Meditation For Mindfulness

in #myanmar5 years ago

FB_IMG_1524973561560.jpg

သတ္တဝါတွေ ကျန်းမာချမ်းသာပါစေ၊ စိတ်နှလုံးရွှင်လန်းပါစေ။ ယခုစာရှူသူလည်း စိတ်အေးချမ်းပါစေ အေးချမ်းပါစေ ငြိမ်းအေးပါစေ။
ကျွန်တော် Meditation နဲ့ပက်သက်ပြီး အပိုင်းဆက် ရေးသွားပါ့မယ်။ ကျမ်းစာအုပ်နဲ့မတူအောင် စကားပြောအကြံပေး ပူံစွနဲ့ဘဲ ရေးသားပါမှာ ။ အဓိက က အကျင့်ပိုင်းထက် နည်းစနစ်ပိုင်းထက် လုပ်ချင်လာအောင် ဆွဲဆောင်တဲ့အပိုင်း၊တိုက်တွန်းတဲ့အပိုင်းကို ဦးစားပေးရေးသားမှာပါ။ အထူးသဖြင့် ဒီpostတွေကို ဘာသာပြန်postအဖြစ် ဦးတည်ရေးသားမှာဖြစ်တဲ့အတွက် သိသူတွေကျော်သွားပေးပါ။ဘာသာပုံစံမဖြစ်အောင် အထူးသတိထား ရေးသားမှာဖြစ်ပါတယ်။ ဝိပဿနာပိုင်းထိ အပိုင်းရှည် ရေးဘို့ စိတ်ကူးထားတယ်။ သာမန်လူငယ်တစ်ယောက် နားလည်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သိမြင်လွယ်အောင် ဖြည်းဖြည်းချင်းဘဲရေးသားဆွေးနွေးမှာပါ။
Meditation ဆိုတာဘာလဲ?
ထိုအလုပ်ကို ဘာကြောင့်လုပ်သင့်တာလဲ?
ထိုဟာကိုလုပ်ခြင်းအားဖြင့် ဘာအကျိုးတရားတွေဖြစ်စေမှာလဲ?
ထိုအလုပ်ကို ဘယ်လိုလုပ်ရမှလဲ?
အထက်ပါအချက်တွေကို တစ်ခုချင်းရှင်းပြပါ့မယ်။

da7644252cfd8101559590a4d2ea6d3b.jpg

crd.org.source

Meditationဆိုတာ အလွယ်ဆုံးပြောရရင် စိတ်လေ့ကျင့်ခန်း တစ်ခုပါဘဲ။ ကိုယ်ခန္ဓာ ကျန်းမာဘို့ ကြီးထွားဖွံ့ဖြိုးသန်မာဘို့ လေ့ကျင်ခန်းလုပ်ရသလို စိတ်ကိုလည်းလေ့ကျင့်ခန်း လုပ်ပေးတဲ့သဘောပါ။ စိတ်ရဲ့အဓိက အမူအကျင့်ဟာ ၂မျိုးဘဲရှိတယ်။ တည်ငြိမ်ခြင်းနဲ့ လှုပ်ရှားခြင်း ဆိုပြီး အရေးကြီးသောအပိုင်း၂ခုရှိတယ်။ Meditation ဆိုတာ စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ခန်းလုပ်ပေးတဲ့သဘောပါဘဲမိတ်ဆွေ။
ဒုတိယအချက်ကို ထပ်ဖြေပါ့မယ်။Meditationကို ဘာကြောင့်လုပ်သင့်သလဲ? ထိုမေးခွန်းကို ဖြေရရင် postပေါင်းမြောက်များစွာ ရေးလို့ရပါတယ်။ ယခုကျွန်တော်ရေးမယ့် ဆောင်းပါးရဲ့အဓိက ရည်ရွယ်ချက်ကလည်း ထိုအကြောင်းအရာကို ဦးတည်ရေးသားဘို့ပါ။ လောလောဆယ် အကြမ်းဖျဉ်းဖြေကြားပေးပါ့မယ်။ လူတစ်ယောက်မှာ အဓိက အရေးကြီးဆုံးက စိတ်ခံစားမှုပါ။စိတ်ချမ်းသာမှု အေးချမ်းမှု ပျော်ရွှင်မှု ဖြစ်ဘို့အရေးကြီးပါတယ်။ စိတ်ဖိစီးမှု ကင်းဘို့ အလိုအပ်ဆုံးပါ။ ကမ္ဘာတစ်လွှား meditation ကို စိတ်ဝင်စားခြင်းဟာ စိတ်ဖိစီးမှုကို ပြေငြိမ်းစေဘို့အဓိက အကြောင်းတစ်ရပ်အနေနဲ့ပါဝင်ပါတယ်။ စိတ်ရဲ့သဘာဝဖြစ်တဲ့ လှုပ်ရှားခြင်း နဲ့ တည်ငြိမ်ခြင်းမှာ တည်ငြိမ်ဘို့အတွက် meditation လုပ်ရခြင်းဖြစ်ပါတယ်။ စိတ်ဖိစီးနေတယ်၊ စိုးရိမ်ကြောက်လန့်ဖြစ်နေတယ်၊ စိတ်ပူပင်သောကဖြစ်နေတယ်၊ ငိုကြေးခြင်း ပူဆွေးခြင်းဖြစ်နေတယ်ဆိုတာတွေဟာ စိတ်မတည်ငြိမ်ခြင်းရဲ့ အကျိုးဆက်တွေပါ။ ဒါကြောင့် အောင်မြင်တဲ့လူသားတစ်ယောက်ပီပြင်နိုင်ဘို့ meditationကို မဖြစ်မနေလုပ်ဘို့ လိုအပ်ခြင်းပါ။ မတည်ငြိမ်တာကို တည်ငြိမ်အောင်လုပ်ဘို့က ကျွန်တော်တို့ ရဲ့ အဓိက က တာဝန်ပါ။နောက်မှဘဲဒိထက်ကျယ်ပြန့်တဲ့ meditation လုပ်ရတဲ့ အကြောင်းတွေကို အလျဉ်းသင့်သလို ဖော်ပြပေးပါ့မယ်။

o1AJ9qDyyJNSpZWhUgGYc3MngFqoAN1HfHanGcSCeTSxhHJBY.jpeg

crd.org.source

Meditation လုပ်ခြင်းအားဖြင့် မည်သို့သော အကျိုးတရားများ ရရှိနိုင်ပါသလဲဆိုတာကို ဆက်လက်ဖော်ပြပါ့မယ်။ အကျိုးတရားပိုင်းရေးရရင် ရေးစရာမကုန်နိုင်သလောက်ပါဘဲ။ အထက်မှာလည်း အကျိုးတရားပိုင်းကို အနည်းငယ်တင်ပြထားပါတယ်။ ဥပမာ ရေ၏ အကျိုးတရားများရေပါဆိုရင် အများကြီးပါ။ အကျိုးဆက်တွေက ကွင်းဆက် ကွင်းဆက် သွားနေတာပါ။ ပြောမကုန်နိုင်အောင်ပါဘဲ။
စိတ်ချမ်းသာစွာဖြင့် ဘဝကိုဖြတ်သန်းနိုင်စေတဲ့ အချက်အပါအဝင်ပေါ့ဗျာ။ဘယ်လောက်ဘဲချမ်းသာချမ်းသာ ၊ဘယ်လောက်ဘဲ အောင်မြင်အောင်မြင် စိတ်ချမ်းသာစွာ မနေနိုင်ရင် အလကားပါ။Meditationဟာ စိတ်ကိုလန်းဆန်းစေပြီး အကြံဉာဏ်ကောင်းတွေဖြစ်ပေါ်စေပါတယ်။ ဘဝမှာရင်ဆိုင်ရတဲ့ပြဿနာတွေကို စိတ်အေးလက်အေး ဖြေရှင်းနိုင်စေတယ်။ ထို့အတူ သူ့ကြောင့် ပျော်ရွှင်သောအသိုင်းအဝိုင်းဖြစ်ပေါ်စေတယ်။ စိတ်ကြည်လင်နေတော့ သည်းခံနိုင်စွမ်းတွေ တိုးတက်စေပါတယ်။ မေတ္တာတရားတွေ ပိုပြည့်ဝလာပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိသလို ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေလည်း ဖြစ်ပေါ်လာပါတယ်။ Meditationကြောင့် အင်ဒေါ်ဖင်ဓာတ်တစ်မျိုး ဖြစ်ပေါ်စေပြီး နေလို့ထိုင်လို့ ကောင်းစေပါတယ်။ ရောဂါ ဝေဒနာခံစားမှုများကို သက်သာစေပါတယ်။ တစ်ယောက်တည်းနေရင် တရားထိုင်တတ်တဲ့အလေ့အကျင့်ကြောင့် အထီးကျန်ဝေဒနာကို မခံစားရပါဘူး။ အသက်အရွယ်ကြီး မြင့်သူတွေ ဘဝကိုနေထိုင်တက်လာစေပါတယ်။ ငွေကြေးကုန်ကြမှု မများသော အကောင်းဆုံးသော ဘဝနေထိုင်မှုကိုပိုင်ဆိုင်နိုင်စေပါတယ်လို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။
A contented mind is a perpetual feast.
MSC-228
@mahaw

Sort:  

စိတ်အေးချမ်းမြေ့ပါစေဗျာ

Posted using Partiko Android

ခုမှ လိုက်ဖတ်ရတော့တယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70744.80
ETH 3561.94
USDT 1.00
SBD 4.80