Meditation For Mindfulness (2)

in #myanmar6 years ago

FB_IMG_1524973561560.jpg

သတ္တဝါအားလုံး ကျန်းမာပါစေ ချမ်းသားပါစေ ၊ စိတ်နှလုံး အေးချမ်းပါစေ အေးချမ်းပါစေ အေးချမ်းပါစေ။
ကျွန်တော် Medidation နဲ့ပက်သက်ပြီး လက်တွေ့ပိုင်းကို အနည်းငယ်တင်ပြဆွေးနွေးပါမယ်။ Meditation ကို လုပ်မယ်ုသူဟာ စိတ်ဟာ အထိုက်အလျောက်တော့ လန်းဆန်းနေဘို့လိုပါတယ်။ ဘယ်ပညာရပ်မဆို သင်ယူတဲ့နေရာမှာ စိတ်က လန်းဆန်းတက်ကြွမှု မရှိရင် စုပ်ယူမှုအပိုင်း အားနည်းစေပါတယ်၊ ဘာမှထူးခြားမှုမဖြစ်ရင် ယုံကြည်မှု လျော့နည်းစေပါတယ်။ ဒါကြောင့် ပထမဆုံးလုပ်ရပ် ပထမဆုံးလေ့ကျင့်ခန်း ပထမဆုံးအချိန်ဟာရေးကြီးပါတယ်။ ဖြစ်နိုင်ရင် ရေချိုးထားလိုက်ပါ။ အဝတ်အစားလေးကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်ပါ။ ပြီးရင် တိတ်ဆိတ်တဲ့နေရာ လိုအပ်ပါတယ်။ တိတ်ဆိတ်တယ်ဆိုတာ ဘာသံမှမကြားနိုင်လောက်တဲ့ပုံစုံမဟုတ်ပါဘူး၊ အထိုက်အလျောက်ဆူညံမှုကင်းရင်ရပါတယ်။ Meditate လုပ်တော့မယ်ဆိုရင် ကိုယ်ကြာကြာထိုင်နိုင်မယ့် ပုံစံမျိုးနဲ့ထိုင်ပါ၊ ခါးကိုမတ်မတ်ထားဘို့အရေးကြီးပါတယ်။ ခါးကိုမတ်မတ်ထားမှ ကြာကြာထိုင်နိုင်မှာလည်းဖြစ်ပါတယ်။ အရမ်းကြီးလည်း ကော့ပြီးမတ်နေဘို့ မလိုပါဘူး။ သက်တောင့်သက်သာဖြစ်စေတဲ့ထိုင်ခြင်းမျိုးနဲ့ထိုင်ပါ။ ဒီနေ့ ဝင်လေ ထွက်လေ သင်ခန်းစာကို သွားပါ့မယ်။ နည်းနည်းလေးဘဲသင်မှာပါ။ ဝင်လေထွက်လေမှတ်နည်းအများကြီးရှိပေမယ့် မိတ်ဆွေတို့နဲ့သင့်တော်မယ့် နည်းကို အခြေခံသင်ပြပါ့မယ်။ မှတ်တတ်သွားရင် ဘယ်နည်းမဆို ဘယ်အချိန်မဆိုဘယ်နေရာမဆို ဘယ်ပုံစံမဆို မှတ်တတ်သွားပါပြီ။ အဓိက က အခြေံသဘောတရားကို နားလည်ဘို့ပါ။ နည်းအားလုံးဟာ စိတ်တည်ငြိမ်နေဘို့ အဓိက ပါဘဲ။

what-is-mindfulness-02.jpg

crd.org.source

ပထမဦးဆုံး မိတ်ဆွေတို့ မျက်လုံးလေးကို မှိတ်ထားပေးပါ။ ပုံမှန်မျက်လွှာချတဲ့ပုံစံပါဘဲ။ အရမ်းကြီး အားထည့်ပြီး မှိတ်နေစရာမလိုပါဘူး။ ညာဘက်လက်က ညာဘက်ဒူးပေါ်တင်ထားပါ၊ ဘယ်ဘက်လက်က ဘယ်ဘက်ဒူးပေါ်တင်ထားပါ။ စိတ်ကလေးကို နှားခေါင်းထိပ် နှားဝထိပ်သို့ အာရုံညွှတ်ပေးပါ။ မျက်စိမှိတ်ပြီး ကိုယ်နှာခေါင်းထိပ်ကို ကြည့်သလိုပေါ့။ ဒီနေရာမှာ နည်းစနစ်တွေအမျိုးမျိုးင်္ကွဲတာရှိတယ်။ တစ်ချို့က မျက်လုံးနှစ်လုံးကြားကို အာရုံပြုတာရှိတယ်။ လောလောဆယ်မလိုအပ်သေးလို့ ကျွန်တော်ရှင်းမပြသေးပါဘူး၊ အခုတော့ ကျွန်တော်ပြောသလို စိတ်ကို နှားခေါင်းဝကိုဘဲ အာရုံညွှတ်ထားပါ။ ဒီနေရာမှာမှတ်ပုံမှတ်နည်းကို သေချာပြောပါ့မယ်။ တကယ်တမ်းက အာနာပါနခေါ် ဝင်လေထွက်လေ မှတ်တဲ့နည်းက လွယ်လွယ်လေးပါ။ ဆရာပြောတဲ့အတိုင်း စိတ်ကိုအထားမတတ်ကြလို့သာ ဝင်လေထွက်လေကို မမှတ်တတ်ဘူး မှတ်လို့ မရဘူးဆိုတာတွေ ကြားနေရတာပါ။ စိတ်ဆိုတဲ့အရာမျိုးကို ဘေးကဆရာက ကူကိုင်ပေးပြီး သင်ပြလို့မှမရတာ။ ဆရာပြောတဲ့အတိုင်း စိတ်ကိုထားပါ ကိုယ်သွားချင်သလို မသွားမိစေပါနဲ့။ ဥပမာ ဝင်လေထွက်လေမှတ်တဲ့အချိန်မှာ ဝင်လေကြီးက အပြင်ကဝင်ပြီး ဗိုက်ထဲထိဝင် ထွက်လေကို ဗိုက်ထဲကနေ နှာခေါင်းကတစ်ဆင့် အပြင်သို့ထွက်တဲ့ပုံစံကို Meditator ကသူ့အာရုံထဲမှာ ပုံဖော်တတ်လေ့ရှိတယ်။ ထိုဟာမျိုးမဖြစ်အောင် အထူးဂရုစိုက်ရမှာပါ။
နောက်တစ်ခုအရေးကြီးတာက အထူးတလည်အားစိုက်မမှတ်နဲ့။ဝင်လေထွက်လေမှတ်တာကို တောထဲကသားကောင်းချောင်းနည်း အသံလုံအောင် ချောင်းသလို အထူးဂရုစိုက်စရာမလိုပါဘူး။ တစ်အား အားစိုက်ရင် ပင်ပန်းတတ်တယ် မောတတ်တယ်။ သူစိမ်းတစ်ယောက်လိုသဘောထားပြီး အသာအယာစောင့်ကြည့်တဲ့သဘောမျိုး ပေါ့ပေါ့ပါးပါးဘဲ မှတ်စိတ်လေးထားပါ။ အသက်ကို ပုံမှန်ရှူ ပါ။ မြန်မြန်ရှူ ပြီး ဝင်လေထွက်လေမမှတ်ပါနဲ့။ အစပိုင်း နည်းနည်းလေးနှေးပေး၊အရမ်းလည်း မနှေးစေနဲ့။ ဖြစ်နိုင်ရင် တစ်အားကြီး လုပ်မရှူနဲ့။ ပုံမှန် တိုင်ပင်ထက် မသိမသာနှေးတဲ့ပုံစံပေါ့။လေဝင်ရင် ဝင်တာဘဲနှားဝထိပ်မှာ အာရုံညွှတ်ပေးပါ၊လေထွက်ရင်လည်း ထိုနည်းအတိုင်း နှားခေါင်းဝကိုထွက်တဲ့ပုံစံ အာရုံပြုပေးပါ ဝင်တာထွက်တာကို စိတ်ထဲက လိုက်မဆိုနဲ့။ ဝင်ရင် ဝင်တယ်လို့ စိတ်ထဲက လိုက်ဆိုသလို ထွက်ရင်လည်း ထွက်တယ်လို့ စိတ်ထဲက လိုက်ဆိုတတ်ကြတယ်။ မှတ်ရတာ ပိုကောင်းပေမယ့် အကျင့်ပါသွားတတ်တယ်။ နောက်လိုအပ်လို့ ဖြုတ်ရမယ်ဆို မနည်းဖြုတ်ရတယ်။ နောက်ပြီး လိုက်ဆိုပြီး မှတ်တဲ့အကျင့်က မောစေတယ်၊ တိုင်ပင်လွဲစေတယ်၊လေဝင်တာကို ထွက်တယ် ထွက်တာကို ဝင်တာ ဆိုနေတတ်တယ်။ အဓိက က လက်ရှိဖြစ်နေတာကို စိတ်က လိုက်သိနေဘို့ အဓိကပါ။ ဒီနေရာမှာ ထူးခြားတာတစ်ခုရှိတယ်။ ဝင်လေကိုမှတ်ရတာထင်းရှားတဲ့သူရှိသလို ၊ ထွက်လေကို မှတ်ရတာထင်ရှားတဲ့သူရှိပါတယ်။ လေက နှာဝကို လာတိုးတဲ့အထိအတွေ့က ထင်းရှားစေပါတယ်။ ကျွန်တော်ဆို ထွက်လေ ထင်ရှားတာကို သတိထားမိတယ်။ နှာခေါင်းဝနံရံကို ထွက်လေကတိုးတိုးသွားတာထင်ရှားစေတယ်။ စလုပ်တဲ့သူက ကိုယ်ထင်ရှားရာနဲ့လိုက်မှတ်ပါ။ ဝင်လေကို အာရုံဖမ်းမမိတောင် ထင်ရှားတဲ့ထွက်လေနဲ့ အာရုံကပ်ရမှာပါ။

images (12).jpeg

crd.org.source

ကျွန်တော့်ကိုအင်းတကော် ဖားအောက်ဆရာတော်တရားထိုင်းနည်းဟောကြားတာကို အနည်းငယ်ပြောပြပါမယ်။ ဒကာ တစ်ချို့က ဝင်လေထွက်လေမှတ်တာကို ဝင်တယ် ထွက်တယ် ဝင်တယ် ထွက်တယ်နဲ့ လိုက်ဆိုပြီး မှတ်နေတတ်ကြတယ်။ သူတို့တွေလုပ်နေတာကြာပြီ မတိုးတတ်တာ နည်းစနစ်မမှန်လို့ပါ။ ဥပမာ ကျောင်းရှေ့မှာရေးထားတဲ့ ဖားအောက်တောရကျောင်းကို ဒကာ ဘယ်လိုဖတ်မလဲတဲ့။ ဖဝထုပ်ရေးချာ ဝတ်ဆံနှစ်လုံးပေါက်ဖား သဝေထိုးအရေးချာကသတ်အောက် ဖားအောက်လို့ ဖတ်သလားတဲ့။ ဖားအောက်လို့တန်းဖတ်လို့ သိရင် ပြီးတာပါဘဲ။ တကယ်တမ်းက သိဘို့လိုရင်းမဟုတ်လားတဲ့။ သူတို့ဟာက ဝင်တယ်ထွက်တယ်ထိတယ်သိတယ်မှတ်တယ်ဆိုတာတွေနဲ့ ရှေ့မရောက်တော့ဘူးတဲ့ ။ဆရာတော်ဆိုလိုချင်တာက မှတ်စိတ်မှာ စကားလုံးမခံမိစေနဲ့ လိုရင်းမှတ်နိုင်ဘို့သိလိုက်ဘို့သာ အဓိက ပြောချင်တာပါ။ တရားပြဆရာတွေကတော့ ယောဂီတွေ နားလွယ်လွယ်အောင်ဝင်တယ်ထွက်တယ် ထိတယ်ဆိုတဲ့စကားလုံးတွေနဲ့ ရှင်းပြပြောပြမှရတာပါ။ ဥပမာဗျာ သံပရားသီးစားရင် ချဉ်တယ်လို့ သင်ပေးတယ်ဆိုပါစို့။ မိတ်ဆွေသံပရားကို ချဉ်တယ်ချဉ်တယ်လို့ဆိုပြီးစားနေစရာမလိုပါဘူး။ စားလိုက်တာနဲ့ ချဉ်တာကိုသတိထားမိပြီးသားပါ။ တကယ့်ဖြစ်သွားတဲ့အရသာမှာဘဲအာရုံစိုက်ပါ။ ချဉ်တယ်ဆိုတဲ့စကားလုံးကိုဂရုမစိုက်ပါနဲ့။ ဒီနေ့သင်ပြတာ များမှာဆိုး၍ နားပါ့မယ်။ နောက်နေ့ဒီနည်းနဲ့မှတ်ရတာ အခက်အခဲဖြစ်တယ်ဆိုရင် နောက်နေ့ဒိ ထက် လွယ်တဲ့နည်းကို တင်ပြဆွေးနွေးပေးပါ့မယ်။
အားလုံးကိုကျေးဇူးတင်ရှိပါတယ်။
A business; like an automobile; has to be driven in order to get results.

MSC-228
@mahaw

Sort:  

စိတ်တည်ငြိမ်စေမယ် ထင်တယ် အချိန်ရရင် လုပ်ကြည့် မယ်

လုပ်ကြည့်ပါညီမ။အကျိုးများစွာ ဖြစ်စေပါတယ်။

အောင်မြင်ချင်ရင် တရားထိုင်သင့်ပေးသည်

Posted using Partiko Android

ဟုတ်ပါတယ်ကိုဟိန်း၊အလုပ် အဆင်ေ ပြတယ်မို့လား။ကိုယ်ပိုင်အလုပ်လေး လုပ်တာ အားကျတယ်ဗျာ။

ပရမ်းပတာ chaos ကို meditation ကသာ peaceful ဖြစ်စေမှာပါ

Posted using Partiko Android

မှန်ပါတယ်ကိုစော။ကျေးဇူးပါ။

အသိတိုး​ပါတယ်​...စိတ်​တည်​ငြိမ်​​စေမှာပါ...

Posted using Partiko Android

ကျေးဇူးပါညီမ။

လွယ် မလိုနဲ့ လွယ်ဘူးနော့

မခက်ပါဘူးဦးထွေးရယ်၊လုပ်ရင်းနဲ့ တဖြည်း ဖြည်း မှတ်တတ်လာပါတယ်။ အဓိက က လုပ် ဖြစ်ဘို့ပါဘဲ။

ချဉ်တယ် ချဉ်တယ် ခါးတယ် ခါးတယ် မှတ်မယ် မှတ်မယ် ကိုမဟော်ရေ ☺

ဦးစိုးတို့က ပိုသိပါတယ်ဗျာ။

ကျွန်တော်က ဝင်လေ ကိုပို သတိထားမိတယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64572.94
ETH 2630.79
USDT 1.00
SBD 2.82