အောင်​ကြီးနှင့်​ ဗန်း​မော်​ (အပိုင်း ၂)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အောင်​ကြီးလည်း ရရှိလာသည့်​ကြိုသုံး​ငွေ​လေးထဲမှ မိမိအတွက်​လိုအပ်​သည်​တို့အား ဝယ်​ယူရ​လေသည်​။ဗန်း​မော်​သည်​ကား မိမိတစ်​​ခေါက်​တစ်​ခါမျှ မ​ရောက်​ဖူး​သောမြို့ဖြစ်​​ပေ၏၊ထို့​ကြောင့်​ ဘယ်​နားဘာရှိသည်​ကိုမသိ​ပေ။ အလုပ်​တွက်​လိုအပ်​သည့်​ သံလျှက်​၊ခုတ်​တူ၊​ပေကြိုး၊ချိန်​သီး​သော်​လည်း​ကောင်း မိမိအတွက်​ ဆပ်​ပြာ၊သွားတိုက်​​ဆေးနှင့်​ လိုရမယ်​ရ ​အကိုက်​ခဲ​ပျောက်​​ဆေး အနည်းငယ်​တို့အား ကြိုတင်​ကာဝယ်​ယူထားလိုက်​​လေသည်​။
.FB_IMG_1530075812232.jpg
Crd-org-source
ဤသို့ဖြင့်​ ၅ရက်​​​​မြောက်​​သော​နေ့သို့​ရောက်​​သောအခါ၌ အလုပ်​သမား​ခေါင်း​ဆောင်​မှ
လာ​ရောက်​​ခေါ်​လေသည်​။မိမိ၏ အဝတ်​စားထုပ်​​လေးအား ယူ​ဆောင်​၍လိုက်​ပါလာ​လေ​တော့သည်​။
ခရီးလမ်းတစ်​​လျှောက်​၌ င​အောင်​၏စကား​ပြော​ဖော်​ကား သူငယ်​ချင်း​အောင်​​ကျော်​ပင်​။ တခြားသူတို့သည်​လည်း သူတို့အစု​ဖွဲ့​လေးနှင့်​သူတို့ စကားများ​ပြောဆို၍လာခဲု့က၏။ အ​ဝေးခရီးတို့သွားလျှင်​ ထုံးစံလိုပင်​ လမ်း၌ ထမင်းစားနားကာ စား​သောက်​၍ပြီး​သော်​ ဆက်​၍ထွက်​ခွာကြသည်​။ ​အောင်ကြီး​တို့ အလုပ်​လုပ်​ရမည့်​​နေရာသည်​ ဗန်း​မော်​မြို့​ပေါ်၌ကား မဟုတ်​​ပေ။ ဗန်း​မော်​မြို့နှင့်​ အနည်းငယ်​မျှ ​ဝေး​သော မံစီမြို့​လေး၌ဖြစ်​​ကြောင်းသိရ​လေသည်​။ ထို့​ကြောင့်​ ​အောင်​ကြီးတို့သည်​ ဗန်း​မော်​ကားဂိတ်​ထိလိုက်​ပါသွားခြင်းမပြု​တော့​ပေ။ စစ်​တပ်​​ပေါက်​၌ပင်​ဆင်း၍ မံစီသို့ ခရီးဆက်​ရန်​ပြင်​ဆင်​ကြရ​တော့သည်​။
"ကဲ ညီ​လေးတို့ ကို့အထုပ်​​လေး​တွေကိုချပြီး ဒီနားက​နေ ငါတို့ကိုလာကြိုမယ့်​ကားကို
စောင့်​ကြမယ်​ " ​အောင်​ကြီးတို့အား ဦး​ဆောင်​​ခေါ်လာသူ၏ အသံပင်​ဖြစ်​သည်​။
အောင်​ကြီးနှင့်​​အောင်​​ကျော်​တို့ ကိုယ့်​အထုပ်​​လေး​တွေကိုယ်​ယူ၍ ကားလမ်း​ဘေး​လေး၌ထိုင်​​စောင့်​​နေလိုက်​ကြ၏။
အောင်​ကြီးတို့ လာကြိုမည့်​သူအား​စောင့်​သည့်​​နေရာသည်​စစ်​တပ်​​ပေါက်​တည့်​တည့်​ဖြစ်​၍​နေ​လေသည်​။အနီးနားရှိသည့်​ တပ်​၏အ​စောင့်​ဂိတ်​မှ တာဝန်​ကျ​သော သူတို့သည်​ ​အောင်​ကြီးတို့အားကြည့်​ကာ လှမ်း​ခေါ်​လေ​တော့သည်​။
"မင်းတို့က ဘယ်​သွားကြမလို့လည်း "အ​စောင့်​တဲအတွင်းမှ တာဝန်​ကျ သူတစ်​ဦးမှ ​မေး​လေသည်​။
"ကျွန်​​တော်​တို့ ပန်းရန်​အလုပ်​လာလုပ်​ကြတာပါ "
"ဘယ်​မှာလုပ်​ မှာလည်း ဘယ်​သူ့အိမ်​လုပ်​မှာလည်း"
" မံစီစခန်းမှုးအိမ်​မှာ လုပ်​ရမှာပါ လူလွှတ်​ပြီးလာကြိုမယ်​၊ဒီနားက​စောင့်​ဆိုလို့ ကျွန်​​တော်​တို့​စောင့်​​နေကြတာပါ"
"မင်းတို့အိပ်​​တွေထဲဘာ​တွေပါလည်း ငါတို့စစ်​မယ်​"ဂိတ်​ထဲမှသူတို့ ​ရေဆာ၍ အနည်းငယ်​​သောက်​ထားကျဟန်​တူသည်​။ မျက်​နှာများက ခက်​​ထွေ​ထွေများဖြစ်​​နေကြ၏။
" ဟုတ်​ ရပါတယ်​ စစ်​ပါ ကျွန်​​တော်​တို့အထုပ်​​တွေထဲ အဝတ်​စားနဲ့ အလုပ်​လုပ်​ဖို့ ပစ္စည်း​တွေဘဲပါတာပါ"
အောင်​ကြီးလည်း အလုပ်​သမား​ခေါင်း​ဆောင်​ နှင့်​ ဂိတ်​အတွင်းမှလူတို့ ​မေးတစ်​ခွန်းေုဖတစ်​ခွန်း စကား​ပြော​နေကြသည်​အား ကြည့်​​နေမိ၏။
ထို့​နောက်​တစ်​ဦးစီ မိမိတို့ အထုပ်​များအား ဂိတ်​မှလူတို့ စစ်​​ဆေးရန်​ ပြရ​တော့သည်​။ဤ၌ ပြသနာကားစ၍​တွေ့ရ​ပေ​တော့သည်​။အောင်​ကြီးတို့ အဖွဲ့ထဲမှ လူတစ်​​ယောက်​၏အိပ်​ထဲတွင်​ ​​လောက်​​လေးဂွ ပါလာခြင်းသည်​အား​တွေ့သွား​လေသည်​။ ထို​လေးဂွ​လေးအား အ​ကြောင်းပြကာ ဘယ်​မှမသွားရန်​၊လာ​ခေါ်မည့်​သူလာလျှင်​ပင်​ ​မေးမြန်းပြီးမှ လွှတ်​​ပေးနိုင်​မည်​ဖြစ်​​ကြောင်း​ပြော​လေ​တော့သည်​။
အောင်​ကြီးတစ်​​ယောက်​စိတ်​ညစ်​၍ပင်​သွားရ​သည်​။လုပ်​ငန်းလုပ်​ရမည့်​​နေရာသို့ပင်​ မ​ရောက်​​သေး​ပေ၊ပြသနာကား ​တွေ့​နေရ​ပေပြီ။
.FB_IMG_1530076368087.jpg
Crd-org-source
ဆက်​၍ဖတ်​ရှု​ပေးပါရန်
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

This post has received a 25.00% upvote from @msp-bidbot thanks to: @aunggyi100. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.

အော် လေးဂွနဲ့ အောင်ကြီးတို့ ရွာလည်ပြီပ

အာ့ဂွ​လေး​ကြောင့်​ 😢

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါပဲ

လေးဂွကြီး ဘာလုပ်ဖို့တုန်းအေ

သိပါဘူးအမရာ ဘာစိတ်​ကူးနဲ့ ယူလာလဲ

ဗန်းမော်အောင်ကြီးပေါ့ ဟိဟိ။

အာ့မှာ ရွာလည်​​နေပီ😂

This post has received a 3.13 % upvote from @drotto thanks to: @aunggyi100.

လောက်လေးခွလည်း လူသတ်လို့ ရပါတယ် မန်းလေးသားတွေပဲ သိမှာပေါ့လို့ 

မေ့ပါလာတာလား ငှက်​ပစ်​ဖို့လား သိပါဘူးဘုရား

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 6.67% upvote!
I was summoned by @aunggyi100. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ဆက်ဖတ်ပါမည်

ဟုတ်​ ​ကျေးဇူးပါပဲ

လောက်လေးခွ ယူလာတော့ တိုင်ပတ်ပီလေ ကွောင်ကြီးတို့

ဟုတ်​ပ ကို​ကျော်​​ရေ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64269.87
ETH 3393.79
USDT 1.00
SBD 2.48