်​ချင်းကွဲပြာပြီးတွဲလိုက်​ရင်​လိုက်​ဖက်​တယ်​....

ပညာရှင်‌ပါဘဲဗျာ။‌လေးစားပါတယ်‌။

ကြိုးစားဆဲပါ...၀ါသနာရှင်​ပါ...ပညာရှင်​မဟုတ်​ရပါ...😀

ပန်းဝါဝါနဲ့ ဖူးတံအစိမ်း
လေယူရာတိမ်းမယောင်

ဟုတ်​ကဲ့...အစိမ်းနှင့်​အ၀ါ​ရောင်​နှစ်​မျိုးတည်းပြုလုပ်​ထားတာမို့...အား​ပေးလို့​ကျေးဇူးပါ

လှပပါသည်

ဟုတ်​ကဲ့...​ကျေးဇူးတင်​ပါတယ်​😊

အယ်​...ဒီဟာ​လေးကြ​တော့
အနုစိတ်​လိုက်​တာဟယ်
နင်​မလို့စိတ်​ကူး​ပေါ်တယ်

အဟီး...လက်​​တော့ဝင်​တယ်​...လှလှ​လေးဖြစ်​ချင်​​တော့😁

Woo.... really nice

Thanks for your support comment

ကာလာရွေးတာကောင်းတယ် အစိမ်းနဲ့အဝါ

ဟုတ်​ကဲ့...လိုက်​ဖက်​တဲ့အ​ရောင်​​တွေပါ...

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 62233.47
ETH 2998.30
USDT 1.00
SBD 3.50