မူလတန်း ​အောင်​ခဲ့ပြီ

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကိုယ်​စိတ်​နှစ်​ဖြာကျန်းမာချမ်းသာကြပါ​စေ။

ဘဝခရီးကြမ်းမှာ ​လျှောက်​ရတဲ့ လူတန်းစားထဲမှာ ကျွန်​မမပါဝင်​ပါဘူး။အရမ်းအဆင်​မ​ပြေတဲ့ အသိုင်းအဝိုင်းထဲမှာ ရှင်​သန်​ကြရတဲ့ သူ​တွေထဲမှာလည်း ကျွန်​မမပါဝင်​ဘူး။ဘဝခါးတယ်​ဆိုတဲ့ အရသာကို မြည်းကြည့်​ဖူးသူလည်းမဟုတ်​ပါ။ဒီအတိုင်းဆို စာဖတ်​သူတို့ ကျွန်​မကို ထင်​​နေကြ​လောက်​ပြီ...ကျွန်​မအသိုင်းအဝိုင်းက ချမ်းသာတယ်​၊ဆင်းရဲခြင်းဆိုတာ​တွေဟာ ကျွန်​မ မခံစားဖူးသူ၊အရာရာ ​လိုချင်​တိုင်းဖြစ်​တဲ့သူဆိုပြီး​တော့​ပေါ့။တကယ်​​တော့ ကျွန်​မက အဲ့လို ပြည့်​စုံတဲ့ သူတစ်​​ယောက်​လည်း မဟုတ်​ရပါဘူး။

image
Image source

ကျွန်​မ ပြသာနာ​တော်​​တော်​များများ ရင်​ဆိုင်​ခဲ့ဖူးတယ်​။ငွေ​ကြေးနဲ့လား၊မိသားစုနဲ့လား ပတ်​ဝန်းကျင်​နဲ့လား အားလုံးနဲ့ပတ်​သက်​ပြီး ခံစားချက်​​တွေနဲ့ ပြည့်​နှက်​​နေတဲ့သူတစ်​​ယောက်​ပါ။ကျွန်​မ​ကျောင်းတက်​​နေတာ အခုချိန်​ထိပါ။အခုချိန်​ထိ အရမ်းကြီးအဆင်​​ပြေလို့ ထားခြင်းမဟုတ်​သလို ​ထောက်​ပံ့မည့်​သူ တစ်​ဦးတစ်​​ယောက်​ရှိ​နေလို့လည်း မဟုတ်​ရပါဘူး။ကျွန်​မ မိဘနှစ်​ပါးကလွဲ၍ အသိုင်းအဝိုင်းဆိုတာ ပညာနဲ့ပတ်​သက်​ပြီး အား​ပေးအား​မြှောက်​မည့်​သူ မရှိပါ။အားလုံးက အခုချိန်​ထိ ​ကျောင်းတက်​လို့ ​ဝေဖန်​သံ​တွေပဲ ကျွန်​မကြားခဲ့ရတယ်​။ပတ်​ဝန်းကျင်​ကလူ​တွေကလည်း အခြားသူ​တွေနဲ့ယှဉ်​ပြီး ​ပြော​လေ့​ပြောထရှိတဲ့ စကားသံ​တွေက ကျွန်​မမကြားချင်​အဆုံးပါ။ကျွန်​မ​တွေးကြည့်​တယ်​.....ကျွန်​မမိဘနှစ်​ပါးကလွဲ၍ ကျွန်​မအ​ပေါ် ​ဝေဖန်​သူကများလှသည်​။ မိဘနှစ်​ပါးကလွဲ၍ ပညာကို အား​ပေးသူမရှိဟု ဆိုရ​ပေမည်​။ဒါ​ပေမယ့်​ ကျွန်​မ မခံစားမိဘူး ဘာ​ကြောင့်​ဒီလိုအ​တွေး​တွေ ​တွေး​နေကြလည်းဆိုတာကို​ပေါ့။ဘာလို့ဆို အမှန်​ပင်​ ကျွန်​မနဲ့ရွယ်​တူ၊သက်​တူများ ဝင်​​ငွေများရ​နေကြပြီ​​လေ။ကျွန်​မ ပညာကို အားမ​ပေးလို့ ကျွန်​မဝမ်းမနည်းဘူး။ဘာလို့ဆို ဒီလမ်း​ကြောင်း​ပေါ်​လျှောက်​​နေသူက မရှိသ​လောက်​ရှား​နေသည်​။ဒါ​ကြောင့်​ နားမလည်​၍ သိသ​လောက်​အမြင်​နဲ့သာ ​ဝေဖန်​အကြံပြု တယ်​လို့ပဲ ကျွန်​မ​ထင်​တယ်​။
image
Image source

ကျွန်​မခံစားချက်​​တွေ ထုနဲ့​ထေးဖြစ်​တည်​ခဲ့ဖူးတယ်​။မြိုသိပ်​ရတာ အကြိမ်​ကြိမ်​ပါပဲ။အထီးကျန်​ဆန်​​သော နာရီ​တွေ မေ၇ကမတွက်​နိုင်​​အောင်​ များ​နေပါပြီ။အံကြိတ်​ပြီး ​ခေါင်းငုံ့​နေခဲ့ဖူးတယ်​။တစ်​ခါတစ်​​လေ ဝမ်းနည်းမှု​တွေ အလုံးအရင်း ဝင်​လာတတ်​​သေးတယ်​။ကျွန်​မတစ်​​ယောက်​တည်း ကိုယ့်​အားကိုယ်​ဖြည့်​တင်းခဲ့ဖူးတယ်​။မခံမရပ်​နိုင်​​အောင်​ ​ဒေါသ​တွေ ထွက်​ပြဖို့ အခိုက်​အတန့်​ကျွန်​မ ကြုံဖူးတယ်​။ကျွန်​မ ငြိမ်​ငြိမ်​​လေးပဲ ရပ်​​နေခဲ့ဖူးတယ်​။တစ်​ခါတစ်​​လေ ပတ်​ဝန်းကျင်​ရဲ့ အမူအကျင့်​​တွေ​ကြောင့်​ ကျွန်​မ ရပ်​တည်​စွမ်းမဲ့သည်​အထိ လဲပြိုမလို ဖြစ်​ခဲ့ဖူးတယ်​။ မိသားစုအ​ကြောင်း​တွေးပြီး ညညဆို ကြိတ်​ငိုဖူးတယ်​။သူတို့​တွေ ဖြစ်​ချင်​တဲ့ ဆန္ဒ​တွေကို ဖြည့်​ဆည်း​ပေးချင်​တာ ကျွန်​မ အိမ်​မက်​ပါ။
image
Image source

ကျွန်​မကို ​အား​ပေးအား​မြှောက်​မရှိလည်း ကျွန်​မဝမ်းမနည်းဘူး။ကျွန်​မကို ဘယ်​လို​တွေပဲ ​ဝေဖန်​​ဝေဖန်​ ကျွန်​မခံနိုင်​ရည်​ရှိ​နေပြီ။ဒေါသ​တွေ ဘယ်​​လောက်​ဖြစ်​ဖြစ်​ ကျွန်​မ တည်​ငြိမ်​​အောင်​​နေတတ်​ပြီ။ကျွန်​မ ​လျှောက်​​နေတဲ့ လမ်း​ကြောင်း​ပေါ်မှာ လမ်းပြမည့်​သူ မရှိ​တောင်​ ကျွန်​မက​တော့ ဆက်​​လျှောက်​​နေအုံးမှာ ပန်းတိုင်​ရောက်​သည်​အထိ​ပေါ့။ ကျွန်​မ အ​ပေါ် ​ဝေဖန်​ချက်​​တွေကို ကျွန်​မတစ်​​နေ့ နားလည်​​အောင်​ ရှင်းပြမယ်​။ကျွန်​မကို ထိုးတဲ့ လက်​ညှိုး​တွေကို တစ်​​နေ့ ကျွန်​မအတွက်​ လက်​မ​ထောင်​တဲ့ သူ​တွေဖြစ်​​အောင်​ ကျွန်​မကြိုးစားမယ်​။
image
Image source

ကျွန်​မသည်းခံတတ်​န​ပေါပြီ။ကျွန်​မ မြိုသိပ်​တတ်​​နေပါပြီ။ကျွန်​မ တည်​ငြိမ်​​နေပါပြီ။ကျွန်​မ ​ဒေါသ​တွေ အလွယ်​တကူ မထွက်​တတ်​​တော့ဘူး။ဝေဖန်​သံ​တွေကို ကျွန်​မအချိန်​​ပေးပြီး ၊အချိန်​ကုန်​ခံပြီး ​မစဉ်းစား​တော့ဘူး။ကျွန်​မတိုးတက်​​နေတာ အမှန်​ပါ။
တစ်​ခါတစ်​​လေ သိမ်​ငယ်​မှု​တွေ နဲ့ ​​အေးစက်​​နေတဲ့ အဖြစ်​မျိုး ကြုံဖူးတယ်​။နှစ်​သိမ့်​​ပေးမယ့်​သူ မရှိဘူးဆိုတာ သိ​တော့ အလိုလို ​ဖြေ​ဖျောက်​ခဲ့ရတယ်​။အခုဆို ကျွန်​မအရင်​လို အထိမခံ​ရွှေပုဂံမဟုတ်​​တော့ဘူး။အရာရာ​ပေါ်မှာ နားလည်​မှု​တွေနဲ့​တွေး​ပေးတတ်​​နေပြီ။ တစ်​ခုခုဆို ထိရှလွယ်​တဲ့ မိန်းက​လေးမဟုတ်​​တော့ဘူး​လေ။ဒါ​ကြောင့်​ ဘဝသင်​တန်း​ကျောင်းမှာ ဘဝသင်​ခန်းစာ​တွေ သင်​ယူ​နေတဲ့ ကျွန်​မ အခုဆို ဘဝမူလတန်း​အောင်​မြင်​ခဲ့ပြီ​လေ။

ဒါ​ကြောင့်​ ကျွန်​မ​ပြောတာ​ပေါ့ အသိုင်းအဝိုင်း​တွေ ​ကြောင့်​ပဲဖြစ်​ဖြစ်​ မိသားစု​ကြောင့်​ပဲဖြစ်​ဖြစ်​ ပတ်​ဝန်းကျင့်​​ကြောင့်​ပဲဖြစ်​ဖြစ်​ ကျွန်​မ တင်းတိမ်​​ရောင့်​ရဲ တဲ့စိတ်​ကို ​မွေးမြူထားတယ်​၊သည်းခံနားလည်​ခွင့်​လွှတ်​မှု​တွေ နဲ့ ကိုယ့်​ဘက်​သူ့ဘက်​​တွေး​ပေးလိုက်​တယ်​။အဲ့ဒီ​တော့ ဘဝခရီးကြမ်း​တွေ မရှိသလို​နေလိုက်​တယ်​။အခက်​အခဲဆိုတာ ဘာလဲ​မေးရ​လောက်​​အောင်​ စိတ်​ညစ်​စရာ​တွေ​မေ့ထားလိုက်​တာ​ပေါ့။
အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။

@thithisann

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.