အဆင်ပြေပါတယ် အမေ (၇)

in #myanmar7 years ago

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-2-a9490b46ab631

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8ef4cd60ca2f

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7fbc908e0990d

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-5-cdc16bf4a4bd8

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-6-1f639b0c9dfb3

ထို့ အပြင်ထိုသူမှ မလွန်းကို မြတ်နိုးနေကြောင်း ဆိုင်ရှင်လောပန်းမှ ပြောပြနေပါသည်။ ရှက်ခြင်း ကြောက်ခြင်းနှင့် အတူ အပျိုစင်လေး မလွန်းမှာ မျက်နှာပြင်တစ်ခုလုံး နီရဲကာ ခေါင်းငုံ့ပြီးနားထောင်နေရပါသည်။ ဆိုင်ရှင်က မလွန်းသဘောတူပါက မလွန်း မိဘများထံ လာရောက်တောင်းရမ်းစေမည်ဖြစ်ကြောင်း လူကောင်းတစ်ဦးနှင့် အိမ်ထောင်ရက်သား ကျရမည်ဖြစ်သောကြောင့် မလွန်းအနေဖြင့် ဘဝတစ်လျှောက်လုံး ချမ်းသာတော့မည် ဖြစ်ကြောင်း ပြောနေလေသည်။ ဆိုင်ရှင်၏ စကားအဆုံးတွင် မလွန်းသည် မိမိ စဉ်းစားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါသည်။ ထိုသူကလည်း တရုတ် ဘာသာစကားဖြင့် မိမိအားချစ်မြတ်နိုးမှသာ ဆုံးဖြတ်ပါရန်နှင့် ဇွတ်အတင်း မတိုက်တွန်းပါဟု ပြောပါသည်။

ထိုညတွင် မလွန်းထံ ထိုသူရောက်လာပါသည်။ ၄ sectionယူတွင် ၁ sectionသာ အနှိပ်ခံ၍ ကျန် sectionမှာ မလွန်းကို သူ မည်မျှအထိ ချစ်မြတ်နိုးပါကြောင်းနှင့် လက်ထပ်ပြီးပါက မလွန်း ဆန္ဒ မလွန်း သဘောသာဖြစ်ပါသည်ဟု အထပ်ထပ် ကတိပေးနေလေသည်။ ထိုသူမှာ မွေးချင်း ညီ အစ်ကို ၃ယောက်ရှိပြီး မိမိမှာ အငယ်ဆုံးဖြစ်ကာ မိဘများပိုင်ဆိုင်သမျှသည်လည်း မိမိ၏ ပိုင်ဆိုင်မှုပင်ဖြစ်ကြောင်းနှင့် ၄င်းကျောင်းတက်စဉ်က ပျော်ခဲ့ပုံများကို ဖွဲ့နွဲ့ကာ ပြောပြနေလေသည်။ မလွန်းကဲ့သို့ ရုပ်ရည်ချောမောလှပသူလေးကို အိမ်သူသက်ထားအဖြစ် ရွေးချယ်နိုင်ခဲ့လျှင် ထိုသူ၏ မိဘများမှာလည်း အတော်ပင် ဝမ်းသာကျပေမည်ဟုလည်း ပြောပါသည်။

image
credit image source

မလွန်းသည် အချစ်နှင့် ပတ်သက်လျှင် အတွေ့အကြုံ မရှိပါ။ ထိုသူ၏ စကားများနှင့် မလွန်း လှပကြောင်း သူ ဘယ်လောက် ချစ်ကြောင်းပြောဆိုသော စကားများတွင် မလွန်း သာယာစပြုလာပေပြီ။ ဒီတွင် တစ်ခန်းရပ်၍ မလွန်းသည် အတွေ့အကြုံမရှိသော အပျိုစင်လေးဆိုသည်ကို စကားစပ်ပါမည်။ မလွန်းသည် ယခု အရွယ်အထိ ချစ်သူရည်းစားမထားဖူး။ လက်ကလေးပင် အကိုင်မခံဖူးသော ယင်ဖိုမသန်းသည့် အပျိုစင်လေးဖြစ်ပါသည်။ တစ်ချို့ ပုရိသများက တွေးထင်ပေမည်။ အနှိပ်ခန်းတွင် အလုပ်လုပ်နေသော မိန်းကလေးသည် အပျိုမစစ်နိုင်။ မှန်ပါသည်။ သို့သော် မလွန်းတို့ဆိုင်ကဲ့သို့ အနှိပ်ခန်းသည် စည်းကမ်းတင်းကြပ်လှပေသည်။ ဆိုင်ထဲတွင် မည်သည့် ပြဿ နာမျှ အဖြစ်မခံ။ မှဲ့တစ်ပေါက်မစွန်းစေရ။ လက်ကိုင်လျှင်ပင် ဒဏ်ကြေးပေးဆောင်ရပါသည်။ ဆွဲလား ရမ်းလားလုပ်ပါက ဆိုင်မှ ဌားရမ်းထားသော လူမိုက်များက ဆိုင်အပြင်အထိ ဆွဲထုတ်တက်ကျသည်။ ထို့ကြောင့် အမှန်တကယ် အနှိပ်ခံလိုသော ပုရိသများသာ အလာများပါသည်။ သို့သော် မိန်းကလေးက သဘောတူပါက လုပ်ငန်းချိန်ပြင်ပတွင် မိမိနှစ်သက်ရာ အမျိုးသားနှင့် အပြင်လိုက်ခွင့်ရှိသည်။ ဆိုင်အတွင်းမှာတော့ မည်သည်အမှုကိစ္စကိုမျှ လုပ်ဆောင်ခွင့်မရှိပေ။ ထိုအချက်များသည် မလွန်းတို့ ဆိုင်၏ စည်းကမ်းများပင်ဖြစ်သည်။

image
credit image source

ခုရက်ပိုင်း လှသထက် လှအောင် မလွန်း ပြင်ဆင်နေမိသည်။ကြည့်မည့်သူရှိတော့လည်း ပို၍ လှချင်လာသည်ပေါ့။ လှလိုက်တာ မလွန်းရယ်ဆိုသည့် စကားသံထဲတွင် မလွန်း သာယာတက်နေပြီ။ ရင်ထဲ ပျော်သလိုနှင့် တစ်ယောက်တည်ြး့ပုံးနေတက်သော မလွန်းကို မနော်ထူးကလည်း မျက်စောင်းထိုးနေပြီ။ အချစ်ဆိုသော မရာသည် နားလည်ရတော့ ခက်ပါသည်။ ဘာသာမတူ လူမျိုးမတူသော်လည်း ထိုသူ့ကို မလွန်း ချစ်သည်လေ။ ထိုသူကလည်း မလွန်းကဲ့သို့ ထပ်တူ ချစ်သည်ဟု မလွန်း ထင်ပါသည်။

@suhlaing
msc 175

Sort:  

မရခင်​ ဖျာလိုလိပ်​ကာ ထိပ်​​ပေါ်မှာ​တောင်​ တင်​ထားမယ့်​ ​မောင်​မင်းကြီးသား ​ယောက်ျား​တွေမှာကွယ်​ ..... 😀

အကြောင်းသိ အဆင်းသိတွေလား

ကိုယ့်လောက်တော့မင်းကိုချစ်နိုင်လိမ့်မယ်မထင်ပါဘူးလွန်းရာ။အေးပေါ့လေ အပြင်မှာမရှိတော့လဲ ဒီဇာတ်လမ်းထဲကလွန်းကိုသံယောဇဉ်ဖြစ်နေမိပါပကော။အက်လဲ့

မတ်မတ်စုတို့ ငယ်ငယ်တုန်းက အိုရှင်း ဇာတ်လမ်းတွဲတွေ အကြည့်များလို့ အိုရှင်းကို စွဲလမ်းခဲ့ဖူးတယ်

စည်းကမ်းတင်းကျပ်တဲ့ဆိုင်မှာ မလွန်း အလုပ်လုပ်ရတာ
မဆိုးဘူးလို့တော့ပြောလို့ရတယ်။
ဒါပေမယ့် အရိုင်းပန်းလေး မလွန်းတော့ အချစ်ပြုစားတာ ခံရတော့မယ်.......

အချစ်ဆိုတာကလည်း အမှားအမှန်ခွဲခြားနိုင်ဖို့ တွေဝေစေတယ်လေ

အချစ်ရဲ့ စွမ်းအား 😂😂

ကြီးမားလှပါတယ်

မလွန်းသူရင်​​တေခုန်​​နေပြီ🙂🙂

ငယ်ရွယ်နုနယ်သူရဲ့ ရင်ခုန်သံပေါ့အေ

ကျေးဇူးပါ chitsone ညီမလေးရေ

အချစ် အချစ် …… အော်

ဟုတ်ပါတယ် အချစ်နဲ့တွေ့ရင် ရင့်ကျက်တဲ့ ယောက်ျားကြီးတွေတောင် မှားတက်ပါတယ်

မလွန်းလိုမိန်းက​လေးမျိုး​တွေအပြင်​မှာလည်းအများကြီး​နေမှာ​နော်​။

ဟုတ်တယ် ညီမလေးရေ

သြော် အချစ်နဲ့တွေ့သွားတော့လည်း

တားမရတော့ဘူးပေါ့ ညီမရယ်

လှလိုက်တဲ့မစု အဲ မလွန်းရယ်

ဇာတ်ကောင်နဲ့ စာရေးသူ မကွဲပြားတော့ဘူး ဦးထွေး

Coin Marketplace

STEEM 0.09
TRX 0.31
JST 0.031
BTC 111448.58
ETH 3830.89
USDT 1.00
SBD 0.62