အကျင့် (ဇာတ်သိမ်း)

in #myanmar8 years ago (edited)

(ပထမပိုင်း)https://steemit.com/myanmar/@nweoomon/aetng-1-4208d2cf36967

မအေးတို့သားအမိလဲ အကယ်၍သာ တစ်လပြည့်
သည်အထိ မဆဲလျှင် ရုက္ခစိုးမင်းက ချီးမြှောက်
သည့် ရွှေအိုးရလာပါက မည်သို့မည်ပုံ သုံးစွဲရမည်ကိုလဲ စိတ်ကူးနှင့်ရူးနေကြသည်။ သမီးဖြစ်သူကလည်း မအေးဒေါသထွက်မည်ကြံလျှင် သတိပေးသည်။ ထိုအကြောင်းများကိုတော့ ယောက်ျားဖြစ်သူ
ကိုဘမောင် လုံးဝမသိ။ သူကတော့ မိုးလင်း
ဆိုက်ကားထွက်။ ရလာသမျှလေးအရည်ဖျော်နှင့်
သူ့ဖာသာ သာယာနေသည်။

image
image credit original source

တစ်လပြည့်ရန် တစ်ရက်အလိုတွင် မအေးအိပ်မက်
မက်သည်။ အိပ်မက်ထဲတွင် ရုက်စိုးမင်းက သူမ
မဆဲဆိုသည့်အတွက် ဝမ်းသာကြောင်း၊ နက်ဖန်အထိ မဆဲပဲနေနိုင်ပါက ကတိအတိုင်းချီးမြှောက်မည်
ဖြစ်ဟု အိပ်မက် မက်သည်။ မအေးလဲ အိပ်ရာနိုး
လာတော့ သူမနေမကောင်းစဉ်က အိပ်မက်ထဲ
တွေ့ရသော ရုက္ခစိုးမှာ တကယ်ဖြစ်ကြောင်းသိရ
သဖြင့် ဝမ်းသာသွားမိသည်။

”အမေ့..”
”အေး..ဘာတုန်း”
”ဒီနေ့တစ်လပြည့်ပြီနော်။ အမေမှတ်မိလား။ ”
အေးပါ...ငါသိပါတယ်။ ညည်းမလဲ တနေ့ တနေ့ ငါ့ကိုဒါပဲပြောနေတာ”
”ဟုတ်တယ်...အမေရဲ့..အမေမဆဲပဲသည်းခံလာတာ
ဒီနေ့နောက်ဆုံးနော်။ နောက်ရက်တွေလဲ မဆဲပါနဲ့
အမေရယ်။ အဖေမကောင်းလဲ မကောင်းပေါ့..အမေသည်းခံနေလို့ဖြစ်သားပဲမလား”
”အေး..ကြိတ်မှိတ်သည်းခံနေရတာ..ညည်းအဖေ
အချိုးတွေလဲကြည့်အုံး...ငါမပြောမပြောသလို
သူ့ဆိုက်ကားနင်းခ တပြားမှမအပ်ဘူး။ တွေ့တယ်
မလား။ တနေ့ကလဲ မူးပြီး ရပ်ကွက်ထဲ ရန်ဖြစ်တာ
လေ၊ ငါ့မှာ မျှော်လင့်ချက်ရှိနေလို့သာ သည်းခံနေရတာ။ ကလော်တုပ်လိုက်ချင်တာ..အူကိုယားနေတာပဲ၊ နေနှင့်အုံး..ဒင်းတော့”
”အော်...အမေရယ် သတိထားဖို့ပြောကာမှ ဒေါသ
တွေထွက်နေပြန်ပြီ၊ လာ..လာ သမီးအဝတ်တွေ
ကူလျှော်ပေးမယ်။ ဒေါသမထွက်နဲ့တော့။”
ဆိုပြီး မအေးကို ရေတွင်းဆီခေါ်သွားသည်။

image

မအေးလဲရေတွင်းဆီရောက်တော့ ပြုမြဲအတိုင်း
အိမ်ကအသင့်ယူလာသော အမွှေးတိုင်ဖြင့် ရုက္ခစိုး
မင်းအား ပူဇော်သည်။ ပါးစပ်ကလည်း
တတွတ်တွတ်ဖြင့် ဆုတောင်းသေးသည်။

မအေးတို့သားအမိလည်း ရေတွင်းတွင်အဝတ်များ
ပြီးစီးအောင်လျှော်ပြီး အိမ်ပြန်လာရာ အိမ်ရှေ့တွင် အခန့်သားအိပ်နေသော ကိုဘမောင်ကိုတွေ့ရသည်။
”ကိုဘမောင်..တော်ဆိုက်ကားမထွက်ဘူးလား”
… … …
မဖြေ
”ကိုဘမောင်..ကျမမေးနေတယ်လေ ဆိုက်ကားလဲမတွေ့ဘူး။ ဆိုက်ကားမထွက်ဘူးလားလို့”
”အေး...ငါဆိုက်ကားကို ဟိုဘက်ရပ်ကွက်က
အပေါင်ဆိုင်မှာ ထားခဲ့တယ်။”
”ဟင်...ဆိုက်ကားပေါင်လာတာပေါ့...ဒါဆို
ဘယ်မတုန်း … အဲ့ဒီပေါင်လို့ရတဲ့ပိုက်ဆံ”
”မအေး...ငါ....ငါလေ”
”ကဲ...ပြောစမ်းပါ ကျုပ်စိတ်တိုလာပြီ...ဘယ်မတုန်း အဲ့ဒီပိုက်ဆံတွေ”
”အေးပါ...ပြောပါ့မယ်..အဲ့ပိုက်ဆံတွေ ငါ ဖဲရိုက်
လိုက်လို့ ကုန်ပြီ”
”ဟင်...@#$%^@#%?."=/

မအေးဒေါသတွေ ထိန်းမရတော့... သမီးရဲ့သတိပေးစကားသံတွေလဲမကြားတော့။ မိုးမွှန်အောင် ဆဲမိ
သည်။ ဒီတခါတော့ ကိုဘမောင်က သူ့အပြစ်နှင့်သူ မအေးဆဲဆိုသမျှ၊ ဒေါသထွက်သမျှ ငြိမ်ခံသည်။

image
image credit original source

မအေးဆဲလို့ဝတော့ ငိုသည်။ ငိုရင်းဖြင့်...
”ကိုဘမောင်...တော်မကောင်းလို့ ကျုပ်ရွှေအိုးကြီး နဲ့လွဲရပြီ”...ဆိုပြီး..သူနေမကောင်းစဉ်က အိပ်မက်
နှင့် မနေ့ညကမက်ခဲ့သောအိပ်မက်များကိုပြောပြ
သည်။

ထိုအခါမှ ကိုဘမောင်လည်း ကြက်ကြီးလည်လိမ်ထားသကဲ့သို့ ဘာတခွန်းမှမပြောနိုင်တော့။ သားအမိ သုံးဦးသား ခေါင်းချင်းဆိုင် ငိုနေယုံမှလွဲ၍....
အကျင့်ဗီဇသည်...ဖျောက်နိုင်ခဲ၏။

Author@nweoomon
Photo@nweoomon
25.5.2018

Sort:  

ဇာတ်လမ်းလေးကမိုက်တယ် good

ဟုတ်ကဲ့ good တယ်ဆိုလို့ကျေးဇူးပါရှင်
😁😁

ဗီဇမဖျောက်နိုင်တော့ ရွှေအိုးနဲ့လွဲသွားရတာပေါ့

ဟုတ်တယ်ပြောရရင် ကြောင်ကြာကြာ ရေမငုပ်နိုင်သလိုပေါ့

You got a 2.59% upvote from @upmewhale courtesy of @nweoomon!

Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!

Good. ဒယ်ဗျာ😋

ကျေးဇူးပါရှင်

Congratulation ပါ @nweoomon

spg1 contest #2 မှာ winner ဖြစ်သွားပါပြီ ...

အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုပေးနိုင်ပါတယ် ...

https://steemit.com/myanmar/@steempowergroup1/spg1-supporting-plancontest-3

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 64311.55
ETH 1880.56
USDT 1.00
SBD 0.38