နေ့ရွှေ့လိုက် ညရွှေ့လိုက်နဲ့ ကုန်လွန်ခဲ့သောအချိန်

in #esteem6 years ago

image
ကျွန်နော်တို့ဆိုတာထက် ကိုယ့်ကိုကိုယ် ရည်ညွှန်းပြီးတော့ ရင်ဖွင့်ပါရစေ။
အခြားသောသူတွေအတွက်တော့ အထွေအထူး ကိစ္စတစ်ခုလို့ မသက်မှတ်နိုင်ပေမယ့် ကျွန်နေည်အတွက်ကတော့ သိပ့်ကို အရေးကြီးလွန်းလှတဲ့ ကိစ္စတစ်ခုပါလေ။
ကျွန်နော်ဟာ အလုပ်တစ်ခုခုကို တာဝန်တစ်ခုအနေဖြင့် လုပ်တော့မယ်ဆိုရင် နေ့ရွှေ့ညရွှေ့နဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေမိပါတယ်။
အကြောင်းပြချက်ဆိုတာ ခိုင်လုံရင် ရှင်းလင်းပြနိုင်ခွင့်ဆိုတာ ရှိနေပါသော်လည်း လေလှိုင်းပေါ်ကစကားလုံးသည် လေလှိုင်းပေါ်မှာသာ ပျက်ပြယ်သွားတက်ပါတယ်။
ဒါပေမယ့် ကိုယ့်ကိုကိုယ် တာဝန်ဟု ခံယူထားပြီးရင်တော့ တာဝန်၌ အကြောင်းပြချက်မရှိဟု ပြောဆိုခဲ့ဖူးသည့်အတိုင်း တာဝန်ဟာ တာဝန်ပါပဲဟု လိုရင်း ပြောဆို ရင်ဖွင့်လိုက်ပါရစေ။
အလုပ် ဘယ်အလုပ်ပဲဖြစ်ဖြစ်ပါ မလုပ်ဖူးပဲနဲ့တော့ ခက်ခဲနေပါလိမ့်မယ်။ နောက်တစ်ချက်က စလုပ်မယ်လို့ ကြံရွယ်နေပါသော်လည်း နေ့ရွှေ့ညရွှေ့နှဲ့တစ်ရက်ပြီးတစ်ရက် မလုပ်ဖြစ်ပဲ ဖြစ်နေတက်ပါလိမ့်မယ်။
ဒီအလုပ်ကိုတော့ ငါလုပ်ခဲ့ဖူးပေမယ့် မလုပ်တာကြာသွားပြီဖြစ်သောကြောင့် လုပ်တော့လုပ်မှာပေါ့ဆိုပါသော်လည်း မလုပ်ဖြစ်တော့ပဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ နောက်ဆုံးတော့ ပြစရာအကြောင်း မရှိတော့ရင်တော့ ကိုယ့်ကိုကိုယ်သာအကြောင်းပြချက် ထုတ်မိလာပြီဆိုရင်တော့………?
image
ကိုယ့်ကိုကိုယ် ပေါကြောင်လွန်းလှတယ်ဆိုပြီး သတ်မှတ်တာမကြိုက်လေတော့ ကျွန်နော် ပျော်တက်ပါတယ်လို့သာ ရင်ဖွင့်ရပါလိမ့်မယ်။
အဲ့ဒီလိုပေါ့ ပျော်တက်လို့လည်း မကြာခဏဆိုသလို မကြာမကြာ ခဏခဏ အမြဲလိုလို ဆားခပ်မှ သောက်လို့ အဆင်ပြေကောင်းမယ့် အချိုဟင်းရည်တစ်ခွက်လို ဒီလိုလေးတွေ ရေးသားနေခဲ့တာပေါ့။ဒီလိုလေးတွေကိုမှမရေးရင်လည်း ရေးစရာက အတွေးသမားပီသစွာဖြင့် ကိုယ်တွေးခေါ်နိုင်တဲ့ အတိုင်းအတာလောက်သာ ရှိနေလေတော့ တွေးမိသမျှလေးတွေကို ရေးချလို့သာ နေ့စဉ်မပျက် တာဝန်တစ်ခု အကြောင်းပြုပြီး ရင်ဖွင့်လို့သာ ရေးတက်သလိုတွေကို ရေးချနေလျက်ဦးမှာပါပဲ။ဒါပဲတွေးတက်လေတော့လည်း ဒါပဲရေးချနေမိတာပေါ့။(ကကြီး ကနေ အ)အထိ ပြည့်စုံကုန်စင်အောင် မရေးနိုင်သေးသရွေ့တော့ အဆင်ပြေသလိုသာ အထပ်ထပ်တွေးမိလေသမျှ ရေးချနေမိမှာပါလေ။
image
နေ့ရွှေ့လိုက်ညရွှေ့လိုက်နဲ့ဆိုတဲ့အကြောင်းကိစ္စလေးကို ဒီနေရာလေးမှာ အဆုံးသတ်ရေးချရင်ဖွင့်ရလျှင်ဖြင့်
နေ့ခင်းဆိုလည်း အပြင်အလုပ်ကတဖက်မအားလို့ပေါ့။လူတိုင်းကိုယ်ဆီ နေထွက်ကနေဝင် အလုပ်လုပ်နေကြတာပါ။
နေဝင်မိုးချုပ်လို့ ညရောက်လာပြန်ရင်လည်း အပြင်အလုပ်လေးကနေ အိမ်ပြန် ညရောက် ပင်ပန်းလေတော့ အိပ်ပျော်သွားခဲ့ရပါတယ်။
လူတိုးကိုယ်ဆီ ညအိပ်ချင်တာတောင် မအိပ်ပဲ အိပ်ပျက်ခံ ပင်ပန်းစိတ်ကိုဖျောက်ပြီး လုပ်နေကြရတာပါ။
တာဝန်တစ်ခုလို့ ဆုံးဖြတ်ချက်တွေချမှတ်ထားပြီးရင်တော့ ဒီဆုံးဖြတ်ဟာ ခိုင်မာပြီးလျှင်ဖြင့် တိကျနေရပါလိမ့်မည်ဟု ကိုယ့်ကိုကိုယ် အသိတွေ ဝင်အောင် ဦးနှောက်ထဲသို့ အရောက်ပို့ရင်း……………………
author:@thura
photo:cedit google images

Sort:  

အရေးအသားတွေကတော့ တက်လာပြီဟေ့

တွေးမိသမျှတွေကိုတော့ ရေးချနေဦးမယ်ကိုဗိုလ်ဗိုလ်ရေ

အချိန်တွေကသာရွေ့သွားတာ ဆရာကတော့ နေရာကိုမရွှေ့မိပါဘူးကွာ နာရီ(၂၀)လောက်ကွန်ပျုတာရှေ့မှာချည်းမို့။

အချိန်မရွှေ့ပဲ အချိန်ယူပြီး လာခဲ့ပါ့မယ်ဆရာ

ကိစ္စများမြောင်ဤလူ့ဘောင်

ဒီတာဝန်ကို ကျေအောင် ထမ်းဆောင်ရဦးမယ်အစ်မမိုးဝေ

This post has received a 2.24 % upvote from @drotto thanks to: @thura.

ခင်ဗျာပေးသလောက်ကို ဘယ်သူမှမပေးနိုင်ကြဘူး
အဆင်ပြေနေတယ်

This post has received a 16.78% upvote from thanks to: @thura.
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

ဟုတ်ကဲ့ပဲပြောတော့မယ်

You got a 2.72% upvote from @emperorofnaps courtesy of @thura!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

ကျုပ်အရင်းပြုတ်တော့မယ်
ကြည့်ပြီးဘုတ်

Nice post ! You got 20.00% upvote from @flymehigh. Earn free sbd/steem daily by delegating(renting) your SP. We share high return, click here to delegate your sp to flymehigh if you don't know, how to earn passive income by delegating your SP click here for more info Join our discord You can promote your posts. Thanks.

ကျေးဇူးပဲပြောလိုက်ပြီး
ကောင်းပါတယ်

You got a 4.60% upvote from @dailyupvotes courtesy of @thura!

ပေးသလောက်တော့ရခဲ့ပါတယ်

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 4.80% upvote!
I was summoned by @thura. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ဓါးနဲ့ခုတ်တာမပျက်ပဲ
ခင်ဗျရဲ့ဘုတ်ချက်တွေကြောင့် အနားယူလိုက်ရလိမ့်မယ်
အဆင်ပြေအောင် ကောင်းကောင်းဘုတ်ပါလားဗျာ

အလုပ်ကိုအကြွေးမထားရင်
အောင်မြင်တာပေါ့ခင်ဗျာ

အကြွေးမတင်အောင်တော့
အဆင်ပြေသလိုလုပ်နေရတာပါပဲကိုအဂ္ဂရေ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59200.90
ETH 2601.74
USDT 1.00
SBD 2.41