Meditation For Mindfulness (3)

in #myanmar6 years ago (edited)

part 1
part 2

FB_IMG_1524973561560.jpg

သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ ၊ စိတ်နှလုံးအေးချမ်းကြပါစေ ၊ စာဖတ်သူမိတ်ဆွေလည်း စိတ်ရွှင်လန်းချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ။
ဝင်လေထွက်လေ သတိထားတာနဲ့ ပက်သက်ပြီး ဒီနေ့ အနည်းငယ်ထပ်တင်ပြဆွေးနွေးပါမယ်။ ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်း စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း သင်ခန်းစာ ပို့ချနည်းအတိုင်း ဆွေးနွေးမှာပါ။တစ်ချို့ပါဠိစကားလုံးတွေကို မဖော်ပြတော့ပါဘူး။ တစ်ချို့လူငယ်တွေက ပါဠိမြင်ရင်ဘာသာရေးကိုဘဲဦးတည်သတ်မှတ်လေ့ရှိတော့ သိပ်အသုံးမပြုတော့ပါဘူး။ အပိုင်း(2)မှာ တင်ပြခဲ့တဲ့ နည်းအတိုင်း လုပ်ကြည့်လို့ အဆင်မပြေတဲ့သူတွေအတွက် ပိုလွယ်အောင် လုပ်ရတာ အဆင်ပြေအောင် ဒီနေ့ ဝင်လေထွက်လေမှတ်နည်း တစ်မျိုးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီနည်းရဲ့ရာဇဝင်ကို ရေးရင် postတစ်ခုစာလောက်ရှိတဲ့အတွက် မတင်ပြတော့ပါဘူး။ မှတ်နည်းကိုဘဲ ဦးစားပေးပြောချင်လို့ ထားခဲ့ပါရစေ။ နည်းစနစ်ကိုမပြောခင် ခြေဆင်းလေးအနည်းငယ်ပြောပါရစေ။ကျွန်တော်တို့ မြန်မာစကားပုံရှိပါတယ်။ သစ်မရခင် ဝါဖောင်းကွပ် ၊ဘုရားပြီး ငြမ်းဖျက် ဆိုတဲ့စကားပုံတွေမှာ ကိုယ်လိုချင်တာမရခင် အကူတွေနဲ့လုပ်ကိုင်ရပါတယ်။

images (13).jpeg
crd.org.source

ထိုနည်းအတိုင်းဘဲ မိတ်ဆွေတို့ Meditation လုပ်တဲ့နေရာမှာ အခက်အခဲမဖြစ်စေရန် အဖော်ထည့်ပေးမှာဖြစ်ပါတယ်။ ခရီးတစ်ခုခုသွားရင် အဖော် ဒါမှမဟုတ် ခရီးသွားလမ်းညွှန် ထည့်ပေးတဲ့သဘောပေါ့။ မိတ်ဆွေ သွားချင်တဲ့နေရာရောက်ရင်တော့ ခရီးသွားလမ်းညွှန်ကို ပြန်လွှတ်လိုက်ရင် ပြီးသာပါဘဲ။ စိတ်ဆိုတဲ့သဘောက အငြိမ်နေတတ်တဲ့ အရာမဟုတ်။ သူ့ကို တစ်နေရာထဲမှာ နေပါဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါ။ မျောက်တစ်ကောင်ကို ငြိမ်ငြိမ်နေခိုင်းတာထက်ပိုဆိုးပါတယ်။ လူကြီးတွေကို ဆေးတိုက်ရင် ဆေးပေးလိုက်ရင်ရပေမယ့် ခလေးတွေကို ဆေးတိုက်ရင် ဆေးထိုးရင် တစ်ယောက်ယောက်က ချုပ်ကိုင်ပြီး ဆေးတိုက်ရ ဆေးထိုးရ လုပ်ရပါတယ်။ အဓိက က ဆေး ဝင်ဘို့ အရေးကြီးပါတယ်။ နောက်ဥပမာတစ်ခု ထပ်ပြောပါမယ်။ တစ်ချို့ ကလေးငယ်ငယ်တွေဟာ ထမင်းခွံ့ရတာ တော်တော်မလွယ်ပါ။ တစ်လုပ်ကျွေးဘို့ မနည်းကျွေးနေရတာရှိတယ်။ တစ်ချို့ဆို ပတ်ပြေးပြီးတော့မှ နောက်တစ်လုပ်ကို လာစားတယ်။ မိဘတွေက ကာတွန်းကားလေးပြပြီး တီဗွီရှေ့မှာကျွေးတော့မှအဆင်ပြေကြတော့တယ်။ ကျွန်တော့်သားသမီးတွေဆို သူတို့မကြိုက်တာကို ဒီအတိုင်းကျွေးရင် မစားကြဘူး။ တီဗွီဖွင့်ထားပြီး ခွံကျွေးရင်တော့ ဘာကျွေးကျွေးစားတယ်။အခုကျွန်တော်ပြောပြမယ့် နည်းက အထက်ပြောတဲ့ အကြောင်းအရာတွေလို ခက်ခဲတာကို လွယ်စေပါတယ်။

download (4).jpeg

crd.org.source

ပထမဦးစွာ မနေ့ကပြောခဲ့တဲ့အတိုင်း ခါးကိုမတ်မတ်ထား တပလ္လင်ခွေ ထိုင်ပါ့မယ်။ မျက်လုံးကို ဖြေးညှင်းစွာပိတ်ထားပေးပါ။ ညာဘက်လက်ကောက်ဝတ်က ညာဒူးပေါ်တင်ထားသလို ဘယ်လက်ကောက်ဝတ်က ဘယ်ဒူးပေါ်တင်ထားပေးပါ။ မနေ့က အပိုင်း(2)ကို တစ်ခေါက်လောက် ပြန်ဖတ်ပေးရင် ဝင်လေထွက်လေ မှတ်ပုံမှတ်နည်းရဲ့လိုရင်းကို သတိထားမိမှာပါ။မိမိရဲ့စိတ်ကို နှာခေါင်းဝမှာ အာရုံညွှတ်ထားပြီး လေဝင်လေထွက်ကို သတိကပ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကျွန်တော် အဖော်ထည့်ပေးပါတော့မယ်။ ဝင်လေထွက်လေတစ်စုံကို စိတ်ထဲက တစ်လို့မှတ်ပါ။ နောက်ဝင်လေထွက်လေတစ်စုံကို နှစ်လို့ မှတ်ပါ။ နောက်ဝင်ထွက်တစ်စုံကိုသုံး လို့မှတ်ပါ။ ထိုနည်းအတိုင်း ရှစ်ထိ စိတ်ထဲက မှတ်ပေးပါ။ ရှစ်ပြည့်သွားရင် ညာဘက် လက်မလေး ချိုးထားလိုက်ပါ။ ဒီလိုဘဲ ဝင်လေထွက်လေတစ်စုံတိုင်းကို ရှစ်ထိ စိတ်ထဲကမှတ် ရှစ်ပြည့်ရင် ညာလက်ညိုးလေးချိုးထားလိုက်ပါ။ထိုနည်းအတိုင်း တစ်ချောင်းပြီးတစ်ချောင်းသွားပါမယ်၊ညာငါးချောင်းပြည့်ရင် ဘယ်ငါးချောင်းချိုးသွားပါ့မယ်။ ဒီနေရာမှာဘာကိုသတိထားရမလဲဆိုတော့ စိတ်ထဲကမှတ်နေတဲ့ နံပါတ်စဉ်ဟာ ရှစ်ကျော်သွားရင် လည်းကောင်း ဘယ်ရောက်မှန်းမသိဇဝေဇဝါဖြစ်နေရင် လည်းကောင်း စိတ်ထဲကမှတ်ထားတဲ့ အရေအတွက်ကို ဖျောက်ပစ်လိုက်ပါ။ မရေတွက်ဘဲ အသစ်က ပြန်စမှတ်ပါ။ လက်ချိုးထားတာတော့ ဖျောက်စရာမလိုပါဘူး။ ဆိုလိုတာက မှတ်ချင်ရာမှတ် ဂဏန်းစဉ်ဘယ်ရောက်မှန်းမသိ လက်ချောင်းတွေလိုက်ချိုးနေရင် အလကားဘဲလေ။ ဝင်လေထွက်လေနဲ့ ဂဏန်းစဉ်ပေါ်မှာတော့ အာရုံကပ်ထားရမယ်။ အပြင်ထွက်လေ့ရှိတဲ့ ခလေးကို စာလုပ်ခိုင်းတဲ့သဘောပေါ့။ စာလုပ်နေရတော့ အပြင်ထွက်မရတော့ဘူးပေါ့။
အထက်ပါနည်းအတိုင်းမှတ်လို့ လက်၁၀ချောင်းလုံး ချိုးပြီးရင် ညာဘက်လက်ကောက်ဝတ်မှာ စိတ်ထဲက တစ်ပုံ ပုံထားလိုက်ပါ။ နောက် ဝင်လေထွက်လေတစ်စုံတိုင်း ရှစ်ပြည့်တိုင် လက်တစ်ချောင်းချိုးပါ။ လက်ချိုးတာ၁၀ချောင်း ပြည့်ရင် ညာတံတောင်ဆစ်မှာစိတ်မှန်း ပို့ပါ။ နောက် ၁၀ချောင်းပြည့်ရင် ညာပုခုံး ၊နောက် ညာနားရွက် ၊ နောက် ညာချိုစောင်း ၊ဘယ်ချိုစောင်း ၊ ဘယ်နားရွက် ၊ ဘယ်ပုခုံး ၊ ဘယ်တံတောင်ဆစ် ၊ ဘယ်လက်ကောက်ဝတ် အစရှိသဖြင် အစဉ်လိုက် စိတ်ထဲမှန်းပုံသွားရုံပါဘဲ။ ကျွန်တော်တို့ စတင်ပြီး meditation လုပ်ရင် ၅မိနစ် ၁၀ မိနစ်လောက်ဆို ဖြုတ်ချင်နေပြီ၊ မထိုင်နိုင်ဘူး။ ထို၅မိနစ်လောက်ကို စိတ်က ဟိုရောက်ဒီရောက်။ မျက်လုံးက နာရီကို ခိုးကြည့်နေပြီ။ တစ်ခါနှစ်ခါထိုင်တယ် ထိုအဆင့်ကိုမကျော်နိုင်တော့ နောက်ဆို meditationလုပ်ဘို့ စိတ်မဝင်စားချင်တော့ဘူး။ ပထမအဆင့်မှာတင် မကျော်နိုင်ဖြစ်ပြီး လန့်သွားကြတာ။ မထိုင်နိုင်တာကို တစ်နာရီထိုင်ခိုင်းတော့ လူငယ်တွေပြေးပြီပေါ့။ ကျွန်တော်ပြောတဲ့နည်းနဲ့လုပ်ကြည့်ပါ နာရီဝက်ဆိုတာ ခဏလေးလို့ ထင်ရစေမယ်။ အထက်ပါနည်းအတိုင်း ညာလက်ကောက်ဝတ်ကနေ ဘယ်လက်ကောက်ဝတ်ထိ တစ်ပတ် ပတ်မိရင် တစ်နာရီဝန်းကျင်ရတယ်။ လူဆိုတဲ့သဘောက နည်းနည်းကြာကြာထိုင်နိုင်လေ ယုံကြည်မှုလည်းတိုးလာစေတယ်။ ဆက်ထိုင်ဘို့ တွန်းအားလည်း ဖြစ်စေပါတယ်။ ထိုနည်းက ဝိတက်များတဲ့သူတွေ၊ အတွေးများတဲ့သူတွေ နဲ့ပိုသင့်တော်တယ်။ တကယ်တမ်း ဒီခေတ်မှာ လူလာဖြစ်တဲ့သူတိုင်း ထိုနည်းနဲ့သင့်တော်ပါတယ်။ မြင်နိုင်တဲ့ဘာဝနာဉာဏ်ကလည်း နည်းပါးတယ်လေ။ထိုနည်းနဲ့ စိတ်တည်ငြိမ်မှု ထိန်းချုပ်မှုကို တည်ဆောက်ရမှာပါ။ တရားအသိ ၊တရားအကျင့်ပက်သက်ပြီး လူကြီးအဆင့်ဆိုရင် မနေ့ကတင်ပြခဲ့တဲ့ အပိုင်း(2) အတိုင်း လေ့ကျင့်ပါ။ ကိုယ်ကခလေးအဆင့်လောက်ဆိုရင် အထက်ပါနည်းနဲ့ လုပ်ကြည့်ပါ။ ဘယ်နည်းနဲ့လုပ်လုပ် လုပ်ဖြစ်ဘို့က အဓိကပါ။ စမ်းကြည့်ပါ ဘယ်နည်းက ကိုယ့်အတွက် ပိုအဆင်ပြေစေလည်းဆိုတာ။ နောက်နေ့တွေမှာ step by step ဆက်လက်တင်ပြသွားပါ့မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Follow the river and you will find out the sea.
ကျမ်းကိုး - ဒဿနပါရဂူကျမ်း(ဓမ္မာစရိယဦးဌေးလှိုင်)
MSC-228
@mahaw

Sort:  

You got a 4.33% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

အခုချိန်​ထိ​တော့နာရီဝက်​​တောင်​မထိုင်​နိုင်​​သေးပါဘူးရှင်

စမ်းကြည့်ပါ မအိ ၊ထိုနည်းနဲ့လုပ်ရင် နာရီဝက်ကို လုပ်နိုင်ပါတယ်။

ပတ်ပြေးနေအုံးမယ်ဗျာ

ဟုတ်ကဲ့ပါဗျာ။

Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 150 posts. Your next target is to reach 200 posts.
You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Meet the Steemians Contest - The results, the winners and the prizes
Meet the Steemians Contest - Special attendees revealed
Meet the Steemians Contest - Intermediate results

Support SteemitBoard's project! Vote for its witness and get one more award!

Thank you very much.

ဒီလိုတရားထိုင်နည်းနဲ့ ပတ်သက်တာလေးတွေကို လွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် အကိုးအကားလေးတွေနဲ့ တင်ပြပေးထားတာ ကောင်းမွန်လှပါတယ်အစ်ကို။တရားအလှူဟာ တရားအသိတွေပေးလှူမျှဝေတာဖြစ်တဲ့အတွက် အမြတ်ဆုံးအလှူဒါနလေးတစ်ခုပဲဖြစ်ပါတယ်အစ်ကို။

ကိုယ့်စိတ်ကိုအားပေးရာလည်းရောက်အောင် ၊စာလည်းရေး ကုသိုလ်လည်းရအောင် အပိုင်းဆက်ရေးမယ်လို့ စိတ်ကူးထားတယ် ။ကျေးဇူးပါကိုသန့်။

ဒီနည်းကို မသိသေးဘူး ကျေးဇူးပါဗျာ

Posted using Partiko Android

ကန္နီနည်း ၊မောင်းထောင်ေ မြဇင်းတောရနည်းလို့ ခေါ်ကြတယ်။ ဗောဓိအေးငြိမ်းရိပ်သာပြီး လှည်းကူး ၊မှော်ဘီတို့မှာလည်း ရိပ်သာတွေရှိတယ်ကိုစော။

ကျေးဇူးပါ မျှဝေပေးတာကို

Posted using Partiko Android

ပိုလွယ်​ကူ​သောနည်းလမ်း၊ဥပမာနဲ့​ပြောပြ​တော့​ကောင်းပါတယ်​....

Posted using Partiko Android

ကိုယ်​​တွေ​တော့ အ​တွေးသွားရာလိုက်​တာ ​နေရာကိုစုံ​နေ​အောင်​​ရောက်​တယ်​ 😁😁

Posted using Partiko Android

နည်းစနစ် တစ်ခု သိရလို့ ကျေးဇူးပါ ကိုမဟော်

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63342.09
ETH 2658.68
USDT 1.00
SBD 2.81