Rules of our supporting plan !

in #myanmar6 years ago (edited)

received_1875258636104828.png


မင်္ဂလာပါ မြန်မာစတီးမစ်မိတ်ဆွေတို့

ကျွန်တော်တို့ရဲ့ contest ကို မနက်ဖြန်စတင်မှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ မိမိတို့ရဲ့ post link များကို contest post ရဲ့ အောက်မှာ လာရောက်မန့်နိုင်ပါတယ်။

  • contest post ကို တစ်ရက်ခြားတစ်ခါ မနက် ၁၀နာရီ မထိုးခင် တင်ပေးမှာ ဖြစ်ပါတယ်။

  • promotion ယူလိုသူတွေက မနက် ၁၀နာရီကနေ ည ၈နာရီအတွင်း လာရောက်မန့်ပေးရမှာပါ။

  • အဲဒီနေ့ ည ၈နာရီနောက်ပိုင်း မန့်တာတွေကို လုံးဝ လက်မခံပါဘူး။

  • ဆုရရှိသူများကို နောက်တစ်ခါ ပြိုင်ပွဲဝင် post မှာ အပြုသဘောဆောင်တဲ့ အကြံပြုချက်နဲ့အတူ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အောက်ပါ စည်းကမ်းများနဲ့ မညီညွတ်တဲ့ post များကို မစစ်ဆေးပေးပါဘူး။ ဒါကြောင့် စာရေးစဉ်မှာရော comment မှာ လာမမန့်ခင်မှာပါ စည်းကမ်းနဲ့ ညီညွတ်မှု ရှိ မရှိ စစ်ဆေးပေးစေလိုပါတယ်။ စည်းကမ်းတွေကလည်း ထွေထွေထူးထူးထုတ်ထားတာ မရှိပါဘူး။ Steemit မှာ စာရေးသူတိုင်း သိထားသင့်တဲ့ ရှောင်ကြည်သင့်တဲ့အချက်တွေကိုပဲ ရေးထားတာပါ။ ပြိုင်ပွဲရဲ့ရည်ရွယ်ချက်တစ်ခုကလည်း လူသစ်တွေကို စတီးမစ်နဲ့ ပတ်သတ်ပြီး သိရှိစေလိုတာ ဖြစ်တာကြောင့် အခုလို ထည့်သွင်းထားရတာပါ။ အားလုံးအတွက် မခက်ခဲဘူးလို့ ယုံကြည်ပါတယ်။


TMPDOODLE1526981811489.jpg

Image credit - Original source


ပြိုင်ပွဲစည်းကမ်းချက်များ

  1. တင်တဲ့အချိန်မှာ 3 days ago ထက် ကျော်လွန်တဲ့ contest post များကို လက်မခံပါဘူး။

  2. SP 100 အောက်ရှိသူများ၊ newbies များသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

  3. copy/paste ရော စာတစ်ပိုဒ်လုံး ကိုးကားထားတာပါ လက်မခံပါဘူး။ တမင်လာတင်ပါက အဆိုပါ post ကို downvote ပေးမှာ ဖြစ်ပါတယ်။

  4. တစ်စိတ်တစ်ပိုင်း ကိုးကားမယ်ဆိုရင် source ကို သေချာထည့်ပေးရပါမယ်။

  5. စာလုံးရေ အနည်းဆုံး ၁၅၀ ရှိရပါမယ်။

  6. စာတစ်ပိုဒ်ကို နှစ်ခါတင်ထားတာ၊ ဖြစ်ကတတ်ဆန်း ရေးထားတဲ့ အသွင်ပေါ်တဲ့ စာမျိုးကို လက်မခံပါဘူး။

  7. နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးနဲ့ဆိုင်တဲ့ post များ၊ ညစ်ညမ်းစာပေအရေးအသားများကို လက်မခံပါ။

  8. လူတစ်ဦးတည်းမှ အကောင့်အများကြီးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်းကို လက်မခံပါ။

  9. ပုံတစ်ပုံတည်းနဲ့ တင်ထားတဲ့ စာများကို လက်မခံပါဘူး။ အနည်းဆုံး ပုံ ၂ပုံ သုံးရပါမယ်။

  10. ပုံများကို credit မှန်ကန်စွာ ပေးရပါမယ်။ credit ပေးတဲ့နည်း မသိပါက အောက်ပါ post များကို ဖတ်ရှုပေးပါ။

  1. contest post တွင် myanmar tag ပါဝင်ရပါမယ်။ မိမိ post နှင့်ဆီလျော်သော အခြား tag များကိုလည်း တွဲပေးနိုင်ပါတယ်။

ဘယ်လိုဆုပေးမလဲ ?

  • စည်းကမ်းချက်နဲ့ ညီညွတ်တဲ့ post များကို စစ်ဆေးပေးပါမယ်။

  • ၄င်းတို့အထဲမှ အကောင်းဆုံး ၃ဦးကို ရွေးချယ်ပြီး 0.2 STU ပမာဏ ညီမျှတဲ့ upvote ကို ပေးမှာ ဖြစ်ပါတယ်။


ပြိုင်ပွဲမှာ ဘယ်လိုတွေ ကူညီပေးနိုင်သလဲ ?

အခုပေးတဲ့ upvote က အားလုံးဆီကနေ 0.01 STU ပမာဏရှိတဲ့ ဗုတ်ပမာဏကို စုပေါင်းပြီး ပေးတာ ဖြစ်ပါတယ်။ စုပေါင်းတဲ့ လူတွေ ပိုများလေ ... အခုပေးနိုင်တဲ့ ဆုပမာဏကလည်း ပိုလာလေ ဖြစ်ပါတယ်။ ကိုယ်တွေ newbies ဘ၀က 0.01 တက်ဖို့ ဘယ်လောက်ခက်ခဲလည်းဆိုတာ ကိုယ်ချင်းစာပြီး မိမိတို့လို မဖြစ်အောင် ကူညီပေးချင်သူများကို ဖိတ်ခေါ်ပါတယ်။ အောက်ပါ post မှာ ၀င်ရောက်ကြည့်ရှုပြီး ပြုလုပ်နိုင်ပါတယ်။


-https://steemit.com/myanmar/@sawlwin/how-to-be-the-best-curator-by-supporting-myanmar-newbies


အဆင်မပြေတာ ရှိပါက facebook chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ ဒါကတော့ @steempowergroup1 နဲ့ ပတ်သတ်ပြီး မေးမြန်းနိုင်တဲ့ facebook link များ ဖြစ်ပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။


received_1875260849437940.png


@steempowergroup1

Sort:  

ခုလိုplanလေးတွေရှိလာတော့ စာရေးတဲ့လူသစ်တွေလည်း ခွန်အားဖြစ်တာပေါ့။ကောင်းမွန်တဲ့အလုပ်လေးဖြစ်ပါတယ်

အားဖြည့်ကူညီပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

ကျေးဇူးတင်ပါတယ်ရှင်

ပြိုင်ပွဲစနေပါပြီနော် ပါဝင်ပေးပါဦး

Link ချခဲ့ပါပြီရှင့်

လူသစ်ကလေးတွေ လက်တွဲခေါ်တာ ကောင်းတဲ့ အစီအစဉ်လေးပါဗျာ😊😊

ပါဝင်အားဖြည့်လို့လည်း ရပါတယ်ဗျာ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63781.73
ETH 3407.93
USDT 1.00
SBD 2.47