အောင်​ကြီးနှင့်​ ဗန်း​မော်

in #myanmar6 years ago

ဆင်​​ခြေဖုန်း​နေရာလေးတစ်​ခု၏မြင်​ကွင်းကား မြို့ပြများနှင့်​အ​တော်​ပင်​ ကွာခြားလွန်းလှ​ပေ၏။မည့်​သည့်​အိမ်​​လေးများပင်​ကြည့်​ရှုမိသည်​ဖြစ်​​စေ တဲသာသာ​လေးများသာ​ဆောက်​လုပ်​ထားသည်​အားမြင်​​တွေ့ရ​ပေမည်​။ပြင်​လွယ်​​ရွှေ့လွယ်​​ဆောက်​လုပ်​ထားခြင်းမျိုးဖြစ်​​ပေမည်​။တိတိကျကျ မြင်​သာရန်​​ရေးပြရပါမူ ​မြေသားလမ်း​ဘေး၌ တဲအိမ်​​လေးများ​ဆောက်​လုပ်​ကာ​နေထိုင်​ကြခြင်းပင်​ဖြစ်​ကြသည်​။တစ်​မျိုးဆိုရလျှင်​ ကျူး​ကျော်​တဲ​လေးများပင်​ဖြစ်​၏။
.FB_IMG_1529687017781.jpg
Crd-org-source
ထိုတဲတန်း​လေးများ၏ထိပ်​ဆုံးအိမ်​မှ လူရွယ်​တစ်​​ယောက်​ ​ခေါင်း​လေးငိုက်​စိုက်​ငိုက်​စိုက်​ကာဖြင့်​ ထွက်​လာ​လေသည်​။ သူ၏အမည်​ကား ​အောင်​ကြီးပင်​။ ​အောင်​ကြီးတစ်​​ယောက်​ သူအလုပ်​လုပ်​သည့်​ဆိုက်​မှာ အဆင်​မ​ပြေ​သော​ကြောင့်​ အလုပ်​နား​နေရသည်​မှာ ရက်​ပင်​အ​တော်​ကြာ၍​နေသည်​။
ယခုလည်း ကွမ်းယာဝယ်​ရန်အ​လို့ငှါ လမ်းထိပ်​သို့ထွက်​လာခြင်းဖြစ်​​လေ၏။ကွမ်းယာဆိုင်​​လေးသို့​ရောက်​​သော်​ "အမ အရည်​ဖတ်​၊အုန်းသီး ၃၀၀ရာဖိုး​လောက်​"ဟုမှာ၍ ကွမ်းဝယ်​လာသူတို့နားရန်​ပြုလုပ်​ထားသည့်​ ခုံ​လေးများ​ပေါ်၌​ ခေတ္တထိုင်​၍​စောင့်​​နေလိုက်​၏။
အောင်​ကြီး​ရောက်​၍ မကြာခင်​၌ပင်​ သူ၏သူငယ်​ချင်း ​အောင်​​ကျော်​တစ်​​ယောက်​လည်း ကွမ်းဆိုင်​သို့​ရောက်​၍လာ​လေသည်​။
အောင်​​ကျော်​တစ်​​ယောက်​ သူ့သူငယ်​ချင်းမျက်​နှာ​သေချာကြည့်​ကာ "မင်းကလည်း ဘာဖြစ်​​နေတာလည်းဟ ရုပ်​ကိုက ထိုင်းမှိုင်း​နေတာဘဲ" ​ဟုဆို​လေသည်​။
"​အေးကွာ အလုပ်​ကလည်းမဆင်းရတာ ရက်​ရှည်​ကြာလာ​တော့ အိပ်​ကပ်​လည်းအ​တော်​ပြား​နေပြီ​ဟေ့​ကောင်​ရ အဲ့တာ​ကြောင့်​စိတ်​ညစ်​​နေတာကွာ"
" ဒါများ​​အောင်ကြီးရာ ​အဆန်းလုပ်​လို့ အရင်​လည်း ဒီလိုခနခနကြုံခဲ့ရတာဘဲဟာ"
"မတူဘူး​ အောင်​​ကျော်​ရ အရင်​ကလုပ်​ပျက်​ရင်​ ဒီ​လောက်​ရက်​ရှည်​မကြာဘူး​လေ . . . အခုဟာက အ​တော်​ကြာ​နေပြီဟ"ဟုတ်​​ပေ၏ ​အောင်​ကြီးအိပ်​ကပ်​​လေးထဲ၌လည်း တစ်​​ထောင်​တန်​​လေးတစ်​ရွက်​သာ ကျန်ရှိ​ပေ​တော့သည်​။ 
အောင်​​ကျော်​မှ အ​ဝေးလုပ်​တစ်​ခုသွားမည့်​အဖွဲ့ရှိ​ကြောင်း၊​လိုက်​ချင်​လျှင်​​ပြော​ပေးမည်​ဟူ၍ဆို​လေသည်​။
"ဟာ ​ကျေးဇူးရှင်​ အလုပ်​မရှိမှာ​တော့ အ​ဝေးလုပ်​လည်း လိုက်​ရမှာဘဲဟ ​ပြောသာ​ပေး​တော့ ​အောင်​​ကျော်​​ရေ" ​အောင်​ကြီးတစ်​​ယောက်​ဟန်​ပင်​ မ​ဆောင်​နိုင်​ရှာ​ပေ၊လိုက်​မည်​ဆို၍ အ​ဝေးလုပ်​သွားမည့်​ အလုပ်​သမား​ခေါင်းအား သွားတွေ့ကြ​လေ​တော့သည်​။
အလုပ်​သမား​ခေါင်းနှင့်​​တွေ့ရာ၌ လိုက်​မည်​ဆိုလျှင်​ ၃လပြည့်​မှ ပြန်​ရမည်​ဖြစ်​​ကြောင်း၊အကယ်​၍ ၃လမပြည့်​ခင်​ ပြန်​လျှင်​ အသွားအပြန်​ကားခတို့ ဖြတ်​မည်​ဖြစ်​​ကြောင်းတို့အား ရှင်းပြ​လေသည်​။
"ဟုတ်​ပြီ​လေ အကို​ပြောတာလက်​ခံမယ်​၊ကျုပ်​တို့က ဘယ်​ကိုသွားရမှာလည်း၊တကယ်​လို့ အလုပ်​လိုက်​ဖြစ်​​ခဲ့ရင်​ ကြိုသုံးအ​နေနဲ့ ဘယ်​​လောက်​​ပေးမှာလည်း" အောင်​ကြီးလည်း အလုပ်​သမား​ခေါင်းအား ​မေးခွန်းထုတ်​ရ​ပေ​တော့သည်​။
အလုပ်​သမား​ခေါင်းဖြစ်​သူမှ သွားရမည့်​​နေရာသည်​ ဗ​န်း​မော်​၌ဖြစ်​​ကြောင်းနှင့်​ တစ်​ဦးလျှင်​ကြိုသုံးအ​နေဖြင့်​ တစ်​သိန်းစီယူ၍ရ​ကြောင်းတို့အား ပြန်​လည်​၍ရှင်းပြ​လေသည်​။
အောင်​ကြီးလည်း အလုပ်​မရှိမည့်​အတူတူ
လိုက်​မည်​ဆို၍ ကြို​ငွေတစ်​သိန်းထုတ်​ယူလေသည်​။
.original.jpg
. Crd-org-source
အောင်​ကြီးလိုက်​မည်​ဆို၍ ​အောင်​​ကျော်​ပါလိုက်​မည်​ဟုဆိုကာ တစ်​​ယောက်​တစ်​သိန်းစီထုတ်​ယူ၍ ပြန်​ခဲ့ကြသည်​။ငွေတစ်​သိန်းစီထုတ်​ယူရာ၌ မိမိတိုမှတ်​ပုံတင်​များအား အလုပ်​သမား​ခေါင်းထံ၌ပေးထားခဲ့ရ​ပေသည်​။အလုပ်​သမား​ခေါင်းမှ ​နောက်​၅ရက်​​နေလျှင်​ သွားမည်​ဖြစ်​​ကြောင်းအား ​​အောင်​ကြီးနှင့်​​အောင်​​ကျော်​တို့ကို ​သေချာပင်​မှာလိုက်​​လေသည်​။
.
အပိုင်း ၂ ဆက်​၍ဖတ်​ရှု​ပေးပါရန်
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ကြိုသုံးအနေနဲ့ကတော့ ခြံကျယ်ကျယ် ၊ တိုက်တစ်လုံး ကားတစ်စီးအပြင် စကီနှစ်ဗွေပါပေးမှာပါ လာသာလာခဲ့ပါကိုအောင်ကြီးတစ်ရာ

ငမ်းအာ့ဆိုရင်​ အ​ပြေး​​လေးလာပြီ😂

ဘွပျက်တော့မယ် အဲ့ပြေးလို့ကတော့

ငမ်း အာ့ဆို​ပြေးရဝူးလား😂

နောက်တစ်ပိုင်းဆို ဗန်းမော်မြို့အကြောင်း ဖတ်ရတော့မယ် ...

ဟုတ်​တယ်​အမ ဗန်း​မော်​​ရောက်​ပြီ ​နောက်​တစ်​ပိုင်း😊

အပိုင်း ၂​ ​မျှော်​P​ယေ

ဟုတ်​ bro

ကိုအောင်ကြီး ဗန်းမော်ကို အလုပ်သွားလုပ်တာလေး စောင့်ဖတ်မယ်ဗျာ။

ဟုတ်​ ကွီး​ရွှေ ​ကျေးဇူးပါ

တို့အောင်ကြီး တောင်အပိုင်းဆက်တွေနဲ့ 

ဟုတ်​တယ်​ဦး​ထွေး 😊

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးတင်​ပါတယ်

စိတ်ဝင်စားစရာပါသား
ဆက်ဖတ်ရန်စောင့်နေပါသည်

ဟုတ်​ ​ကျေးဇူးတင်​ပါတယ်​ ဆရာမ

စောင့်ပြီးဖတ်ပါအုးံမယ်ဗျ🙄🙄

ဟုတ်​ ​ကျေးဇူးတင်​ပါတယ်​ ဗျ😁

ကွောင်ကြီး ဦးဇင်းတို့ ရပ်ကွက်ထဲ လာရိုက်ထားတာလားမသိဘူး ဦးဇင်းငယ်ငယ်က အဲ့လို ဆင်ခြေဖုံး ကျူးကျော်ရပ်ကွက်ထဲမှာပဲ နေထိုင်ကြီးပြင်းခဲ့ရတာပါ

ငမ်း မ​နောက်​ပါနဲ့ ဘုရား😂

အဲ ဘာအလုပ်တုန်းဗျ .

အဲ ပန်းရန်​သွားလုပ်​ မို့ပါ☺

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64364.24
ETH 3416.30
USDT 1.00
SBD 2.48