အဆင်ပြေပါတယ် အမေ (၂)

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7
မိသားစု စကားဝိုင်းလေးတွင် မလွန်း မြို့တက်မည် ဖြစ်၍မိခင်နှင့် ဖခင်တို့က လိုအပ်သည်များမှာကြသည်။ မောင်နှမများမှလည်း ပူဆာသည်များ မှတ်သားရပြန်သည်။ ထို့နောက် မိသားစု တစ်စုလုံး ခပ်စောစောပင် အိပ်ယာဝင်ခဲ့ကျသည်။ ထရံကြားမှ လရောင်က ခပ်ပျပျလေး ထိုးထွက်နေသည်။ မလွန်း အိပ်မပျော်နိုင်ပါ။ မနက်ဖြန် မြို့တက်ရမည့် အရေး တွေးနေမိသည်။ မလွန်းနှင့်အတူ တရွာတည်းနေ သူငယ်ချင်း အမွန်းလည်း ပါမည်။ မြို့ရောက်လျှင် အမွန်းတို့ ဆွေမျိုးအိမ်တွင်တည်းခိုရန် စီစဉ်ထားသည်။ ဝယ်ခြမ်းရမည့် ပစ္စည်းများနှင့် ကုန်ကျမည့် ငွေကြေးပမာဏကို မလွန်းတစ်ယောက် စိတ်တွက်နှင့် တွက်နေမိသည်။ သို့နှင့် အချိန်ကာ လင်းကြက်ပင်တွန်ချေပြီ။
image
မျက်နှာသစ် ခြေလက်ဆေးကြောပြီးသည်နှင့် ဝတ်ပြု ဆုတောင်းနေစဉ် အိမ်ရှေ့မှ အမွန်း ခေါ်သံကြားလိုက်ရသည်။ ဆုတောင်းခြင်းကို အဆုံးသတ်ပြီး အိတ်ကလေးကို ဆွဲကာ ခပ်သွက်သွက်လေး အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ မလွန်းတို့ ရွာလေးက ပေတရာလမ်းမနှင့်ဆိုလျှင် ၃မိုင်ခန့် အတွင်းဝင်ရသည်။ ကားလမ်းမပေါ်ရောက်မှသာလျှင် မြို့သွားမည့် ကြားကားများကို တားဆီးရမည်ဖြစ်သည်။ သူငယ်ချင်း နှစ်ယောက် စကားတပြောပြောဖြင့် လျှောက်လာကျရာ ခဏနှင့်ပင် ရွာထိပ်သို့ ရောက်လာကျသည်။ ကံကောင်းသည်လောမပြောတက် သိပ်ကြာကြာမစောင့်လိုက်ရဘဲ ကားကြုံရကာ တား၍ လိုက်ပါစီးနှင့်ခဲ့ကျပါသည်။

မြို့ရောက်တော့ အမွန်းတို့ ဆွေမျိးများအိမ်တွင် တည်းကျရသည်။ အမွန်းတို့ အမေ၏ ညီမ အိမ်ဖြစ်သည်။ မြို့သားနှင့် အိမ်ထောင်ကျကာ မြို့မှာပင်အခြေချနေထိုင်နေသူဖြစ်သည်။ အဆင်းရဲကြီး မဟုတ်သော်လည်း သိပ်တော့ဖြင့်ချောင်လည်ပုံမရဟု မလွန်းသုံးသပ်မိသည်။ ပါလာသော ခြံထွက်လက်ဆောင်ပစ္စည်းများကို ပေးရင်း ဈေးဝယ်ရန်အတွက် သူငယ်ချင်း ၂ယောက်သား ဈေးဘက်ထွက်လာခဲ့တော့သည်။ ဈေးတွင် ဝယ်ခြမ်းစရာများ ဝယ်ပြီးသည်နှင့် ဈေးပတ်ကာ လျှောက်ကြည့်ကျသည်။
image
ဆက်ရန်....

@suhlaing
msc 175

Sort:  

မမလွန်းမြို့ကပြန်​လာရင်​ သားသားအတွက်​ ကစားစရာဝယ်​ခဲ့ပါ .. ပါမလာရင်​ စိတ်​ဆိုးမှာ .. ဒါပဲ ဟွန့်​ .. 😂😂

ပိုက်ဆံမလောက်လို့ နောက်တပတ်မှယူတဲ့ သားသားရေ

မတ်မတ်စု ပုံတေက ခွက်ဒစ်မပေးဘူးလား ချိတတ်က ကြောင်နေဒါနော် ရောက်လာအူးမေ

ကိုစောလွင်ရဲ့ ဒီပိုလ့်မှာ ဝင်ဖတ်ကြည့်ပါ ဦးဇင်း ခွက်ဒစ်စရာမလိုဘူး ဒီကနေ ယူသုံးထားတာ freeခွင့်ပြုထားပါတယ်
https://steemit.com/myanmar/@sawlwin/information-about-free-photo-resources

ဈေးဝယ်ပြီးရင် ချက်ပြုတ်မယ်ပေါ့ ။ဒါပေမဲ့ မထင်ပါဘူး သူများအိမ်မှာဆိုတော့ ဧည့်သည် လုပ်မယ်ထင်တယ်။

ချက်ပြုတ်တာတော့ ပါဘူး နောက်တစ်ပိုဒ်ကို ဇာတ်ရှိန်ပြန်တင်ထားတယ်

ရော်.. စာကဖတ်တုန်း ရှိသေး ဆက်ရန်တဲ့

အပိုင်းလေးတွေ ခွဲခွဲတင်သွားမယ် ဦးထွေး ဇာတ်ဆန့်ရင် ဆန့်သလောက်ရှည်မှာ

ခေါင်းစဉ်ကြည်ပြီးဇာတ်လမ်းကိုခန့်မှန်းနေတာ 😁😁

သမီး အဆင်ပြေပါတယ် အမေလို့ ဇာတ်သိမ်းကျမှာ ပြောမှာ 😁

အားပေဲးပါတဗျာ

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

စိတ်​ဝင်​စားလာပြီ​နောက်​အပိုင်းမြန်​မြန်​တင်​ပါရှင့်​။

နောက် pro ပြန်တင်မယ် မအိရေ အားပေးတာကျေးဇူးပါ

မလွန်းတစ်​​ယောက်​မြို့​ရောက်​​သောအခါ

ဆက်ရန်လာမည် အောင်ကြီးရေ

အမွန်းဆိုတာ ဟိုဆက်ဆီ အဆိုတော်လားမက်မက်စု

ငမ်းးးး ပြောတက်တာ ခိုခိုဇာ

စကားပြောနေကြတာ လူလည်းတစ်ယောက်မှမပါဘူး 😁😁😁

အဲ့လိုရေးသားနည်းကို သဘောကျလို့ ကလင်းရေ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63373.75
ETH 3170.63
USDT 1.00
SBD 3.88