အဆင်ပြေပါတယ် အမေ

in #myanmar6 years ago

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-2-a9490b46ab631

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8ef4cd60ca2f

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7fbc908e0990d

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-5-cdc16bf4a4bd8

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-6-1f639b0c9dfb3

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7-ad8eccc034d

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8-db3425530bd15

ဆိုင်ရှင် လောပန်းမှ ယနေ့ည အလုပ်သိမ်းချိန်တွင် အသိပေးစရာရှိသည်ဟုဆိုကာ မလွန်းတို့အားလုံးကို အလုပ်သိမ်းချိန်တွင် လူစုစေသည်။ မလွန်းတို့ လူစုံချိန်တွင် ဆိုင်ရှင်မှ မိမိသည် ဆိုင်ခွဲအသစ်ထပ်ဖွင့်ကြောင်းနှင့် ထိုဆိုင်ခွဲသည် (------)နယ်ထဲတွင်ရှိကြောင်း တရုတ်စကားကောင်းစွာ ပြောဆိုတက်နေပြီဖြစ်သော မလွန်းတို့အဖို့ အခက်အခဲမရှိ ဆိုင်ခွဲတွင် အလုပ်လုပ်နိုင်သည်ဟု မိမိမျှော်မှန်းသောကြောင့် ထိုဆိုင်တွင် မိမိကို ၃လတန်သည် ၄လတန်သည် လုပ်ပေးစေချင်ကြောင်း လစာငွေလည်း ဒီထက် ၃ဆ တိုးပေးမည်ဖြစ်ကြောင်း ယခုဆိုင်ကို လူသစ်များထပ်ထည့်မည်ဖြစ်ကြောင်း ဆိုင်ရှင်မှ သူ့လုပ်ငန်းနှင့် ပတ်သက်၍ ပြောဆိုပါသည်။ မိမိတို့ ဆန္ဒဖြင့်သာ ဆုံးဖြတ်၍ မိမိအား ကူညီကျစေလိုကြောင်းနှင့် မနက်ဖြန် မိမိအား အကြောင်းပြန်ပေးစေလိုကြောင်း ပြောပါသည်။

အိပ်ခန်းပြန်ရောက်သည်နှင့် မလွန်းတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကျပါသည်။ မနော်ထူးက စ ၍ ချစ်သူရည်းစားလည်းမရှိ ထောက်ထားစရာလည်း မရှိသဖြင့် မက်မောစရာ လစာငွေကြောင့် ထိုဆိုင်သစ်ကို သွားရန်ဆုံးဖြတ်သည်။ မလွန်းကိုလည်း မိမိနှင့်လိုက်ခဲ့စေလိုသော်လည်း မလွန်း သဘောဆန္ဒအတိုင်းသာဆုံးဖြတ်ပါဟု ဆိုသည်။ မကျင်ခန်းကတော့ ချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်သောကြောင့် မလိုက်လိုကြောင်း ငြင်းသည်။ ဖြိုးစံပယ်နှင့် မိုးထက်တို့ ၂ယောက်ကလည်း ထိုဆိုင်သစ်သို့ သွားမည်ဟု ပြောသည်။ ပို၍ သုံးနိုင်ဖြုန်းနိုင်မည့် နေရာသစ်ကို စိတ်ဝင်တစားရှိကျသည်။

image
credit image source

သို့နှင့် မလွန်းတို့ ၅ ယောက်တွင် ၃ယောက်က လိုက်ရန်ဆုံးဖြတ်သည်။ မလွန်းကတော့ ရွာပြန်ပြီးပြန်လာမှသာလျှင် ဆုံးဖြတ်မည် ဖြစ်ကြောင်း အကြောင်းပြန်သည်။ ထို့ကြောင့် ဆိုင်ရှင်မှ လစာငွေ ၃လစာကို ထုတ်ပေးပြီး မလွန်းကို အိမ်ပြန်ရန် ခွင့် ၃ရက်ဖြင့် သဘောတူလိုက်သည်။ မိမိဆိုင်ကို ပြန်လာရန်လည်း အထပ်ထပ်မှာကြားလိုက်သည်။ မလွန်းလည်း ခွင့်ပြုချက်ရသည်ဖြစ်၍ ချစ်သူထံ ဖုန်းဆက်ကာ ညနေတွေ့လိုကြောင်း ချိန်းဆို၍ ပြောပြတိုင်ပင်ပါသည်။ ထိုသူမှလည်း ဆိုင်သစ်တွင် ပြောင်းရွှေ့လုပ်ကိုင်ပါက မိမိဒေသနှင့် နီးကြောင်း ပြောပြပြီး ပြောင်းရွှေ့ပါက မလွန်းအတွက် ပိုအဆင်ပြေမည်ဖြစ်ကြောင်း ပြောပါသည်။

မလွန်း၏ အိမ် အပြန်ခရီးသည် သာယာလှပနေပါတော့သည်။ ဖခင်အတွက် မိခင်အတွက် မောင်နှမများအတွက် လက်ဆောင်ကိုယ်စီနှင့် မလွန်း မျက်နှာသည် အပြုံးပန်းဝေနေတော့သည်။ ရွာကိုရောက်တော့ ရွာထိပ်တွင် မိသားစုအားလုံး လာကြိုကျသည်။ အိမ်အပြန်လမ်းတွင် မလွန်းလက်ကို တဖက်တချက်စီတွဲကာ မောင်နှမ ၃ယောက်သား စကားတွေ ရွှမ်းရွှမ်းဝေနေကျသည်။ အိမ်ရောက်တော့ ခဏ အနားယူကာ မလွန်းနှင့် အမေက ချက်ပြု တ်ရန် ပြင်ဆင်ကျသည်။ မလွန်း အမေ့မျက်နှာကို သေချာလိုက်ကြည့်နေမိသည်။ မိမိတွင် ပြောစရာကလည်း ရှိသည်ကိုး။ မျက်နှာအနည်းငယ်ချောင်ကျသွားသော အမေ့တွင် ဘယ်လို စိုးရိမ်ပူပန်မှုမျိုးရှိနေပါမလဲလို့ မလွန်းတွေးကြည့်နေမိသည်။ မိမိကိစ္စအား ပြောသင့် မပြောသင့် ချင့်ချိန်နေမိလေသည်။ ဒီနေ့တော့ ခရီးရောက်မဆိုက်မို့ မပြောချင်သေး။ မပြန်ခင် တရက်ရက်တော့ အမေ့ အရိပ်အခြေကြည့်ပြီး ပြောမည်ဟု တွေးထားလိုက်သည်။

image
credit image source

@suhlaing
msc 175

Sort:  

ကိုရေချိုးနေလို့လွန်း ကိုလာခဲ့မယ်နော်..လွန်းပြန်လာမယ်သတင်းကြားထဲက လွန်းအိမ်မှာရေဆွဲပေးထားတာအပြည့်ပဲ...အမောပြေချိုးလိုက်ပါအုံးလွန်းရေ။ဟီဟိ။

စမ်းချောင်းက မလွန်းတို့အိမ်နောက်မှာစီးနေတာလေအေ အဖားကျန်းဒါ ဒါက

အရိပ်အခြေကြည့်ပြီးမှသာပြော....
မဟုတ်ရင် အမေဆူတာခံနေရမယ် မလွန်း 😁

အဲ့ဒါကြောင့် အမေ့မျက်နှာ ကြည်လားစောင့်နေတာ

အော် ပြောရသေးဘူး ဘဲ

ပြောရသေးဘူး မမမြန်မာရေ

မလွန်းက​တော့အိမ်​ပြန်​​ရောက်​သွားပြီ

အခုတော့ ပျော်နေရှာလေရဲ့ မအိရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ခွင့် ၃ရက်တည်းလားမလွန်းရယ်.......😁😁

3ရက်တောင် မနည်းပေးတာပါအေ

ဘာတွေဆက်ဖြစ်မလဲ ရင်တလှပ်လှပ်နဲ့

ဇာတ်တော့ သိပ်မနာစေချင်ဘူး 😂

အိပ်​ပြန်​ရ​တော့ ​ပျော်​​နေမှာ​ပေါ့​နော်​ မလွန်း

ပျော်တာပ ကိုအောင်ကြီးရယ်

မပြေလဲ ပြေတယ်ပြောတာအမရေ
အမေ့ကိုစိတ်မညစ်စေချင်ဘူးဗျာ

ဒါလည်း မိဘကို ကျေးဇူးဆပ်ခြင်းတစ်မျိုးပေါ့အေ

မ​ပြောပြီး မတီးမမည်​ ဆိုသလို
ပြော​တော့​ပြောရမာဘဲ​ယေ​နော

သမီးလိမ္မာလေးကိုး

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 63997.36
ETH 3133.23
USDT 1.00
SBD 4.15