SPG1 Supporting Plan - Contest #9
မင်္ဂလာပါ မြန်မာစတီးမစ်မိတ်ဆွေတို့
@steempowergroup1 ၏ contest#8 တွင် ယှဉ်ပြိုင်သူ ၇ ဦးရှိခဲ့ပြီး ပြိုင်ပွဲစည်းကမ်းအရ (၃) ဦးကို ရွေးချယ်ပေးမည် ဖြစ်ပါသည်။
ထိုသို့ မရွေးချယ်မှီ တစ်ဦးချင်းစီ ရေးသားထားသော post များ အပေါ် သုံးသပ်ပေးပါရစေ ...
@uthantzin သည် လူတိုင်း သတိပြုသင့်သည့် လျှပ်စစ်အန္တရာယ်အကြောင်းကို စုံလင်စွာ စုစည်းတင်ပြသွားပါသည်။ လျှပ်စစ်အသုံးနည်းသောအိမ်နှင့် လျှပ်စစ်အသုံးများသောအိမ်ဟူ၍ အမျိုးအစား ၂မျိုးခွဲခြား ပြောပြေထားပြီး အကယ်၍ လျှပ်စစ်အန္တရာယ်ကြုံတွေ့ပါကလည်း ဓာတ်လိုက်ခြင်းမှ ကာကွယ်နိုင်ရန် မည်သို့ မည်ပုံ ပြုလုပ်သင့်ကြောင်းကိုလည်း ထည့်သွင်းပေးထားပါသည်။ လျှပ်စစ်အကြောင်း နားမလည်သူများအနေဖြင့် အခြေခံသဘောသိသင့်သော ဗဟုသုတများပင် ဖြစ်ပါသည်။ image credit ပေးခြင်း၊ tag တွဲခြင်းများကိုလည်း အဆင်ပြေအောင် စီစဉ်ထားပါသည်။ အတော်လေးပြည့်စုံသည်ဟု ဆိုရပါမည်။
@newoomon( သည် မိမိပတ်ဝန်းကျင်ရှိ ဖြစ်ရပ်တစ်ခုမှ လူ့သဘောသဘာဝတစ်ခုကို သိရှိအောင် ဖွဲ့နွဲ့တင်ပြသွားပါသည်။ မိမိတို့လူမျိုးများတွင် ဖြစ်တတ်သော သဘော၊ နိုင်ငံကြီးသား ပီသသူများနှင့် ယှဉ်ပြိုင်ရာတွင် နောက်ကျကျန်စေခဲ့သော သဘော၊ အပြင်မှာ မည်သို့ပင် စိတ်ထားကောင်းအောင် နေပါစေ ... အတွင်းစိတ်ကတော့ သူတစ်ပါးအောင်မြင်မှုအပေါ် မုဒိတာ မထားနိုင်သေးသည့် သဘောကို သိရှိအောင် တင်ပြထားပါသည်။ @newoomon ကို မိမိကိုယ်တိုင်ရိုက်သော ဓာတ်ပုံများကို တွဲလျှက် တင်ပေးနေသူအဖြစ် သတိပြုမိနေပါသည်။ ပြင်ပပုံများကို သိပ်မသုံးထားပါ။ ယခုပုံတွင်တော့ external image တစ်ခု ပါနေပြီး credit ပေးရာတွင် လိုအပ်ချက်ရှိနေပါသည်။ အကယ်၍ image credit မပေးတတ်ပါက @sawlwin ရေးသားထားသော Post ကို ဖတ်ရှုပေးပါရန် အကြံပေးလိုက်ပါရစေ ...
@zarmanizawlinn သည် မိမိ၏အဖွားဖြစ်သူ ကြုံခဲ့ရသော အဖြစ်အပျက်တစ်ခုကို အခြေခံကာ သံသရာတစ်ပတ်လည်တတ်ပုံအကြောင်းကို အဖွားဖြစ်သူနေရာမှ ခံစားရေးဖွဲ့ထားပါသည်။ image credit ပေးရာတွင် ယခင် post မှ လိုအပ်ချက်များကို ဖြည့်စွက်ထားပါသည်။ သို့သော်လည်း ထပ်မံအကြံပေးပါရစေ ... မိမိ post တွင် tag တွဲရာတွင် စတီးမစ်ရှိ tag list မှ ဆီလျော်သည့် tag များကို သုံးစေချင်ပါသည်။ သို့မှသာ အဆိုပါ trending ကနေ မိမိ၏ post ကို တွေ့ရှိမည် ဖြစ်ပါသည်။
@moewaikamwet က မိဘနှင့်သားသမီးကြားတွင် ဖြစ်တတ်သော လောကနိယာမတစ်ခုကို စာရေးသူအနေဖြင့် မိမိပတ်ဝန်းကျင်မှ တွေ့မြင်သည့်အချက်များ၊ မိမိနားလည်လက်ခံထားသောအချက်များနှင့်ဆက်စပ်ကာ ဝေမျှပေးခြင်း ဖြစ်မည်ဟု ယူဆပါသည်။ စာပုဒ်များ ခွဲခြားကာ မိမိပြောလိုသည့် အချက်များကို စာဖတ်သူများ နားလည်အောင် သေချာရှင်းလင်းစွာ ရေးသားသင့်ပါသည်။ ထို့ပြင် မိမိအယူအဆကို ပိုမိုခိုင်မာစေသည့် အချက်အလက်များကို အကိုးအကားပြုကာ ပိုမိုပြည့်စုံစွာ အားထုတ်သင့်ကြောင်းလည်း ထပ်မံအကြံပြုပါရစေ။ image credit ကလည်း အခြား steemit post တစ်ခုမှ ယူသုံးထားခြင်း ဖြစ်ပြီး ၄င်း link သည် မူလ link မဟုတ်ပါ။ tag တွဲသည်ကတော့ ပြည့်စုံပါသည်။
@thithisann ကို အသိပညာ ဗဟုသုတကောင်းများကို လေ့လာလိုက်စားပြီး မိမိကိုယ်ပိုင်အမြင်ဖြင့် အကျိုးရှိသည့် message များပေးနိုင်သော စာများ ရေးသားနေသူအဖြစ် သတိပြုမိနေပါသည်။ ယခုစာတွင်လည်း မိမိ၏ သူငယ်ချင်းများ တွေ့ကြုံနေရသည်ကို မိမိအမြင်ဖြင့် သုံးသပ်ကာ မည်သို့ ဖြစ်သင့်ကြောင်းကို အကြုံပြုတင်ပြထားပြီး လူငယ်သဘာဝ စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုကို ထိန်းချုပ်သင့်ကြောင်း မိမိ၏အချိန်နှင့် စိတ်ရှည်သည်းခံမှုကို အလုပ်တွင် ရင်းနှီးမြုပ်နှံသင့်ကြောင်း သိရှိစေခဲ့ပါသည်။ esteem application မှ မတင်ပါက esteem tag ကို မသုံးသင့်ကြောင်းသာ အကြံပြုလိုပါသည်။
@zawhtat သည် အခန်းဆက်ရေးသားထားခြင်းဖြစ်ပြီး ယခုအပိုင်းတွင်တော့ ယခင်က မှားခဲ့သော အမှားများကို မတွေ့ရတော့ပါ။ စာပုဒ်များကို ဆက်စပ်အောင် ရေးသားထားပါသည်။ သို့သော်လည်း စကားပြောအခန်းများကို ခွဲခြားရေးသင့်ပါသည်။ ထို့ပြင် သူငယ်ချင်းနှင့် တွေ့ဆုံသည့်အခန်း မပြီးခင် ဖြတ်တောက်ထားသည်ကို သတိပြုမိပါသည်။ နောက်တစ်ခန်းကို အကူးတွင် အဖြတ်အတောက်ကိုလည်း ပထမအခန်းပြီးမှ ဖြတ်တောက်သင့်ပါသည်။ image နှင့် tag ကတော့ ပြောစရာ မရှိပါ။
အထက်ပါ သုံးသပ်ချက်များအရ @steempowergroup1 အနေဖြင့် ယခု ပြိုင်ပွဲအတွက် winners များအဖြစ် @zarmanizawlinn , @uthantzin , @thithisann ကို ရွေးချယ်လိုက်ရပါသည်။
မိမိတို့အနေဖြင့် ယခုကျင်းပသည့် contest များသည် ယှဉ်ပြိုင်သူများအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။ မိမိတို့ဘက်မှ အပင်ပန်းခံ၍ စာများကို စစ်ဆေးပေးသည့်အပြင် ယှဉ်ပြိုင်သူများဘက်ကလည်း မိမိတို့ကို ဝေဖန်အကြံပြုထားသည့် လိုအပ်ချက်များအပေါ် ဖြည့်စွက်ပေးမည်ဟု မျှော်လင့်ပါသည်။ စတီးမစ်သည် မူပိုင်ခွင့်ကို အလေးထားသော နေရာဖြစ်ပြီး လမ်းကြောင်းမှန်က သွားပါက ရေရှည်တွင် အောင်မြင်နိုင်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် @thithisann ရေးသားထားသော post ထဲက အတိုင်းပင် အချိန်နှင့် စိတ်ရှည်သည်းခံမှုကို ရင်းနှီးမြုပ်နှံကြဖို့ ထပ်လောင်း အကြံပြုလိုက်ပါရစေ။
ယခင် contest များတွင် ပြောခဲ့သည့်အတိုင်းပင် winner ၃ဦးမှ ထိုက်တန်သူ တစ်ဦးသည် Myanmar Steemit Community ၏ leader @kachinhenry ထံမှ upvote ကို မိမိ၏အားထုတ်မှုနှင့် လျော်ညီစွာ ရရှိမည် ဖြစ်ပါသည်။ မိမိတို့ @steempowergroup1 မှ ကျင်းပသော contest များသည် မြန်မာအားလုံးနှင့် သက်ဆိုင်ပြီး မည်သည့်အဖွဲ့အစည်းမှ ဖြစ်ပါစေ ... မိမိရေးသားထားသော လက်ရာကို အားရကျေနပ်မှုရှိပါက ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ အနည်းဆုံးတော့ winner သည် 0.2 STU ပမာဏ upvote တက်မည်ဖြစ်ကြောင်း မိမိတို့ဘက်မှ အာမခံပါသည်။
ယနေ့ contest#9 အတွက် ပြိုင်ပွဲဝင် post များကို ယခု post အောက်တွင် ည၈နာရီမတိုင်ခင် အချိန်အတွင်း မန့်နိုင်ပြီ ဖြစ်ပြီး 10.6.2018 တွင် နောက်ထပ် contest တစ်ခုနှင့်အတူ winner ဖြစ်သူ ၃ ဦးကို ကြေညာပေးမည် ဖြစ်ပါသည်။
Contest နှင့် ပတ်သက်သည့် အသေးစိတ်စည်းကမ်းများကို သိရှိလိုပါက အောက်ပါ link တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
https://steemit.com/myanmar/@steempowergroup1/rules-of-our-supporting-plan
https://steemit.com/myanmar/@moewaikamawet/yamngyamtlwpthnyawngtaawya-1d9c779c9b15c
https://steemit.com/myanmar/@thithisann/multn-eaang-khe-pi-5a8704faf6045
https://steemit.com/myanmar/@nweoomon/s-ayangmwn-edfe49d2cf40f
ဟုတ်ကဲ့ ဆက်လက်ကြိုးစားသွားပါ့မယ်