SPG1 Supporting Plan_Contest #2

in #myanmar8 years ago (edited)

received_1875258636104828.png


မင်္ဂလာပါ မိတ်ဆွေတို့

contest #1 မှာ ပြိုင်ပွဲဝင်သူ ၉ဦးရှိခဲ့ပြီး စည်းကမ်းနဲ့ မညီလို့ ပယ်လိုက်ရတဲ့ ပြိုင်ပွဲဝင် ၂ဦးရှိတာကြောင့် ဆန်ခါတင် ၇ဦးပဲ ကျန်ခဲ့ပါတယ်။

ဦးဇင်း @gunapeya က sp 100 ထက် ကျော်လွန်သူဖြစ်တာကြောင့် ချန်လှပ်ခဲ့ရတာပါ။ ထို့ပြင် image source ကို အတိအကျ credit မပေးထားတာလည်း တွေ့ရပါတယ်။

အန်တီ @moewaikamawet က စာအရေးအသားကောင်းပါတယ်။ သို့သော် ပုံတွေကို ယူသုံးရာမှာ image source ကို credit မပေးထားတာက အားနည်းချက်ဖြစ်သွားပြီး ပြိုင်ပွဲစည်းကမ်းအရ ချန်လှပ်ခဲ့ရပါတယ်။

ပြိုင်ပွဲစည်းကမ်းများကို အသေးစိတ်သိရှိလိုပါက အောက်ပါ Link ထဲမှာ ဖတ်ရှုနိုင်ပါတယ်။


https://steemit.com/myanmar/@steempowergroup1/rules-of-our-supporting-plan


ဆန်ခါတင် ၇ ဦးမှာ -

  • @chitsone က စာအရမ်းတိုနေသလို စာတစ်ပုဒ်လုံးမှာ စာဖတ်သူကို ပေးစရာ စာ ၂ကြောင်းပဲ ထွက်ထားတာကြောင့် အကောင်းဆုံးရေးသားသူ စာရင်းမှာ မပါဝင်တော့ပါဘူး။

  • @zawhtat က သမားရိုးကျဇာတ်လမ်းတစ်ပုဒ်ကို ခြယ်မှုန်းထားတဲ့အသွင်ပေါ်နေပြီး နောက်ဆုံးစာပုဒ်မှာ အတိုချုံ့ထားဟန်က စာဖတ်သူကို လွမ်းဆွေးမှုပေးလိုတဲ့ ရည်ရွယ်ချက် မပြည့်ဝစေတော့ပါဘူး။

  • @myanmarkoko ကတော့ အားထုတ်နိုင်သော်လည်း အားမထုတ်ထားသလို ဖြစ်နေပါတယ်။ ပုံတင်ရုံသပ်သပ် post ရေးသည်မဟုတ်ဘဲ မိမိ၏ ခရီးသွားအတွေ့အကြုံနှင့် ပုံများကို ဆက်စပ်ကာ review ကောင်းကောင်း ရေးနိုင်တဲ့အခြေအနေမှာ ရှိခဲ့ပါတယ်။

  • @aunggyi100 နှင့် @nweoomon တို့ကတော့ အခန်းဆက်ရေးသားပုံချင်း တူညီနေပါတယ်။ သို့သော်လည်း နောက်လာမည့် အခန်းဆက်ကို သိလိုသည့် စာဖတ်သူ၏စိတ်ကို နှိုးဆွရာရောက်သော အခန်းဖြတ်တောက်ပုံမှာ @nweoomon က သာလွန်သွားပါတယ်။ ဒါကြောင့် သူ့ကို winner တစ်ဦးအဖြစ် ရွေးချယ်လိုက်ပါတယ်။ tag တွဲရာမှာ novel ဟု အဓိပ္ပာယ်အမှန် ပြင်ဆင်ဖို့တော့ @nweoomon ကို အကြံပြုလိုပါတယ်။

  • @mahaw ကိုလည်း winner အဖြစ်ရွေးချယ်ပါတယ်။ ၀ါကျတိုများနှင့် ခက်ခဲသည့်စကားလုံးများကို အလွယ်တကူနားလည်လွယ်အောင် ရေးသားထားသည်မှာ ချီးကျူးစရာကောင်းပါတယ်။ အကယ်၍ မှတ်သားထားသည့်သည့် အကြံပြုချက်များကို တစ်ကြောင်းချင်းစီ ရှင်းရှင်းလင်းလင်းမြင်အောင် ရေးသားပါက ပိုမိုကောင်းမွန်မယ်ဟု ယူဆမိပါတယ်။

  • @thithisann ရေးသားသည့် Post ကလည်း ဒီပြိုင်ပွဲမှာ winner ဖြစ်သွားပါတယ်။ မိမိဆိုလိုသည့် အဓိပ္ပာယ်ကိုရောက်အောင် ဆက်စပ်ရေးသားသွားဟန်မှာ newbies များအတွက် အတုခိုးစရာဖြစ်ပါတယ်။ သူက @ptcmyanmar ကျင်းပတဲ့ ပြိုင်ပွဲမှာလည်း အနိုင်ရထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်လျှင် steembasicincomes ကို tag တစ်ခုအနေနဲ့ စာရေးတိုင်း ထည့်ပါလို့ အကြံပြုလိုပါတယ်။ ဒါမှသာ @steembasicincomes က @ptcmyanmar ပေးထားတဲ့ share အတိုင်း upvote ကို ရရှိမှာ ဖြစ်ပါတယ်။


@steempowergroup1 ၏ contest #2 အတွက် ပြိုင်ပွဲဝင် post များကို ယနေ့ည ၈နာရီ မတိုင်ခင်အတွင်း ယခု post အောက်တွင် comment ပေးနိုင်ပါပြီ။ ထပ်မံဆုရရှိသူများကို 27.05.2018 တွင် ကြေညာပေးမည် ဖြစ်ပါတယ်။


အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

received_1875260849437940.png


@steempowergroup1

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 63721.87
ETH 1794.34
USDT 1.00
SBD 0.38