ခွဲခွာခြင်းမှတ်​တမ်း

in #myanmar6 years ago

ဒီ​နေ့​တော့ အမိရွာ ဇာတိ​မြေက​လေးက​နေ ရန်​ကုန်​မြို့  သို့ တက်​ခဲ့​လေပြီ။ အလာ​ကောင်း​ပေမယ့်​ အပြန်​လမ်းမှာ​တော့ လွမ်းရပြန်​ပြီ။

မောင်​ရင်းနှစ်​မ ​ဆွေမျိုးတစ်​သိုက်​ အ​ပေါင်းအသင်းစုံလင်​စွာ နှုတ်​ဆက်​ကျ​တော့ ရင်​ထဲမှာ​တော့ ဟာတာတာ​လေ။
ဇာတိကို လာတုန်းက​တော့ ဝမ်းသာ​ပျော်​ရွှင်​နဲ့ ကြိုဆိုကျတာ​ပေါ့။ အခု​တော့ အပြန်​လမ်း ထိုသို့ မ​ပျော်​ရွှင်​ကျ​ပေ။

ကျွနုပ်​သည်​ကားလဲ ထိုသို့ အမိ​မြေနဲ့ မခွဲခွာချင်​​ပေ။ သို့​ပေမယ့်​လဲ ဘဝသမား အလှထားချင်​လို့ အမိရွာတိုးတက်​​စေ​ကြောင်း ရည်​ရွယ်​ကာ မြို့သို့ တက်​ခဲ့ရ​ပေ။ လွမ်းလှသည်​ဟု ​အော်​​နေ​သော်​ စပါးပင်​တစ်​ချို့ ဟိုဘက်​ယိုင်​ ဒီဘက်​ယိုင်​ကာနဲ့ နှုတ်​ဆက်​ခဲ့မှု့​တွေကလဲ အန့်​မခမ်း လွမ်းစရာ​ပေ။

နောင်​အခါ မကြာဝယ်​ ပြန်​လာမည်​ဟုလဲ ​ပြောခဲ့ရ​သေးတဲ့ ကျွန်​​တော့်​စကား တုန်​ရီလှ​ပေသည်​။ မည်​သို့ပင်​ ဖြစ်​​စေကာမှု ခွဲ ခွာရအုံးမယ်​။ လွမ်းမည်​အဖြစ်​ မြိုသိပ်​ကာ ကြိုးစား​ပေးရအုံးမည်​။

ညီငယ်​ ညီမငယ်​များကိုလဲ မှာတမ်းခဲ့​ရ​သေးသည်​။ အနာဂတ်​ လူငယ်​ လမ်းမမှားမိဖို့အ​ရေး တွန်းဆွ လှုပ်​​ဆော်​ခဲ့ရ​သေးသည်​။ ဒီအချိန်​ဆို အမြဲထိုင်​​နေကျ ရွာဦးဘုရား​ပေါ်မှာ လူငယ်​တစ်​သိုက်​ စုံ​နေမလား​ပေါ့။

ရီစရာဟာသ ကြုံဖူးခဲ့သမျှ အ​တွေ့အကြုံအပြန်​အလှန်​ မျှ​ဝေ​ပြောကာ ရီခဲ့​မောခဲ့ရတာ​တွေကလဲ အခုများ​တော့ ​ပျောက်​ပျက်​ခဲ့​ပေ။သူတို့လဲ ကျွန်​​တော့်​ ကို လွမ်း​နေမလားပဲ။

မလွမ်းချင်​​ပေမယ့်​ လွမ်းခဲ့မိတာ​တွေကို ​ဖြေ​ဖျောက်​ခဲ့ပါရ​စေလို့ လက်​ပြနှုတ်​ဆက်​ရင်း ခွဲခွာခဲ့ပြီ​လေ။
@onlinelover

Sort:  

This post has received a 2.63 % upvote from @boomerang.

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 2.49% upvote!
I was summoned by @onlinelover. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 65856.98
ETH 2663.80
USDT 1.00
SBD 2.88