အဆင်ပြေပါတယ် အမေ (၃)

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-2-a9490b46ab631

အဆင်စုံ အသွေးစုံဖြင့် လှပသော အကျီင်္ လုံခြည်လေးများကို ငေးကြည့်ရင်း မလွန်း တစ်ယောက် လိုခြင်စိတ်ကို ချိုးနှိပ်နေရသည်။ လိုလည်း လိုခြင်ရှာသည်ပေါ့။ အခုမှ မလွန်းအသက်က ၁၈နှစ်ပြည့်ရန် လပိုင်းတောင်လိုသေးတာဘဲ။ သည် အရွယ်က လှချင်ပချင်ပြီလေ။ မိဘများစားဝတ်နေရေးကြောင့်သာ သေစာရှင်စာဖတ်တက်ရုံဖြင့် ကျောင်းထွက်ကာ မနိုင်ဝန် ထမ်းခဲ့ရတာ။ မိမိအတွက် မပြည့်စုံစေကာမူ မိသားစုအတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးရတာကိုဘဲ မလွန်း ကျေနပ်ရပါသည်။

ထိုတစ်ညတော့ အမွန်းတို့ အဒေါ်အိမ်တွင်ပင် ညအိပ်တည်းခိုကာ မနက်အစောကားနှင့် ရွာပြန်ရန်စီစဉ်ထားသည်။ မလွန်းတို့ အိမ်ပြန်ရောက်တော့ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးနှင့် အမွန်းတို့ အဒေါ်မှာ စကားလက်စုံ ကျလျှက်ရှိသည်။ အဒေါ်မိတ်ဆက်ပေး၍ သိရှိရသည်မှာ အဒေါ့် ကျောင်းနေဘက်သူငယ်ချင်း၏ သမီးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသတွင် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း လွန်စွာအဆေင်ပြေကြောင်းနှင့် မကြာမီတွင် သူမ၏ ချစ်သူ တရုတ်အမျိုးသားနှင့် လက်ထပ်တော့မည်ဖြစ်ကြောင်း သိရပါသည်။ လက်ထပ်ပွဲအတွက် ခန်းဝင်ပစ္စည်း အပြည့်အစုံနှင့် တင်တောင်းငွေမှာ မလွန်းအဖို့ မကြားဖူးသော ငွေကြေးပမာဏဖြစ်သည်။

image

မလွန်းတို့အားလည်း အလုပ်လုပ်ချင်ပါက မိမိတာဝန်ယူ အလုပ်သွင်းပေးမည်ဖြစ်ကြောင်း လုပ်ခငွေကြေးမှာ မက်လောက်သော ပမာဏဖြစ်သဖြင့် မိသားစုအားလုံးကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြောင်း ရွှမ်းရွှမ်းဝေအောင် ပြောပြလေသည်။ မလွန်းနှင့် အမွန်းလည်း ငယ်ရွယ်သူများဖြစ်ရကား အားကျမိလေသည်။ မိမိတို့ ဘဝရှေ့ရေးအတွက် လုပ်သင့်သည်ဟု ထင်မှတ်ကျပြီးလျှင် ရွာပြန်ကာ မိဘများနှင့် တိုင်ပင်ကျမည် ဖြစ်ကြောင်း ခွင့်ပြုပါက အလုပ်သွင်းပေးစေလိုကြောင်း ပြောကြားကာ နောက်နေ့နံနက်တွင် ရွာသို့ ပြန်လာခဲ့ကျလေသည်။

image

@suhlaing
msc 175

Sort:  

ဘာ​တွေဆက်​ဖြစ်​မလဲ သိချင်​​နေပြီ အစ်​မ​ရေ .. မလွန်းကို ​ပြော​ပေး​နော်​ .. အယုံမလွယ်​နဲ့လို့ .. ​နော်​ .. ​နော်​ ..😀

ခလိန်းအရွယ်ပါဆိုအေ

မလွန်းကိုပြောပေးပါ......
အဲ့ဒါ ဂျင်းအကြီးကြီးလို့ 😁

တိုင်းရင်းသူလေးမို့ ဂျင်းမှန်းသိဘူးဆင့်

အလိမ်အညာ လူတွေဖြစ်နေမလားပဲ့

အရိပ်ပြတော့ အကောင်မြင်ပြီလေ

လူကုန်​ကူး မို့လားမသိဘူး​နော်

ခပ်ဆင်ဆင်ပါဘဲ အောင်ကြီးရေ

ဒါတစ်သက်တစ်ကျွန်းနော်..မယားငယ်ရောင်းစားမှာထင်တယ်ခ်ခ်..မက်မက်စုနော်အုပဒေနက်မကင်းပု

နာ ဟုဘူးနော် တိုင်နက်

ဆက်​ဖတ်​ချင်​​နေပါပြီရှင့်​။

အားပေးတဲ့ အတွက် ကျေးဇူးပါ မအိရေ

ဖတ်ရတာအရှိန်တက်နေp
အဆက်ကိုမျော်pဗျာ

proတိုင်း ဆက်ရေးသွားပါ့မယ် အားပေးတာ ကျေးဇူးပါ

ဟုတ်ကဲ့

လောဘတက်အောင်ဖြာရောင်
ပန်းကောင်းအညွန့် ချိုးကျ
ဒီလိုလူတွေကြောင့် ခက်ပါဘိ

ဟုတ်တယ် ဦးထွေးရေ အဲ့လိုလူတွေကြောင့် တနေ့တခြား ကြောက်ဖို့ကောင်းလာတာ

This post has received a 3.35 % upvote from @boomerang.

မလွန်းအတွက် စိတ်ပူမိတယ်

သူ့ ဘဝလေးကိုက စိတ်မကောင်းစရာပါ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60166.58
ETH 2964.21
USDT 1.00
SBD 3.79