နေ့စဉ်အတွက် တာဝန်တစ်ခု အကြောင်းပြုရင်း

in #myanmar6 years ago

375399_314163008623843_1258732269_n.jpg
မနေ့ကတစ်ရက် ကျွန်နော် ဘာကြောင့်စာရေးပြီး ပို့စ်မတင်နိုင်တဲ့အကြောင်းလေးကို အကြောင်းပြချက်အနေဖြင့် ရင်မဖွင့်ဟချင်တော့ပါဘူး။
ကျွန်ပြောခဲ့ဖူးမှာပါ ရေးချမှုလေးတွေထဲမှာလည်း မကြာခဏဆိုသလို ရေးခဲ့ဖူးပေလိမ့်မည်။
ခိုင်လုံသောအကြောင်းပြချက်ဆိုတာ ထုတ်ခွင့်ရှိတယ်ဆိုပေမယ့်လည်း ကျွန်နော်ကို ကျွန်နော်ကတာ့ အကြောင်းပြချက် မည်မျှပင် ခိုင်မာခြင်းတွေပဲ ရှိနေပါစေ ထုတ်ခွင့်မရှိပါဘူးလို့ ကျွန်နော်လက်ခံထားခဲ့ပါတယ်။
ဘာကြောင့် ဘာအတွက် ဘယ်လိုဖြစ်နေလို့ တကယ်ပါဗျာ သက်သေပြနိုင်ပါတယ် ဒီလိုစကားလုံးတွေနဲ့ မည်သူတွေကို ဘယ်လိုပဲ ခိုင်လုံသောအကြောင်းပြချက်တွေနဲ့ တကယ်အဖြစ်ပျက်လေးတွေကို လှည့်ပတ်ပြောဆိုရှင်းပြနေပါစေ ကိုယ်လုပ်မှကိုယ်ရမယ် ငါမလုပ်ရင် ငါပဲ နောက်ကျကျန်ရစ်နေမယ်ဆိုတာ ငါအနေဖြင့် ငါ့အတွက် မေ့ထားလို့မရပါဘူး။
တစ်ရက်အလုပ်မလုပ်ပါက တစ်ရက်ဝင်ငွေမရှိနိုင်ပါဘူး။
ဒါပေမယ့် တစ်ရက်လောက်အလုပ်မလုပ်ပဲ အနားယူပြီးနေထိုင်နိုင်ကြသော်လည်း တစ်ရက်လောက်မစားမသောက်ပဲနဲ့တော့ ငါနေလို့မရနိုင်ပါဘူး။
afe4641d4de588a1ea8f8b0db4e09fd1622358e3.jpg
ဒီခန္ဒာကိုယ်ကြီးကို နေ့စဉ်နဲ့အမျှ အစာအဟာရများ ပေးကျွေးနေမှသာ ခန္ဒာကိုယ်၌ တပ်ဆင်ထားကြသော ပစ္စည်များသည် နေစဉ်နေ့တိုင်း လည်ပတ်နေသော စက်ယန္တရာကြီးတစ်ခုလို ကောင်မွန်စွာနဲ့ လှည့်ပတ်မောင်းနှင်နိုင်ပါလိမ့်မယ်။
စက်ယန္ဒရာဆိုတာ နေ့စဉ်မပျက် လှည့်ပတ်နေမှသာ နားလိုက် ရပ်လိုက် အချိန်အတော်ကြာမှတဖန် ပြန်လည် လယ်ပတ်လိုက် ဒီလိုသာ ခဏခဏ ဖြစ်နေမယ် လုပ်နေမယ် အကျင့်တစ်ခုလို ဖြစ်နေပြီဆိုရင်တော့ သိပ်မကြာခင်မှ ထိုးရပ်သွားနိုင်သလို ပျက်စီးသွားနိုင်သော အကြောင်းတရားဘက်သို့ ရောက်လို့သာသွားပါလိမ့်မယ်။
လိုရင်းတိုရှင်းအနေဖြင့်ရေးချလိုက်ပါရစေ။
ကျွန်နော် နေ့စဉ်မပျက် စာရေးပို့စ်တင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။
နေ့စဉ်လုပ်မှ အဆင်ပြေနိုင်သော ဒီစာရေးခြင်းအလုပ်ကို နေ့ရွှေ့ ညရွှေ့ နဲ့ မလုပ်ဖြစ်ပဲ တစ်ရက်ပြီးတစ်ရက် အချိန်တွေသာကုန်ဆုံးသွားမယ် မရေးဖြစ်ဘူး မလုပ်ဖြစ်လိုက်ဘူးဆိုလျှင်…………………………?
စာဖတ်သူတွေဘက်ကသာ ဒီမေးခွန်းလေးကို ကိုယ်တိုင်သာ ကိုယ့်ကိုကိုယ်ဖြေကြည့်စေချင်ပါတယ်လို့ တွေးမိသမျှ ပေါ်လာစိတ်ကူး ရေးချရင်ဖြင့် မင်္ဂလာပါဟု နှုတ်ခွန်းဆပ်သလိုက်ပါတယ်ခင်ဗျာ။
author:@thura
photo:cedit google images

Sort:  

မိုးစက်မိုးပေါက်လေးတွေစုပြီး နောက်ဆုံးမှာ ပင်လယ်ကြီးဖြစ်သွားတယ်
ဒီအဆိုလေးကို ရင်မှာပိုက်ပြီး တာဝန်မပျက်ရေးနေရတယ်ဟေ့
စိတ်ပါရင် များများရေး စိတ်မပါရင် နည်းနည်းရေး ရေးနေဖို့လိုမယ်
ရေးမှရမှာက ရေးမှကိုဖြစ်မှာဗျ

တစက်တစက်နဲ့အချိန်တခုကိုရောက်လာရင်တော့
ဝေလငါးကြီးတစ်ကောင်မဟုတ်ခဲ့ရင်တောင်
ဝေလငါးလေးတစ်ကောင်တော့စတီးမစ်မှဖြစ်ချင်စိတ်နဲ့
နေ့စဉ်ကြိုးစားနေလျက်ပါကိုဗိုလ်ဗိုလ်ရေ။

ပုရွတ်ဆိတ်တစ်ကောင်ဟာ သူ့ခန္ဓာကိုယ်အလေးချိန်ထက် အဆ ၅၀ ပိုတဲ့အလေးချိန်ကို မနိုင်တယ်

မင်္ဂလာမနက်ခင်လေးပါဆရာ
ပုရွက်ဆိတ်လေးတွေကို ကျွန်နော် အားကျအတုယူနေပါတယ်
နှံကောင်တစ်ကောင်လိုမနေထိုင်ပဲ ပုရွက်ဆိတ်လေးတွေလို
ကျင့်ကြံအားထုတ် ကြိုးစားနေလျက်ပါဆရာ

မလေးရှားက တာဝါကြီးက ant flower ကိုနမူနာယူထားတာပါ။

ကျွန်နော်ကတော့ ဆရာနမူနာကိုပဲယူတော့မယ်ဗျာ

This post has received a 2.61 % upvote from @drotto thanks to: @thura.

ကူညီနေခြင်းအမြဲပြုနေတဲ့အတွက်thanksပါခင်ဗျာ

How Cool!

You got a 32.26% upvote from @coolbot courtesy of @thura!

Help us grow, delegate today!

အကောင်းဆုံးဆုလဒ်ကိုပေးစွမ်းလာတဲ့အတွက် ဝမ်းသာပီတီဖြစ်မိပါတယ်ဗျာ

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 16.00% upvote!
I was summoned by @thura. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ဘုတ်ကြီးကြီးလုပ်စားကိုင်စားနေကြတဲ့သူတွေထဲမှာ
ကိုနင်ဂျာကိုသံယောဇဉ်အရှိဆုံးပါပဲဗျာ

မရေးဖြစ်မလုပ်ဖြစ်ဘူးဆိုရင်စုဆောင်းမိတော့$ကလေးမရဘူးပေါ့

ဟုတ်ပါတယ်အစ်မမိုးဝေ
ရေးတင်နိုင်အောင်တော့ နေ့စဉ်ကြိုးစားလုပ်ဆောင်နေလျက်ပါပဲ
ရေးမှရမှာဆိုတော့လည်း ရေးနေရတာပါပဲအစ်မရေ။

မှန်ပါတယ်ခင်ဗျာ
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ တရက်အလုပ်လုပ်ရင်
တပါတ်လောက်ထိုင်စားလို့ရတယ်ခင်ဗျ၊
ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ
နေတဲ့အတွက် နေ့စဉ်အလုပ်မပျက်လုပ်နိုင်ပါမှ
တော်ကာကျပါတယ်။

မင်္ဂလာပါ ကိုအဂ္ဂခင်ဗျာ
ကိုအဂ္ဂပြောသလိုပါပဲ
ဒါပေမယ့်နေ့စဉ်မပျက်အလုပ်လုပ်နေသော်လည်း
အဆင်ပြေတလှည့် မပြေတလှည့်နဲ့
အဆင်ပြေအောင်တော့ ကြိုးစားနေကြရတာပါပဲဗျာ။p

ခေး လာလည်တေနော်.. အဟိ😋😋😋😋ခေးကိုrewardပေးနော် အဟိ😋😋😋

ခလေးရယ် ဘာကြောင့်များ မင်းနဲ့ကျမှငါစိတ်တွေရိုင်သလဲ
အဲလ်စ်သီချင်းလေးကိုအမှတ်ရမိလို့ပါလေ
ကိုယ်လာရင်ကြိုမှလားလို့လေ ဟဲဟဲ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64504.36
ETH 3414.70
USDT 1.00
SBD 2.51