ဥစ္စာရင်းမှန်
ပြီးခဲ့သောစနေ ရုံးအားရက်မှာ မျက်စိတွေကြည့်
မကောင်းလို့ မျက်စိသွားစစ်ပါတယ်။ ဈေးချို
ငပိတန်းလက်ျားဝင်းထဲက မောင်မောင်ခင်မျက်မှန်
ဆိုင်မှာပါ။ မျက်စိကြည့်မကောင်းဆို မျက်မှန်က အဝေးကြည့်ပါဝါတစ်ရာရှိတယ်လေ။ သူငယ်အိမ်
စောင်းတာလဲပါတယ်။ မျက်စိမစစ်ဆေးဖြစ်တာကလဲ တစ်နှစ်ကျော်ပြီဆိုတော့ သွားပြီးစစ်ဆေးတာပေါ့။
ထင်တဲ့အတိုင်း ပါဝါ ၂၅ တိုးလာတယ်။ တိုးမှာပေါ့။ ဖုန်းနဲ့ မျက်စိနဲ့မခွာဘူး။ ဖေ့ဘုတ်ကြည့်ရင်ကြည့်၊ steemit ကိုကြည့်၊ ဖုန်းထဲက ဇာတ်ကားတွေကြည့်၊ နေ့ကြည့်၊ ညကြည့်ဆိုတော့ ဒီမျက်လုံးမှ ပါဝါမတိုး
ရင် ဘယ်မျက်လုံးမှတိုးမှာမဟုတ်ဘူး။ ဒီကြားထဲ
ဂိမ်းကလဲဆော့သေးတာ။
မျက်စိစမ်းပြီး ပါဝါထည့်တော့ ခဏစောင့်ရမယ်တဲ့။ ဒါနဲ့ ဈေးချို မန်းမြန်မာပလာဇာ အပေါ်ထပ်တက်ပြီး ဖုန်းကာဗာလေးသွားဝယ်တယ်။ လှပြီး ဈေးချိုလို့
နှစ်ခုတောင်ဝယ်ခဲ့တယ်။ ရုံးနားကဆိုင်တွေမှာ ဒီလို ကာဗာလှလှလေးမရှိဘူးလေ။ ကြုံတုန်းဆိုပြီး နှစ်ခု
ဝယ်ခဲ့တာ။ ပြီးတော့ ကိုယ့်ရဲ့ဓာတ်ပုံတွေလဲ ဖျက်မပစ် ရက်ဆိုတော့ memory card လဲအပိုတစ်ခု ထပ်ဝယ်ခဲ့ သေးတယ်။
နည်းနည်းပါးပါး လျှောက်ကြည့် အချိန်ဖြုန်းပြီးမျက်မှန် ဆိုင်ကိုပြန်လာခဲ့တယ်။ မျက်မှန်ရွေးပြီး အပြန်ကျ OK$ မှာ ဘေလ်ဖြည့်ရင်း နဲ့ ၂၈ လမ်းဝိန့်စိန်ရွှေဆိုင်နား ရောက်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက် လေး တစ်ခု သတိရသွားတယ်။
အဲ့ဒီအချိန်တုန်းက ဈေးချိုကို အောက်စက်လေးတစ်လုံး လာဝယ်တာပါ။ ဈေးချိုမလာခင် အိမ်နားက Beauty sallon မှာ ခေါင်းလျှော်ခဲ့သေးတယ်။ ဆိုင်မှာ ခေါင်းလျှော်တော့နှိပ်ပေးတာပေါ့။ နှိပ်ရင်းနဲ့ ဆွဲကြိုးက ပါးပါးလေးဆိုတော့ ပြတ်သွားတာ မသိဘူး။ ဆွဲကြိုး ပြတ်က ပြုတ်ကျမလာပဲ အတွင်းအင်္ကျီမှာငြိနေတာ နေမှာပေါ့။
ကားစီးနေတုန်းကမသိသာပဲ လမ်းလျောက်မှ နောက်ကျောကိုလာလာထိနေတာ။ဈေးချိုထဲအဲ့ဆွဲကြိုး နောက်ကျောတန်းလန်းကြီးနဲ့ လျောက်သွားတာဘယ်သူ မှ သတိမထားမိကြဘူး။ ကိုယ်က တော့ ဆွဲကြိုးလို့ မထင်ဘူးလေ။ အတူပါလာတဲ့အဖော်ကလဲ မမြင်ဘူး။
အောက်စက်ဝယ်ပြီး အိမ်ပြန်မယ်လုပ်တော့မှ အတူ ပါလာတဲ့အဖော်ကို ငါ့နောက်ကျော ကြည့်ပေးစမ်းပါ။ လမ်းလျှောက်တိုင်း ကျောကိုလာရိုက်နေတာ ဘာလဲ မသိဆိုပြီး နောက်ကျောကြည့်ခိုင်းတော့မှ ”ဟယ် !!! နွယ် အဲ့ဒါ နင့်ဆွဲကြိုးကြီး။ ပြတ်နေတာ မသိဘူးလား” ဆိုတော့မှ ကိုယ်ဆွဲကြိုးပြတ်နေတာ သတိထားမိတော့ တယ်။
သေးသေးမျှင်မျှင်လေးပေမယ့်လဲ ကိုယ့်ချွေးနဲစာနဲ့ လုပ်ထားတဲ့ပစ္စည်းမို့ အရမ်းတန်ဖိုးထားပါတယ်။ သမ္မာ အာဇီဝစစ်စစ်နဲ့လုပ်ထားတဲ့ပစ္စည်းမို့လား၊ ကိုယ်ကပဲ ကံကောင်းလို့လားမသိ၊ ဒီကြိုးတန်းလန်းကြီးနဲ့ ဈေးချို တစ်ခွင်လျှောက်သွားနေတာ ဘယ်သူမှ သတိမထားမိ သလို ကြိုးလေးကလဲ ပြုတ်မကျတာအရမ်းအံ့သြမိ ပါတယ်။
ဥစ္စာရင်းမှန်လို့ မပျောက်ပျက်တာနေမှာလို့ တွေးမိရင်း ရတနာသုံးပါဂုဏ်ကျေးဇူးကို အောင်းမေ့၍ အိမ်ကို ပြန်လာခဲ့ပါတယ်။
Author@nweoomon
Photo@nweoomon
7.6.2018
တော်သေး ပြုတ်ကျရင် ငိုနေအုံးမယ်
ပြန်ရတော့ ဝမ်းသာရတာ ပ
ဟုတ်တယ် ပြုတ်မကျလို့် ပျော်ချက်
This post has received a 1.29 % upvote from @booster thanks to: @nweoomon.
Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.