Power 2

in #myanmar8 years ago

FB_IMG_1524973561560.jpg

https://steemit.com/myanmar/@mahaw/power

မင်္ဂလာပါ ပရိတ်‌သတ်‌ကြီး။ ကျွန်‌‌တော်‌‌ရေးခဲ့‌သော power ကို ဆက်‌လက်‌ ‌ဆွေး‌နွေး‌ပေးမှာ ဖြစ်‌ပါတယ်‌။ တကယ့်‌အထင်‌ကရ ပုဂ္ဂိုလ်‌ကြီး‌တွေဟာ ကိုယ်‌ပိုင်‌စွမ်းအား အပြင်‌ အကူစွမ်းအား အငှားစွမ်းအား ‌တွေကို ယူပြီး ‌အောင်‌မြင်‌သွားကြတယ်‌။ သိတဲ့သူ‌တွေ ‌ဖော်‌စားသွားကြတာ‌ပေါ့ဗျာ။ ‌ခြေကျင်‌‌လျှောက်‌ရမှာကို ယာဉ်‌နဲ့သွားရ‌တော့ သက်‌‌တောင့်‌သက်‌သာလည်းသွားရတယ်‌ ၊ခရီးလည်းတွင်‌တာ‌ပေါ့။ မိတ်‌‌ဆွေတို့လည်း မလိုချင်‌ဘူးလား။

images (3).jpeg
crd.org. source
power 1 မှာ ကျွန်‌‌တော်‌ ‌ပြောခဲ့သလို ဒီ စင်္ကြာဝဠာ ကြီးထဲမှာ စွမ်းအားရှင်‌‌တွေ ၊သူ‌တော်‌စင်‌ သူ‌တော်‌‌ကောင်း‌တွေပို့သတဲ့ ‌မေတ္တာ‌တွေ ၊ပွင့်‌‌တော်‌မှုကြကုန်‌ပြီး‌သော ဘုရားရှင်‌အဆူဆူတို့ရဲ့‌မေတ္တာ‌တော်‌‌တွေဟာ လှိုင်းအဖြစ်‌ တည်‌ရှိ‌နေပါတယ်‌။ဆိုလိုချင်‌တာက ဒီစင်္ကြာဝဠာကြီးထဲမှာ ကျွန်‌‌တော်‌တို့မသိတဲ့ အကျိုးရှိ‌သောစွမ်းအား‌တွေ တည်‌ရှိပါတယ်‌။ အဖိုးထိုက်‌တန်‌‌သော အစွမ်း‌တွေ‌ပေါ့ဗျာ။ စိတ်‌စွမ်းအားအ‌ကြောင်း‌တွေ ၊တယ်‌လီပတီ အ‌ကြောင်း‌တွေ မိတ်‌‌ဆွေတို့လည်း ဖတ်‌ဖူးကြမှာပါ။ မမြင်‌ရ‌သောwave များနဲ့ ဆက်‌သွယ်‌‌နေကြပါတယ်‌။ ကျွန်‌‌တော်‌ ‌ပြောမယ့်‌ အ‌ကြောင်းအရာကလည်း ဒီသီအိုရီ နည်းနဲ့ခပ်‌ဆင်‌ဆင်‌ပါဘဲ။ စင်္ကြာဝဠာမှာ ပျံ့နှံ့‌နေ‌သော တန်‌ဘိုးရှိ‌သော wave များကို လိုသလို ဆွဲယူပြီး မိမိအတွက်‌ အသုံးချမှာဖြစ်‌ပါတယ်‌။
ပထမဆုံး လိုအပ်‌ချက်‌က ဘာလဲဆို‌တော့ သင့်‌စိတ်‌ဟာ ကြည်‌လင်‌သန့်‌ရှင်း‌နေဘို့လိုပါတယ်‌။ ကျွန်‌‌တော်‌တို့ အကူအညီယူမယ့်‌လမ်း‌ကြောင်းသည်‌ စိတ်‌လှိုင်း အ‌တွေးလှိုင်းမှယူမှာ ဖြစ်‌တဲ့အတွက်‌ လမ်း‌ကြောင်းရှင်းဘို့လိုသလို လက်‌ခံမယ့်‌‌နေရာသည်‌လည်း သန့်‌ရှင်းဘို့လိုပါတယ်‌။ ဒီ‌နေရာမှာ စိတ်‌အ‌ကြောင်းအနည်းငယ်‌တင်‌ပြပါရ‌စေ။ စိတ်‌ရဲ့သဘာဝက စိတ်‌ညစ်‌‌နေရင်‌ အာရုံ‌နောက်‌‌နေရင်‌ စိတ်‌ဟာ စုစည်းဘို့ခက်‌ပါတယ်‌။ စိတ်‌မတည်‌ငြိမ်‌ဘူး‌ပေါ့ဗျာ။စိတ်‌မတည်‌ငြိမ်‌ရင်‌ စိတ်‌မကြည်‌လင်‌ပါဘူး။ စိတ်‌မကြည်‌လင်‌ရင်‌ power absorbing လုပ်‌တဲ့‌နေရာမှာ အားနည်းပါတယ်‌။ မထိ‌ရောက်‌ဘူး‌ပေါ့။ထို့‌ကြောင်း ပထမဆုံးလိုအပ်‌ချက်‌က သင့်‌စိတ်‌ဟာ တည်‌ငြိမ်‌ကြည်‌လင်‌‌နေဘို့ လိုပါတယ်‌။

alphamindpower.jpg
crd.org.source
ဒုတိယအချက်‌က ယုံကြည်‌မှု။ သင်‌လုပ်‌‌နေ‌သော လုပ်‌ရပ်‌အတွက်‌ သင့်‌ယုံကြည်‌ချက်‌ဟာ အခရာကြပါတယ်‌။ ဟုတ်‌မှဟုတ်‌ပါ့မလား ၊ဖြစ်‌‌ကောဖြစ်‌နိုင်‌ပါ့မလား ဆိုရင်‌ သင့်‌စိတ်‌က သိ‌နေပြီ‌လေ။ သင့်‌စိတ်‌ထဲမှာ မရှင်းမရှင်း ဖြစ်‌‌နေရင်‌ သင်‌ပို့‌သော သင်‌‌တောင်း‌သောလှိုင်းကလည်း ဆန့်‌ငင်‌ဆန့်‌ငင်‌ဖြစ်‌ပြီး အားနည်းမှာဘဲ‌လေ။ တတိယအချက်‌က ထက်‌သန်‌မှု။ ဓားထက်‌‌အောင်‌ အမြဲ‌သွေး‌နေရသလို သင်‌လိုချင်‌တာကိုလည်း အမြဲနှိုး‌ဆော်‌‌နေရမယ်‌။ တကယ်‌လိုချင်‌စိတ်‌နဲ့ ထက်‌သန်‌‌နေရမယ်‌။ ဒီသုံးချက်‌က‌တော့ အ‌ခြေခံအချက်‌‌ပေါ့ဗျာ။

images (4).jpeg
crd.org.source
ကမ္ဘာ‌လောကကြီး ဒါမှမဟုတ်‌ စင်္ကြာဝဠာ ဆီက စွမ်းအား‌တွေ စွမ်းအင်‌‌တွေ ယူကြစို့။ သင်‌ ဟာ စိတ်‌ဓာတ်‌ကြံ့ခိုင်‌‌သောသူ ၊စိတ်‌စွမ်းအားရှင်‌ ဖြစ်‌ချင်‌‌နေတယ်‌ဆိုပါစို့။သင်‌နှစ်‌ခြိုက်‌‌သော စကားလုံးကို‌ရွေးလိုက်‌ပါ။ ငါ့ရဲ့စိတ်‌ဟာ တဖြည်းဖြည်းကြံ့ခိုင်‌လာပြီ ၊ငါဟာစိတ်‌စွမ်းအားရှင်‌ ဖြစ်‌တယ်‌ဆိုတာကို ထပ်‌တစ်‌လဲလဲ ရွတ်‌ဆို‌နေပါ။ တဖြည်းဖြည်းနဲ့ အရှိန်‌ရလာပြီး နာရီဝက်‌အကြာ mood ဝင်‌ ‌နေတဲ့အချိန်‌‌ရောက်‌ရင်‌ ဒုတိယ အဆင့်‌ကို လုပ်‌ရပါမယ်‌။ ဤစင်္ကြာဝဠာ ကြီးထဲမှာသူ‌တော်‌‌ကောင်း သူမြတ်‌‌လောင်းတို့ပို့သ‌သော ‌မေတ္တာ‌တွေ ၊ တန်‌ခိုးစွမ်းအား‌တွေ ပျံ့နှံ‌နေတယ်‌။ထိုအရာ‌တွေ ငါ၏ ဦး‌ခေါင်း‌ပေါ်သို့ စီးဝင်‌‌နေတဲ့ ပုံရိပ်‌ကို အမြင်‌အာရုံထဲမှာပုံ‌ဖော်‌ပြီးစိတ်‌ထဲ ရွတ်‌ဆို‌နေရပါမယ်‌။ ‌ကောင်းကင်‌‌ပေါ်က အလင်းစီး‌ကြောင်းကြီး စီးဝင်‌‌နေတဲ့ ပုံစံမျိုး‌ပေါ့ဗျာ။ပြီးရင်‌ ဦး‌ခေါင်း‌ပေါ်မှ နှာ‌ယောင်‌က‌နေ‌ ကိုယ်‌ခန္ဓာ‌အောက်‌ပိုင်းသို့ စီးဆင်းသွားတဲ့ပုံကို မြင်‌‌ယောင်‌ပြီး စွမ်းအား‌တွေ စီးဝင်‌သွားပြီ စင်္ကြာဝဠာမှာရှိတဲ့ တန်‌ခိုးစွမ်းအင်‌‌တွေ စီးဝင်‌လာပြီ စီးဝင်‌လာပြီလို့ ‌ဖြေး‌ဖြေးချင်းတကယ်‌စီးဝင်‌‌နေတဲ့အတိုင်းပြုလုပ်‌ရမှာပါ။ ယုံယုံကြည်‌ကြည်‌ထက်‌ထက်‌သန်‌သန်‌ လုပ်‌ရပါမယ်‌။ ‌နောက်‌ပြီး သင်‌ ပထမက ဆိုခဲ့‌သော ငါ့စိတ်‌ဓာတ်‌‌တွေ ကြံ့ခိုင်‌လာပြီ ၊ငါ့စိတ်‌စွမ်းအား‌တွေ တစ်‌‌နေ့ထက်‌တစ်‌‌နေ့ တိုးတက်‌လာပြီလို့ ရွတ်‌ဆိုရပါမယ်‌။ ဒီနည်းစဉ်‌ကို ပုံမှန်‌‌လေးလုပ်‌သွားရင်‌ တ မကြာပါဘူး သင့်‌စွမ်းအင်‌‌တွေ တိုးတက်‌လာမှာပါ။ ‌ရှေ့ သူ‌တော်‌‌ကောင်း‌တွေ ၊ဆရာ‌တော်‌ကြီး‌တွေဟာ ‌မေတ္တာဓာတ်‌‌တွေ ကို ပွင့်‌‌တော်‌မှုကြကုန်‌‌သော ဘုရားရှင်‌အဆူဆူ တို့ရဲ့‌မေတ္တာဓာတ်‌‌တွေခံယူပြီး တစ်‌ဆင့်‌ ‌လောကကြီးကို ‌မေတ္တာ‌တွေ ပြန်‌ဖြန့်‌ကြက်‌ ပို့လွှတ်‌ကြပါတယ်‌။ စွမ်းအင်‌ကို အငှားယူပြီး သမထဘာဝနာ ဝိပဿနာဘာဝနာကို ကျင့်‌ကြံကြ‌တော့ ပိုပြီးထိ‌ရောက်‌ ခရီး‌ရောက်‌ကြတယ်‌တဲ့။ ‌ဝေဘူဆရာ‌တော်‌ဘုရားကြီးကိုယ်‌တိုင်‌ မိန့်‌ကြားခဲ့တာပါ။ အကူဓာတ်‌ အငှားဓာတ်‌ဆိုတာ ယူရတယ်‌တဲ့။ပိုပြီး‌အောင်‌မြင်‌လွယ်‌တာ‌ပေါ့ ဗျာ။

ပထမသင်‌လိုချင်‌တာကို စကားလုံး‌ရွေးပြီး ရွတ်‌ဆိုပါ။ ဒုတိယ ‌လောကကြီးက စွမ်းအင်‌‌တောင်းခံပါ။ ‌စွမ်းအင်‌‌တောင်းခံပုံ ယူပုံကို ‌နောက်‌တစ်‌နည်း ဆက်‌လက်‌‌ဖော်‌ပြပါ့မယ်‌။ ‌နေ့စဉ်‌‌နေထိုင်‌မှု ပုံစံမှ ယူမှာဖြစ်‌ပါတယ်‌။ မနက်‌ခင်းအိပ်‌ယာနိုးလို့ မျက်‌နှာသစ်‌တဲ့အချိန်‌မှာ ‌ရေထဲမှာရှိတဲ့ စွမ်းအင်‌‌တွေ ငါ့ကိုယ်‌ထဲ စီးဝင်‌‌နေပြီ စီးဝင်‌‌နေပြီ ဆိုပြီး မျက်‌နှာသစ်‌ရပါမယ်‌။ ‌ရေချိုးတဲ့ အခါမှာလည်း ဒီအတိုင်းဘဲ ‌အေးတဲ့ ခံစားမှုနဲ့အတူ စွမ်းအင်‌‌တွေ စီးဝင်‌လာတယ်‌လို့ ‌တွေးရမှာဖြစ်‌ပါတယ်‌။ ‌နောက်‌ပြီး‌ရေ‌သောက်‌တိုင်းလည်း ထိုနည်းအတိုင်း ‌တွေးပြီး‌သောက်‌ရပါမယ်‌။ မနက်‌ခင်း ‌လေကို တစ်‌ဝကြီး ရှူတဲ့ ‌လေ့ကျင့်‌ခန်းလုပ်‌တဲ့အခါမှာလည်း အသက်‌ရှူတဲ့အချိန်‌မှာ ‌လေထဲမှာရှိတဲ့ ‌လောကကြီးက စွမ်းအား‌တွေ ဝင်‌လာပြီ ဝင်‌လာပြီလို့ ဆိုပြီး အသက်‌ဝဝ ရှူသွင်းရမှာပါ။ ‌လေထုတ်‌တဲ့ အချိန်‌မှာ ငါ့ဆီက မ‌ကောင်းတဲ့ အကျင့်‌ဆိုး‌တွေ ထွက်‌သွားပြီး မ‌ကောင်းတာ‌တွေ ထွက်‌သွားပြီလို့ ‌တွေးပြီး ‌လေထုတ်‌ရပါမယ်‌။
ကိုင်း သင်‌ ဘာလိုချင်‌လဲ ၊ဘာဖြစ်‌ချင်‌လဲ ။ အထက်‌ပါနည်းအတိုင်း ‌လေ့ကျင့်‌ကြည့်‌လိုက်‌ပါမိတ်‌‌ဆွေ။ သင့်‌ရဲ့ အရည်‌အချင်း‌တွေ ၊သင်‌ဖြစ်‌ချင်‌တာ‌တွေ ဒီ‌ရေအလား တိုးတက်‌ ဖြစ်‌‌ပေါ်လာမှာပါ။
အားလုံးဘဲ ကျန်းမာချမ်းသာကြပါ‌စေ။

ကျမ်းကိုးစာရင်း
‌ရတနာသုံးပါး‌ကျေးဇူး - ဓမ္မစရိယ ဦး‌ဌေးလှိုင်‌
‌အော်‌တိုဆပ်‌ဂျက်‌ရှင်း
ပထဝီဇယမန္တန်‌နှင့်‌ ‌မေတ္တာ ကျင့်‌စဉ်‌
မင်းဟာ စင်္ကြာဝဠာရဲ့ အရှင်‌သခင်‌

MSC - 228
@mahaw

Sort:  

စိတ်​ရဲ့တန်​ခိုးအံ့မခန်းပါပဲရှင်​။

လက်‌‌တွေ့ အသုံးချရင်‌ အ‌ကောင်းဆုံးပါ ညီမ။

ကိုယ်ကတော့ စွမ်းအားရှင်ဖြစ်ချင်တယ် ကျင့်စဉ်တွေကျင့်မယ် 😊😊

ပြည့်‌ဝ ပါ‌စေ ကိုလွမ်း‌ရေ။‌ကျေးဇူးပါအစ်‌ကို။

သဘာဝကျကျ တင်ပြပေးထားတဲ့ ပုံစံလေး စိတ်ဝင်စားရပါတယ်။ကိုဖြစ်ချင်တဲ့အရာကို ထက်တလဲလဲ ပုံဖော်ပြီး ယုံကြည်ချက်ခိုင်မာစွာဖြင့် ကျင့်ကြံဆောင်ရွက်ရမယ်ဆိုတာကို မှတ်သားခဲ့ရပါတယ်။အားပေးနေပါ့မယ်အစ်ကို

‌ကျေးဇူးပါ ဦး သန့်‌ဇင်‌။

စိတ်ရဲ့တန်ခိုးတွေပေါ့ အစ်ကိုရယ်

မှန်‌ပါတယ်‌ညီ။‌ကျေးဇူးပါ။

နေ့စဉ်​လှုပ်ရှားမှုပုံစံမှယူတာကတစ်​​နေ.တာအလုပ်​လုပ်​ရင်းယူသွားတဲ့သ​ဘောေ​ပါ.​နော့...

ဟုတ်‌ပါတယ်‌ ညီမ။‌ကျေးဇူးပါ‌နော်‌။

ဥဥမဟော် စာတွေကိုခေး. ပြန်ပြန်ပြီးဖတ်တေ ထွက်သက်ဝင်သက်ရှူသွင်းတေ.. အခါခါပြန်လုပ်တာ ဥဥ ကုသိုလ်ရနေပါပြီး. 😍.

တကယ်‌ဝမ်းသာမိပါတယ်‌။ အကျိုးရှိ‌စေမှာပါ။ဦးဦး ကုသိုလ်‌ ရ ပြီ‌ပေါ့။‌ကျေးဇူးပါကွာ။

You got a 4.60% upvote from @dailyupvotes courtesy of @mahaw!

Please upvote this comment to support the service.

ဟုတ်ကဲ့ မှတ်ထားပါ့မယ် ဆရာရေ😊

‌ကျေးဇူးပါ ညီမ‌ရေ။

ဘိုးတော်မဟော်၊ မဟော်ဘိုးတော် ဖြစ်တော့မယ်နော်၊ ပထဝီဇယမန္တာန်က ရတနာမိုးရွာနိုင်တယ်။

‌လေ့လာဆဲပါဆရာ‌ရေ။ဘိုး‌တော်‌‌တော့ မ ဖြစ်‌နိုင်‌‌လောက်‌ပါဘူး။ ဆရာလာ‌တော့‌ပျော်‌တာ‌ပေါ့ဆရာ။‌ကျေးဇူးပါဗျာ။

ဘိုးတော်မဟော်၊ မဟော်ဘိုးတော် ဖြစ်တော့မယ်နော်၊ ပထဝီဇယမန္တာန်က ရတနာမိုးရွာနိုင်တယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 63331.28
ETH 1806.53
USDT 1.00
SBD 0.38