မိဘများ သတိပြုမိပါ
အားလုံးပဲ မင်္ဂလာပါ ကျန်းမာ ၊ ချမ်းသာကြပါစေ။ဒီတစ်ခါတင်ပြချင်တာလေးကတော့ ပညာရေးနဲ့ပတ်သက်ပြီး အညာဒေသက မိဘတွေအမြင်လေးနည်းနည်းလောက်မျှဝေပါရစေ။အရင်တုန်းက လူကြီးတွေခေတ်တော့မမှီလိုက်ဘူးပေါ့။ဒါပေမယ့် အဲ့ဒီခေတ်က လူတွေ အသိအမြင် မကျယ်ကြဘူး၊ပညာရေးမလိုက်စားကြဘူး၊တိုးတက်မှုနည်းတယ်၊ဖွင့်ဖြိုးမှုနောက်ကျတယ် စသည့် အချက်များကို တွေးကြည့်ယုံ၊ယနေ့ခေတ် မြင်တွေ့ရပုံတွေနဲ့ တိုင်းတာနိုင်ပါတယ်။ဒီမှာအဓိကထား ပြောမှာကတော့ ပညာရေးပါ။ ပညာရေးလိုက်စားမှု နည်းတယ်။ဘာကြောင့်လဲဆိုတော့ ပညာတတ်ဘွဲ့ရဆိုတာ မရှိသလောက်ရှားတယ်။ရတဲ့သူများ လက်ချိုးရေလို့ရပါတယ်။ကျွန်မတို့ ရွာမှာကို ၄ရောက်လောက်ပဲရှိတယ်။ဤအချက်ကိုကြည့်ပြီးတော့ အရင်ကလူကြီးတွေ ပညာရေးလိုက်စားမှုနည်းတာ သိနိုင်ပါတယ်။သူတို့တွေ ဘယ်ဘက်မှာ အားထားနေကြလဲ?? အသိအမြင်မကျယ်တော့ မြို့ပြထွက်တဲ့လူ မရှိဘူး။အားလုံး တောင်သူယာလုပ် တဲ့ အလုပ်ကိုပဲ တစ်အိမ်သားလုံးလုပ်ကြတယ်၊သေတဲ့ထိ လုပ်သွားကြတယ်။ဒါကြောင့်လည်း မြို့မှာ သွားပြီးအလုပ်သွားလုပ်တာ မရှိကြဘူး။ အရင်ကလူကြီးတွေကတော့ အသိအမြင်သိပ်မကျယ်လို့ ၊ နိုင်ငံရေးမကောင်းလို့ ပညာရေးမလိုက်စားတော့ သူတို့တွေရဲ့သားသမီး ကျွန်မတို့ မိဘတွေ ပညာတတ်တဲ့သူရှားတယ်။၎တန်း၊၅တန်းဆိုတာ အလွန်ဆုံးတက်ဖူးကြတယ်။အဲ့ဒီတော့ သူတို့မိဘတွေရဲ့ အမွေ တောင်သူအလုပ်ကိုပဲ လုပ်ကြတယ်။တောင်သူပဲ လုပ်တတ်ကြတယ်။အဲဒီတော့ မျိုးရိုးက တောင်သူမျိုးရိုးက မပြောင်းလဲကြဘူး။
ယနေ့ခေတ် နိုင်ငံရေး မရှုပ်ပါဘူး။ပညာရေးကောင်းကောင်းသင်ကြားနိုင်တယ်။ပွင့်လင်းမြင်သာပြီး အရာရာ သိနေတဲ့ ယနေ့ခေတ်ပါ။အရာအားလုံး ကိုယ့်လက်ထဲမှာပါ။ကြိုက်တဲ့ချိန် သုံးသပ်လို့ရတယ်၊ရင်ဖွင့်လို့ရတယ်၊အကြံတောင်းနိုင်တယ် စသည့် ဘယ်အရာမဆို သိနိုင်တဲ့ ယနေ့ခေတ်ပာ။ပ၊ရေးနဲ့ပတ်သက်ပြီး ဘယ်အပိုင်းကို လိုက်စားချင်လဲ၊ဘယ်ကျောင်းမျိုးတက်ချင်လဲ ...ကိုယ့်အပေါ်မှာပဲ အားလုံးမူတည်တာပါ။ ဒါပေမယ့် ပညာရေးမလိုက်စားကြဘူး။ကိုယ့်ရဲ့သားသမီးလေးတွေ က နိုင်ငံရဲ့ ကြယ်ပွင့်လေးတွေ၊နိုင်ငံခေါင်းဆောင်ကြီးတွေ တစ်န့မှာ ဖြစ်နိုင်တယ် ဆိုတာကို သတိမရကြဘူး။အရွယ်မရောက်သေးတဲ့ ကလေးတွေကို ကျောင်းထုတ် မြို့တွေပို့ကြတယ်။ပြောရရင် ကလေးကို မိသားစုတာဝန် ထမ်းခိုင်းတာပါ။ပညာမစုံ၊အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက် မြို့ရောက်တော့ သူဘယ်အလုပ်လုပ်နိုင်မှာတဲ့လဲ??သူနဲ့တန်တဲ့အလုပ်ကတော့ လက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်၊ထမင်းဆိုင် တွေမှာ စားပွဲထိုး အဆင့်ကလွဲလို့ ဘာလုပ်တတ်မှာလဲ။ပညာမစုံ ၅တန်း၊၆တန်းအောင်နဲ့ မိဘကမြို့လွှတ်လို့သာ သူ့ခင်ဗျ မြို့တက်လာရတာ ဘာမှမသိဘူး။ဒီတော့ သူ့ဘဝတက်လမ်းခက်ခဲသွားမယ်။အလိမ်အကောက်ပေါတဲ့ မြို့မှာ လူလိမ်လည်းခံရမှာပဲ ၊သူများက အရောဆိုးလည်း စွန်းလွယ်မှာပဲ။ နုနယ်တဲ့ ကလေး၊ဖြူစင်တဲ့ကလေး ပညာမတတ်တဲ့ အားနည်းချက်ကြောင့် လမ်းမှားပေါ်အလွယ်တကူရောက်သွားနိုင်တယ်။
ဘဝအာမခံချက်မရှိဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တွေပြုကြတယ်။ရတော့လည်း နယ်အမျိုးမျိုးက မိဘဆွေမျိုး ဘယ်လိုလူတန်းစား၊ဘယ်လိုအသိုင်းအဝိုင်းလဲ မသိကြဘဲနဲ့ ဘဝနှစ်ခုပေါင်းကြတယ်။
နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်မလဲ??သူတို့လေးတွေ ဘဝအာမခံချက်ကမရှိ၊အသိဥာဏ်ကလည်း နည်း၊ပညာကလည်းမတတ်ဆိုတော့ ရေရှည်ပေါင်းဖက်လို့ အဆင်မပြေဖြစ်လာကြတယ်။ကွဲကြတယ်။နောက်အိမ်ထောင်တွေ ပြု ကြတယ်။အမျိုးမျိုးပါပဲ....ဘဝကိုကြုံရာလမ်းပေါ်မှာ ဖြစ်သလိုလျှောက်လှမ်းကြတယ်။ရည်ရွယ်ချက်ဆိုတာမရှိ ကြ ပင်းပင်းပန်းပန်းအလုပ်တွေနဲ့ ဘဝပင်လယ်ထဲမှာ ရုန်းကန်နေကြရတယ်။ ဒီတော့ ဆင်းရဲခြင်းဆိုတဲ့ အတိတ်ဆိုးကို မုန်းတီးလာကြတယ်။ချမ်းသာချင်လာတယ်၊အရိပ်ထဲမှာ သက်တောင့်သက်သာ နေချင်လာကြတယ်။ပညာမတတ်တော့ ချမ်းသာဖို့ရာ ဖြတ်လမ်းလိုက်ကြတယ် လမ်းမှားနေတယ်ဆိုတာ သိပေမယ့် နောက်အဆုပ်ကြပေ။ဆင်းရဲခြင်းနဲ့ ပြန်လည်ဆုံစည်းမည် ကို လက်မခံနိုင်သောကြောင့် လမ်းမှားကြခြင်းဖြစ်သည်။ဤသည်မှာ ပညာမတတ်သောကြောင့်ဖြစ်ရသည် မဟုတ်ပါလော။အမျိုးမျိုးသော ဒုက္ခ တွေနဲ့ လောကဓံကို မနိုင်မနင်းထမ်းကြရသည်။

Image source
အသိဥာဏ်နည်းပါးလာမှုတွေကြောင့် မကြားဝံ့မနာသာ သတင်းတွေကြားနေရသည်။အခုလို နိုင်ငံရဲ့ကြယ်ပွင့်လေးတွ အချိန်မတန်ပဲ ကြွေကြရ၍ ပြာသာနာအမျိုးမျိုးနဲ့ ရင်ဆိုင်နေရခြင်းဖြစ်သည်။ ဒါဟာ မိဘတွေ သတိပြုမိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ သားသမီး တွေကို ပိုက်ဆံတစ်ခုတည်းကို ကြည့်ပြီး မခိုင်းစားကြပါနဲ့။သူတို့လေးတွေ ပညာရှာရမယ့် အရွယ်မှာ ပညာကို သင်ခိုင်းပါ။ တချို့က ပြောကြတယ် ဆယ်တန်းအောင်တော့ဘာလုပ်မှာတဲ့??ဒီလိုမေးခွန်းမျိုးတွေမေးကြတာ အများကြီးပါ။ပညာတတ်တော့ ဘာလုပ်မှာလဲ?? အနည်းဆုံးတော့ ခင်ဗျားတို့ရဲ့ သားသမီး ပညာတတ်ဖြစ်ရင် လူလိမ်မခံတော့ဘူး ...အဲ့ဒါအသေအချာပါပဲ။ နေပူပူမှာ ပင်ပန်းစရာ မလိုတော့ဘူး။အရိပ်ထဲမှာ အေးဆေးဇိမ်ခတ်နေကြရမှာပါ။ ပညာရွှေအို လူမခိုး တဲ့ ဒီစကားပုံဟာ အလကားပေါ်ပေါက်လာတာ မဟုတ်ပါဘူး။

Image source
လောကကြီးမှာ လိုချင်သောအရာကို သူများဆီကို တောင်းတာပဲဖြစ်ဖြစ်၊ခိုးတာပဲဖြစ်ဖြစ် ရယူနိုင်ပေမယ့် ပညာဆိုသော အရာကိုကား ရယူလို့မရပေ။ဤအရာသည် မိမိအသက်ရှင်နေသ၍ မိမိသာ ပိုင်ဆိုင်မည်ဖြစ်သည်။သူများက တောင်းလို့ ပေးလို့ရသည့်အရာထဲမှာ ပညာမပါပေ။ အခုပဲကြည့်ပါ...နိုင်ငံရဲ့ခေါင်းဆောင်ကြီးတွေ ကိုကြည့်ပါ ပညာမတတ်ဘဲနဲ့ မဖြစ်နိုင်ပေ။ ဒါကြောင့် နိုင့်ငံရဲ့ သားကောင်းရတနာလေးတွေကို ရေလောင်းပေါင်းသင်ပေးကြပါ။ မြေတောင်မြှောက်ပေးကြပါ။ရလာတဲ့ အသီးအပွင့်တွေ ဘယ်လောက်ချို မြိန်လည်း ကြွေးကြော်လိုက်စမ်းပါ။ ငွေမက်၍ ဖြစ်ရသော နောင်တတွေထဲမှာ ဤကဲ့သို့သော နောင်တသည် ဝမ်းနည်းစရာအကောင်းဆုံးပင်ဖြစ်သည်။ပညာရှာ ရမည့်အရွယ်မှာ ပညာပဲ ရှာပါစေ။စီးပွား ဘက်ကို အလိုက်မမှားပါနဲ့အုံး လို့ တိုက်တွန်းပါရစေ။တချို့ မိဘတွေမှာ ငွေကြေးအခြေအနေကြောင့်၊မိသားစုအတွင်းရေးကြောင့် ကိုယ့်ရဲ့ သား၊သမီးလေးတွေကို ရေမြေခြားကို ငွေရှာရန် ပို့ထားတာများလည်းရှိပါတယ်။ဤကဲ့သို့သော အခြေအနေဆိုရင်တော့ တစ်မျိုးပေါ့။အတတ်နိုင်ဆုံးတော့ မိဘရောသားသမီးပါ နှစ်ဦးနှစ်ဖက် ပူးပေါင်းပါဝင်ပြီး ကြိုးစားအားထုတ်၍ ပညာရှာနိုင်ကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။မြင်နေရ၊တွေ့နေရတာလေးတွေ ကျွန်မအမြင်နဲ့ဖော်ပြသွားတာပါ။
@thithisann


ဆင်းရဲတွင်းနက်တာလည်းပါမှာပါလေ
မိဘတိုင်းကတော့ သူတို့သားသမီးတွေကို ဆင်စီးပြီးမြင်းရံတာပဲ
မြင်ချင်ကြမှာပါ...
အဲ့ဒါလည်းပါပါတယ်
Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Congratulation ပါ @thithisann
spg1 contest #2 မှာ winner ဖြစ်သွားပါပြီ ...
အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုပေးနိုင်ပါတယ် ...
https://steemit.com/myanmar/@steempowergroup1/spg1-supporting-plancontest-3