မြင့်မြတ်လှပသန့်ရှင်းထာဝရ

in #myanmar6 years ago (edited)

မြင့်မြတ်လှပသန့်ရှင်းထာဝရ

image credit [original image] (https://www.marry.com.mm/flowers/wedding-myanmar-theme-with-flowers)
လှပခြင်းသည်ကျက်သရေမင်္ဂလာရှိစေပါသည်။ထင်လင်းလှပသောအလှသည်တင့်တယ်စေပါသည်။မိန်းကလေးများ၏အလှသည်ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းစေပါသည်။အမျိုးသမီးနှင့်လှပခြင်းသည်ခွဲခြားမရပါ။ကောင်းမွန်သောလှပခြင်းနှင့်မြတ်နိုးဖွယ်ရာလှပခြင်းကြောင့်ဂုဏ်ယူဖွယ်
ဖြစ်စေပါသည်။မိန်းကလေးများအလှအပကိုမြတ်နိုးကြပါသည်။အလှအပသည်မိန်းကလေးများအဖို့မာန်တက်ဖွယ်ရာဖြစ်စေပါသည်။လှနေသည်ကိုပိုလှအောင်ဆင်ယင်ခြယ်မှုန်းကြပါသည်။မျက်နှာတပြင်လုးံဆံပင်အစခြေအဆုးံခန္ဓာကိုယ်အစိတ်အပိုင်းများကိုပြုကြပြင်ကြနည်းမျိုးစုံအကုန်ကျခံလုပ်ကြပါတော့မည်။သဘာဝအလှတရားများကိုပြုပြင်၍ငွေကြေးအကုန်အကျခံကာပြန်ပြင်ဆင်ကြပါသည်။အလှအပများသည်ဂုဏ်ယူစရာကောင်းသလိုအန္တာရယ်ကိုလည်းသတိထားရပါမည်။မိန်းကလေးများသည်မိမိ၏အလှ
ဂုဏ်ကိုထိန်းသိမ်းတတ်ရပါမည်။အလှပန်းများကိုယောင်္ကျားသားများကကြည့်၍ကြည်နူးသာယာပြီးစုပ်ယူလိုလာလျှင်မိန်းကလေးများသတိရှိကြတော့ပါ။ပိုင်ဆိုင်ချင်သူများလာလျှင်သတိရှိမှအန္တာရယ်ကိုကာကွယ်လာနိုင်ပါမည်အလှအပကိုနှစ်သက်ပြီးအလှပြင်တတ်သလိုဂုဏ်ယူတတ်ရပါမည်။တန်ဖိုးထားတတ်ရပါမည်။ကာကွယ်ထိန်းသိမ်းတတ်ရပါမည်။ကိုယ့်ကိုယ်ကိုတန်ဖိုးမြှင့်ရပါမည်။စည်းကမ်းကျင့်ဝတ်ဂုဏ်သိက္ခာများကိုဖောက်ဖျက်မရပါတန်ဖိုးထားရမည့်အရာအားလုးံကိုအလေးထားပါ။ပြည့်စုံသောလူအဖို့အလှအပသည်အေးချမ်းလှပါသော်လည်းမပြေလည်ခြင်းနှင့်ဆုံသောအခါအလှအပကိုငွေကြေးနှင့်မလဲမိစေရန်သတိရှိစေချင်ပါသည်။အလှအပများအားလုးံသည်ပန်းကလေးသဖွယ်ဖြစ်စေပါသည်။အမျိုးသမီးများသည်လှပသောသက်ရှိဖြစ်ပါသည်။ပန်းကလေးသည်လှပသောသက်မဲ့ဖြစ်ပါသည်။သက်မဲ့သည်မိမိအတွက်မကာကွယ်နိုင်ပါ။သက်ရှိသည်မိမိကိုယ်ကိုကာကွယ်နိုင်ပါသည်။ပို၍လှသောမိန်းကလေးများသည်ပို၍ကိုယ့်ကိုယ်ကိုတန်ဖိုးထားရပါမည်။ထာဝရလှပနေသောမြတ်နိုးနှစ်သက်ဂုဏ်ယူဖွယ်ရာအလှများကိုထိန်းသိမ်းစောင့်ရှောက်ကြပါ။မကာမကွယ်မထိန်းမသိမ်းမစောင့်ရှောက်တန်ဖိုးမ
မြှင့်ခဲ့ပါလျှင်အန္တာရယ်နှင့်ဆုံနိုင်မည်ကိုသတိရှိစေချင်ပါသည်။လှပသောမိန်းကလေးများဂုဏ်တက်စရာကောင်းပြီးအန္တာရယ်ကင်းသောထင်လင်းလှပခြင်းနှင့်ပိုင်ဆိုင်နိုင်ကြပါစေ။ image credit [original image] (https://www.marry.com.mm/flowers/the-best-flowers-for-wedding)

                                                  ဆန္ဒမွန်ဖြင့်

                                                             မိုးဝေ
Sort:  

အလှကိုတန်ဖိုးထားပြီး
ကိုယ့်ကိုကိုယ်လည်းတန်ဖိုးထားရမှာပေါ့နော်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60929.80
ETH 2371.67
USDT 1.00
SBD 2.49