မြန်မာလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်

in #myanmar6 years ago (edited)

ယနေ့ ကျွန်ပ်တို့ မြန်မာနိုင်ငံသည် အိပ်ပျော်နေရာမှ နိုးထလာသည့် ဒေါင်းပျိုမအလား မြူးကြွ ရွှင်လန်းစွာ တွန်သံကျူးနေပါပြီ။ ခေါင်းဆောင်ကောင်းများ၏ဦးဆောင်မှုဖြင့် မိမိတို့အမျိုးသားများ၏ အကျိုးစီးပွားကို တိုးတက်စေရန် ကဏ္ဍပေါင်းစုံမှ လူငယ်မျိုးဆက်သစ်များကို စုစည်းကာ ဘက်ပေါင်းစုံမှ အားထုတ်ကြိုးပမ်းနေကြသည့် အခါသမယပင် ဖြစ်ပါသည်။ ထို့အတူ Myanmar Steemit Community (MSC) ကလည်း မိမိတို့တတ်စွမ်းနိုင်သည့် တစ်ထောင့်တစ်နေရာမှ အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် Steemit တွင် မြန်မာလူငယ်များ၏ စာပေအရေးအသားကို တိုးတက်အောင် လစဉ် စာပေအကောင်းဆုံးရေးသားနိုင်သူ (Best Writer) ပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။ ထိုက်တန်သည့် ဆုလာဘ်များကို ချီးမြှင့်ပေးခြင်းဖြင့်လည်း ပြိုင်ပွဲဝင်သူများ၏ စိတ်ဝင်စားမှုကိုသာမက စာပေအရေးအသား လက်ရာများကိုပါ တိုးတက်စေခဲ့ပါသည်။ ယခု မတ်လအတွက် Best Writer ပြိုင်ပွဲခေါင်းစဉ်ကတော့ “ မြန်မာလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် “ ဖြစ်ပါသည်။

image.png

Image Credit - Original Source


မူးယစ်ဆေးဝါးဆိုသည်မှာ ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားသောအခါ ဦးနှောက်နဲ့ဗဟိုအာရုံကြောစနစ်ကို ထိခိုက် ထုံထိုင်း ပျက်စီးစေသော ဆေးဝါးတစ်မျိုး ဖြစ်ပါသည်။ ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်သော်လည်း ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် အန္တရာယ်ဖြစ်စေသည့် အာနိသင် ရှိပုံချင်းကတော့ အတူတူပင် ဖြစ်ပါသည်။ ဥပမာတစ်ခုတင်ပြရလျှင် ဘိန်းဖြူသည် ဘိန်းကို အခြေခံပြီး ဆာလ်ဖျူရစ်အက်ဆစ်အပြင်းများ၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်အပြင်းများ စသည့် ဓာတုပစ္စည်းများဖြင့် ချက်လုပ်ရာမှ ရရှိသော ပစ္စည်းဖြစ်ပါသည်။ ၄င်းကို စီးကရက်ထဲတွင် ထည့်၍လည်းကောင်း၊ အမှုန့်ကို နှာခေါင်းထဲသို့ ထည့်၍လည်းကောင်း၊ အကြောထဲသို့ ထိုးသွင်း၍လည်းကောင်း၊ မီးရှို့ပြီး ထွက်ရှိလာသည့် အငွေ့ကို ရှူရှိုက်၍လည်းကောင်း သုံးစွဲကြပါသည်။ ပထမသုံးစွဲကာစတွင် မည်သည့်ဆိုးကျိုးအာနိသင်မှ မရှိသော်လည်း တစ်နှစ် နှစ်နှစ် ကြာသောအခါ ခန္ဓာကိုယ်ထဲတွင်ရှိသော အရိုးများဆွေးမြည့်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း ဖြစ်ပေါ်လာကာ လူ၏ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် အန္တရာယ်ပေးပါတော့သည်။

image.png

Image Credit - Original Source


ယနေ့ မြန်မာနိုင်ငံတွင် ပျံ့နှံ့မှုအား အကောင်းဆုံးနှင့် အန္တရာယ်အများဆုံး မူးယစ်ဆေးဝါးက သုံးစွဲသူများက အသီးဟု နာမည်ပေးထားသော WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါး ဖြစ်ပါသည်။ စိတ်ဓာတ်တက်ကြွစေသည့် Amphetamines ဓာတ်ကြောင့် စိတ်ဓာတ်တက်ကြွစွာ အလုပ်လုပ်နိုင်ပြီး သုံး လေးရက် ဆက်တိုက် မအိပ်ဘဲ နေနိုင်သွားပါသည်။ သို့သော်လည်း ခန္ဓာကိုယ်ရော စိတ်ကပါ သာမန်လူထက် နှစ်ဆပိုမိုအားအင်ထုတ်ရသောကြောင့် ကြာလာသောအခါ ၄င်းဒဏ်ကို မခံစားနိုင်တော့ဘဲ ရူးသွပ်သွားရပါသည်။

Image Credit - original source


ဟုတ်ပါသည်။ မူးယစ်ဆေးဝါးသည် ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုမိုဖြစ်ပေါ်စေသော ဆေးဝါးဖြစ်ပါသည်။ လူငယ်များသည် မူးယစ်ဆေးဝါးများကို သုံးစွဲပါက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စွဲလန်းမှုများ၊ စိတ်ပိုင်းဆိုင်ရာ စွဲလန်းမှုများ ဖြစ်ပေါ်လာပါသည်။ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးသည် သတ်မှတ်ထားသည့် အချိန်တစ်ခုကို ရောက်လာပြီး မူးယစ်ဆေးဝါးကို မသုံးစွဲရပါက ၄င်း၏ခန္ဓာကိုယ်တွင် withdrawal signs ဟု ခေါ်သော ဆေးပြတ်သော လက္ခဏာများ ဖြစ်ပေါ်လာပါသည်။ သမ်းဝေခြင်း၊ ချွေးစေးများ ကျဆင်းလာခြင်း၊ ခန္ဓာကိုယ်ယားယံလာခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲလာခြင်းဖြစ်ပေါ်လာပါသည်။ အချိန်တန်လျှင် မူးယစ်ဆေးဝါးကိုသာ သုံးစွဲချင်နေသော စိတ်၏စွဲလန်းမှုကလည်း မထိန်းနိုင် မသိမ်းနိုင် ဖြစ်ပေါ်လာပါသည်။

image.png

Image Credit - Original Source

၎င်းအာနိသင်များသည် လူငယ်များအတွက် ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေပါသည်။ သူတို့အတွက်တော့ မူးယစ်ဆေးဝါးကို မဖြစ်မနေသုံးနိုင်ရန်သာ အရေးကြီးပါတော့သည်။ မူးယစ်ဆေးဝါးဝယ်ယူနိုင်ရန် ငွေကို မဖြစ်ဖြစ်သည့်နည်းဖြင့် ရှာဖွေပါတော့သည်။ မိဘညီအစ်ကို မောင်နှမများကို ရန်ပြုခြင်း၊ ဒုစရိုက်မှုများတွင် ပါဝင်ပတ်သတ်ခြင်းများ လုပ်ဆောင်မိသွားပါသည်။ မိမိစိတ်သွားတိုင်း ကိုယ်ပါနေသည့် ဘ၀မှ မူးယစ်ဆေးဝါးက ကြိုးဆွဲသည့်အတိုင်းလိုက်လံလုပ်ဆောင်ရသည့် ရုပ်သေးရုပ်ဘ၀သို့ ကျရောက်သွားရပါသည်။ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်နဲ့ကိုယ် မကပ်သည့် အပြုအမူများကြောင့် ၄င်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍများတွင် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့လာရပါသည်။ နောက်ဆုံးတွင် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်ကာ အသက်အန္တရာယ်ထိခိုက်သည့်အထိပါ ကြုံတွေ့လာရပါသည်။


Image credit - Original Source

၂၀၁၇ခုနှစ် World Drug Report အရ ယနေ့မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့ဒေသအသီးသီးတွင် များစွာသော အန္တရာယ်ကို ယူဆောင်လာပါသည်။ ကျန်းမာရေးကဏ္ဍ၊ လူမူရေးနှင့် လုံခြုံရေးကဏ္ဍများတွင်ပါ ဆိုးရွားစွာ ပျက်စီးဆုံးရှုံးစေခဲ့ပါသည်။ ကမ္ဘာ့လူဦးရေ၏ ၅ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးကို အနည်းဆုံးတစ်ကြိမ်သုံးစွဲသူများဖြစ်ပြီး ၄င်းတို့အထဲမှ ၂၉.၅သန်းကျော်မှာ မူးယစ်ဆေးဝါးစွဲလန်းနေသူများ ဖြစ်ကြပါသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးမှုပေါင်း ၁သိန်း ၉သောင်းထက်မနည်းရှိပြီး ကျန်းမာရေးကဏ္ဍတွင်လည်း HIV ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုးနှင့် တီဘီရောဂါပျံ့နှံ့မှု စသည့် ကြောက်မက်ဖွယ်ရာ ဆိုးကျိုးသက်ရောက်မှုများသည် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဆက်စပ်လျက် ရှိနေပါသည်။


Image Credit -Original source

ထိုသို့ အန္တရာယ်သာ ဖြစ်ပေါ်စေသော မူးယစ်ဆေးဝါးကို လူငယ်များက အဘယ်ကြောင့် သုံးစွဲသနည်းဟု မေးမြန်းစရာ ဖြစ်လာပါသည်။ တစ်ရာတွင် ကိုးဆယ်သော လူငယ်များသည် လက်တည့်စမ်းရာမှ မူးယစ်ဆေးဝါးကို အံမတုနိုင်တော့ဘဲ အရှုံးပေးလိုက်ရသူများ ဖြစ်ကြပါသည်။ လူငယ်သဘာဝ ကြက်သားကာလသားဟင်းချက်စားရာတွင် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သော ဆေးခြောက်ကို ထည့်ချက်ကြသည်။ သူငယ်ချင်းအပေါင်းအသင်းများက သွေးဆောင်သဖြင့် ဆေးလိပ်တွင် ဘိန်းဖြူကို ထည့်သောက်ကြသည်။ ပထမတွင် အပျော်သဘောဖြစ်သော်လည်း နောက်ပိုင်းတွင် ပျက်စီးသွားပြီး မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သွားပါသည်။


image.png

Image Credit - Original source

အတိုချုပ်ပြောရမည်ဆိုလျှင် မူးယစ်ဆေးဝါးသည် မဖွံ့ဖြိုးသေးသောနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပါ ခြိမ်းခြောက်နေသော အန္တရာယ်တစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် တက်သစ်စလူငယ်များကို အညွန့်ချိုးလိုက်သကဲ့သို့ ဖြစ်သွားစေသည့် အန္တရာယ်ကပ်ဘေးဆိုးကြီးပင် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ကုလသမဂ္ဂ၊ UNODC စသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်များ ချမှတ်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို အစွမ်းကုန်တိုက်ဖျက်တားဆီးသည့်နည်းတူ လူငယ်များကလည်း မူးယစ်ဆေးဝါးမသုံးစွဲဖြစ်အောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မိမိပတ်ဝန်းကျင်ရှိ မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးသည့် ပြပွဲ၊ ပြိုင်ပွဲများတွင် ပူးပေါင်းပါဝင်ခြင်း၊ မူးယစ်ဆေးဝါး၏သားကောင်ဘ၀သို့ ကျရောက်နေသော သူငယ်ချင်းများကို ဖေးမကူညီပြီး ၄င်းတို့၏အဖြစ်ဆိုးမှ လွတ်မြောက်အောင် ကူညီပေးခြင်းတို့ဖြင့် မြန်မာလူငယ်များနှင့် မူးယစ်ဆေးဝါးကို ဆီနှင့်ရေပမာ ဆက်စပ်၍ မရနိုင်အောင် ကဏ္ဍပေါင်းစုံမှ ကြိုးစားဆောင်ရွက်သင့်ပါကြောင်း အကြံပြုရင်း ဤစာကို နိဂုံးချုပ်လိုက်ရပါသည်။

@sawlwin

MSC -176

Sort:  

ပြည့်စုံပြီးတကယ်ကောင်းတဲ့ပို့စ်လေးပါ ကိုစောရေ။ ဆုရပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

ကျေးဇူးတင်ပါတယ် မဇင်

မူးယစ်နှင့်ပတ်သက်လို့ကတော့ အရက်ဘီယာ တခါတလေ
သောက်တတ်တာလေး ရှိပါတယ်။ ဆေးဝါးကတော့
မျက်စိဖြင့် တပ်အပ် မမြင်ဖူးသေးပါဘူး။ မူးယစ်ဆေးဝါး
အန္တရာယ်ကို ဆောင်းပါး ရေးသည့် ကိုစောလွင် ဆုရပါစေ။

ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်

Hello sawlwin!

Congratulations! This post has been randomly Resteemed! For a chance to get more of your content resteemed join the Steem Engine Team

Many thanks for your support @resteemsupport !

You have been defended with a 11.33% upvote!
I was summoned by @sawlwin.

ဆုရနိုင်တဲ့ လက်ရာပါခင်ဗျ။

ကျေးဇူးတင်ပါတယ်ဗျာ

အရမ်းကောင်းတယ် ကိုစော
ရေးထားတာအတော်ကောင်းတယ်ဗျာ ကျွန်တော်တော့
အားပေးခဲ့တယ် ဆုရပါစေဗျာ

အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

This post has received a 14.29% UpGoat from @shares. Send at least 0.1 SBD to @shares with a post link in the memo field.

Interested to earn daily? Delegate Steem Power to receive 95% payout rewards. Use this link https://on.king.net/shares to delegate SP to @Shares. Join us at https://steemchat.com/ discord chat.

Support my owner. Please vote @Yehey as Witness - simply click and vote.

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 1.98% upvote!
I was summoned by @sawlwin. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ဂွတ်​ဒယ်​ကွာ ပြည့်​ပြည့်​စုံစုံ​ရေးထားတာ ပဲ ဆုရရင်​ မုန့်​​ကျွေး​ပေ​တော့ 😊

သူငယ်ချင်းရေးတာနဲ့ယှဉ်ရင် မပြည့်စုံသလို ဖြစ်နေပါတယ် ငါ့သူငယ်ချင်းလည်း ဆုရပါစေကွာ

You got a 8.62% upvote from @sunrawhale courtesy of @sawlwin!

This service has been created with the help of @yabapmatt so please show your support by voting for him for witness!

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 71005.71
ETH 3788.87
USDT 1.00
SBD 3.47