" ရပ်ကွက်တွင်းက ကပ်ဖဲ့ကြသူများ - ၃ "

in #myanmar6 years ago (edited)

IMG_20171211_182328.jpg

" လူမိုက် ကပ်ဖဲ့သူကြီး ကိုတင်ထွန်း "

နှစ်ဦးမှာ နွေဦးနှင့်အတူ လေရူးလေးတွေ တသုတ်သုတ် တိုက်ခတ်လာကြပြီ။ ခုလိုနွေရာသီ ချိန်ခါနေ့လယ်ခင်းလေးတွင် ကျနော်တို့ မြို့စွန်ရပ်ကွက်လေး၏ တိတ်ဆိတ်ငြိမ်သက် ခြင်းကို ဖြိုခွင်းလိုက်သော ထူးထူးဆန်းဆန်းအသံတို့ ပေါ်ထွက်လာခဲ့သည်။ နွေနေပူကို အိမ်တွင်းအောင်းကာ သက်သာရာသက်သာကြောင်း နေနေကြသူများ ဟိုနားတစ်စ ဒီနားတစ်စ အိမ်တွင်းအောင်းရာမှထွက်ကာ အိမ်ရှေ့ လမ်းမထက်သို့ ကိုယ်စီကိုယ်စီ ဘာဖြစ်သနည်း စပ်စုနေကြသည်။

ကျွန်တော်သည်လည်း သတင်းဂျာနယ်တစ်စောင်ဖတ်နေရာမှ ရုတ်တရက် ဝူးဝူးဝါးဝါး အသံများကြားလိုက်ရ၍ နားကိုစွင့် ခေါင်းကိုပင့်ကာ အသံကြားရာ ငဲ့ကြည့်လိုက်မိသည်။ အော် ဝူးဝါး အသံတို့မှာကား ရပ်ကျော်ရွာကျော် ကပ်ဖဲ့ကြီး ကိုတင်ထွန်း အိမ်ဘက်မှဖြစ်သည်ကိုသိလိုက်ရသည်။

အထူးအဆန်းဆိုလျင် အရူးအနှမ်း'က'နေသည်ကိုပင် ပြေးကြည့်တတ်သောကျနော်သည် ယခုလို ရပ်ကျော်ရွာကျော်ကြီး ကိုတင်ထွန်း အိမ်ဘက်မှ အသံဆန်းတို့ကြောင့် ရေနွေးကြမ်းအတူသောက်ဖော်ကြီး ဦးကြင်ကို လှမ်းကြည့်ကာ " ခင်ဗျားပြိုင်ဘက်ကြီး ကိုတင်ထွန်း အိမ်ဘက်က အသံတွေဗျ ကျုပ်တို့ သွားကြည့်ရအောင် "။

angry 1.png

Credit Image Source

အထူးအဆန်းဆိုလျင် ကျတော့နည်းတူ စိတ်ဝင်စားလေသော ဦးကြင်သည်လည်း နှစ်ခါ မခေါ်ရ ကောက်ကနဲ ထလိုက်လာသည်။ ဦးကြင်သည်လည်း သူ၏ ပြိုင်ဘက်ကြီး ကိုတင်ထွန်း အိမ်ဘက်ဆီမှ အသံဟုသိကတည်းက စိတ်ဝင်စားနေသူဖြစ်သဖြင့် အကြောင်းရင်းကို သိလိုနေလှပီဖြစ်သည်။

သို့နှင့် ကျနော်တို့နှစ်ယောက်သား ကိုတင်ထွန်းအိမ်ရှေ့ရောက်သော် အိမ်ရှေ့တွင် ဒေါသူပုန်ထနေသော ကိုတင်ထွန်းကြီးအား တွေ့ရလေ၏။ သူ့ကိုကြည့်ကာ အနီးနားမှ ကလေးများကား ပြုံးစိစိနှင့် တခွိခွိ ရယ်နေကြသည်။ ကိုယ်အထက်ပိုင်း ဗလာကျင်းနှင့် အလုပ်ကြမ်းသမား တောသူတောင်သား ကိုတင်ထွန်းမှာ သန်မာသောကြွက်သားအမြှောင်းမြှောင်းနှင့် ကြည့်၍ပင်ကောင်းနေသေးသည်။ ထူးဆန်းနေသည်ကား ကိုတင်ထွန်းသည် မြေကြီးပေါ်မှ တစ်စုံတစ်ခုအား ဖနောင့်နှင်း တဖုန်းဖုန်း ပေါက်နေလေ၏။ " နှုတ်မှလည်း ထွေးချင်ဦးဟ၊ ထွေးပါအုန်းဟ၊ နင့်အမေ xxxကွမ်းသွေး ထွေးဦးကွာ "ဟု စိတ်ဆိုးမာန်ဆိုး ဒေါသတကြီးဖြင့် အင်္ကျီတစ်ထည်အား ဖနောင့်နှင့် ပေါက်ချနေလေသည်။

Img.jpeg
Credit Image Source

ကျနော်နှင့် ဦးကြင်ကို မြင်သွားသော ကိုတင်ထွန်းသည် သူဖနောင့်နှင့်ပေါက်နေသော အရာကိုကုန်းကောက်ကာ အိမ်တွင်းသို့ ဝင်သွားလေတော့သည်။ ကျနော်တို့လည်း အနားမှ ကလေးများနှင့် ရပ်ကွက်တွင်း အနီးအနားအိမ်များမှ လာကြည့်ကြသော သူတို့အား ကိုယ့်အိမ်ကို ပြန်ကြရန် တိုက်တွန်းပီး လူစုခွဲလိုက်လေသည်။ အိမ်ရှေ့တွင် လူစုကွဲကာ ရှင်းလင်းသွားသော်လည်းကိုတင်ထွန်းမှာ အိမ်ထဲက ပြန်ထွက်မလာချေ။ အကြောင်းစုံ သိလိုလှသော ကျနော်လည်း အားမနာနိုင် ကိုတင်ထွန်းအိမ်ထဲသို့အရဲစွန့်ကာ စွတ်ဝင်လိုက်သည်။ " ဗျို့ ကိုတင်ထွန်း ဘာတွေ ဒေါပွနေတာလဲဗျ ၊ ကျနော်ဘာကူညီပေးရမလဲ၊ အိမ်ထဲဝင်ခဲ့ပီနော် " ပါးစပ်မှလဲ အသံပေးကာ လူကလဲ အိမ်ထဲ ဇွတ်ဝင်လိုက်သည်။

ခဏအကြာ ပြုံးဖြီးဖြီးနှင့် အိမ်ခန်းအတွင်းမှ ကိုတင်ထွန်းထွက်လာကာ " လာဆရာလေး ရေနွေးသောက်၊ ပဲကြမ်းသုပ်စား "ဟုဆိုကာ ဧည့်ခံနေတော့သည်။ ကျနော်မှာ ခုနလေးတင် ဒေါသချောင်းချောင်းထွက်နေသော ကိုတင်ထွန်းမှ ဟုတ်ပါလေစ သဘောနှင့် ကြောင်တက်တက်ကြည့်နေမိသည်။ ဒီလိုပါဆရာလေးရယ် ခုန စောစောက ကျနော် လမ်းထိပ်က ဈေးဆိုင်မှာ ပြောင်းဖူးဖက်ဆေးလိပ်သွားဝယ်တာဗျ။ အဲဒါ ကျနော်ကလမ်းလျောက်သွားတာ နံဘေးကဖြတ်သွားတဲ့ ကားပေါ်က သူကောင်းသားတစ်ယောက် ပါးစပ်ဆော့ပီးကွမ်းတံတွေးထွေးချလိုက်တာ ကျုပ်တစ်ကိုယ်လုံး သူ့ကွမ်းသွေးတွေနဲ့ ရဲရဲပေါက်သွားတာပေါ့ဗျာ။

anger2.gif
Credit Image Source

ကျုပ်လဲ ရုတ်တရက် ဖြစ်တော့ တော်တော်လေးကို ဒေါသထွက်သွားတာ။ အဲဒီကားနောက်ပြေးလိုက်လိုက်တာဗျာ လမ်းထိပ်အကွေ့မှာ အရှိန်လျော့ ကွေ့ကာနီးလေး မှီပါလေရော၊ ဒါနဲ့ ကားဆရာကို ရပ်ခိုင်းပီး ကျုပ်အပေါ်ကွမ်းတံတွေးထွေးချသူကို ဆင်းခိုင်းတာပေါ့၊ ကျုပ်ကလက်ထဲမှာ အနီးနားက အုတ်ခဲကြိုးကိုင်ထားတာဆိုလေတော့ ကားဆရာလဲကြောက်နေတယ်၊ ဟိုကွမ်းတံတွေးထွေးသူကလဲ ကြောက်နေတယ်။ ကျုပ်ကလဲ ကြောက်စရာပုံပဲလေ အပေါ်ပိုင်း အင်္ကျီက ကွမ်းသွေးတွေနဲ့ ရဲပေါက်နေတာကိုး။ နောက်တော့ ကျုပ်ထုံးစံအတိုင်း မင်းအင်္ကျီချွတ်မလား အုတ်ခဲနဲ့ အထုခံမလားလို့ ဂျစ်ကန်ကန်ပုံစံနဲ့ မေးလိုက်တယ်လေ။ ဟိုလူလဲ ကြောက်ကြောက်နဲ့ သူ့အင်္ကျီချွတ်ပေးတယ်။ ဒါနဲ့မပီးသေးဘူး မင့် ကွမ်းယာထုပ်ပါပေးဆို တောင်းလိုက်တယ်ဗျာ။ ဟဲ ဟဲ တင်ထွန်းပဲ လုပ်မိရင်အပြတ်လုပ်တာပေါ့ဗျာ။

အော် အရေးထဲ လူုမိုက်ကန့်လန့်တိုက်တဲ့ ဂုဏ်ကဖော်လိုက်သေး ကိုတင်ထွန်းရယ်လို့ ကျနော်စိတ်ထဲက ရေရွတ်နေမိတယ်။ ကိုတင်ထွန်းက ရေနွေးတစ်ကျိုက်သောက်ရင်း ဆက်ပြောတယ် အဲဒါနဲ့ ကျုပ်လိုခြင်တာရတော့ ကားသမားကို ခဏနေဦး ဒါလေးကြည့်သွားကြလို့ပြောပီး ဟိုလူ့ကွမ်းယာထုပ်ကိုဖြည်ပီး ကွမ်းသုံးယာလောက် ပါးစပ်ထဲပစ်ဝါးလိုက်တယ် ပီးတော့ ကွမ်းထွေးတဲ့ သူကောင်းသားအင်္ကျီပေါ်ကို အားရပါးရ ကျုပ်ကွမ်းတံတွေးတွေ ထွေးချပြလိုက်တယ်လေ။ ဟိုလူကိုလဲ လက်ညှိုးငေါက်ငေါက်ထိုးပီး နောက်တစ်ခါ ဒီလမ်းပေါ်ကွမ်းထွေးတာတွေ့လို့ လူတွေပေါ် ကွမ်းတံတွေးစင်တာတွေ့ရင် မင်းကိုလာပီး မင်းပါးစပ် ကွမ်းမထွေးနိုင်အောင်လုပ်ပြစ်မယ် သတိထားနေလို့ ကြိမ်းဝါးပစ်လိုက်တယ်ဗျာ။ ဘေးနားက လူတွေလဲ ဝိုင်းအုံလာတော့ ကားသမားလဲ သူ့ ပါစင်ဂျယ်ကို ကားပေါ်အတင်းတက်ခိုင်းပီး မောင်းပြေးတော့တာပဲ။

Img.jpeg
Credit Image Source

ကျုပ်ဒေါသက ဒီလောက်နဲ့ပြေမသွားဘူးဗျ ဟိုလူ့ အင်္ကျီကို ယူလာခဲ့ပီး ကျုပ်အိမ်ရှေ့မှာ ကွမ်းသွေးနဲ့ထွေးလိုက် အားရပါးရ ဖနောင့်နဲ့ပေါက်လိုက် လုပ်နေတာပဲဗျာ။ ကဲဆရာလေး စာရေးစရာ ဇာတ်ကွက်ရသွားပီမို့လား အဟဲဟဲ ။ ကျုပ်နာမည်ကိုသုံးပီး နာမည်ကျော်အောင် ဆရာလေးလက်စွမ်းပြလိုက်စမ်းပါ့ဗျာ ဟု ကိုတင်ထွန်းတစ်ယောက် ပြောစရာစကားများကို ဆက်တိုက်ပြောချကာ ပဲကြမ်းသုပ်ကိုဝါးလိုက် ရေနွေးသောက်လိုက် လုပ်နေတော့သည်။

ကျနော်နှင့် ဦးကြင်မှာ ကပ်ဖဲ့ကြီးကိုတင်ထွန်း စကားများကို ဆက်တိုက်နားထောင်ပီး အကြောင်းစုံသဘောပေါက် နားလည်သွားသည့်သကာလ ကျွန်တော့မှတ်ချက်စကားကြောင့် ကပ်သီးကပ်ဖဲ့ဆရာများ ကိုတင်ထွန်းနှင့် ဦးကြင်တို့နှစ်ဦး သဘောတွေ့သွားကြလေတော့သည်။

ကျနော်ပြုလိုက်သော မှတ်ချက်စကားမှာကား " ကပ်လဲကပ်ဖဲ့နိုင်ပေ့ လူမိုက်ကြီး ကိုကပ်ဖဲ့ကြီးရေ "ဟူသတည်း။

ဆက်လက်ကြိုးစားတင်ပြပါဦးမည်။ စာရှုသူအပေါင်း ပြုံးရယ်ရွှင်မြူးနိုင်ကြပါစေဗျာ။

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

မြန်မာစတီးမစ် အဖွဲ့သားများ ကိုယ်စိတ်နှစ်ပါး အေးချမ်းပျော်ရွှင်ကြပီးလျင် မိမိတို့ ရည်မှန်းချက် Goals များအား အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေဗျား။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 7:30 PM (20.4.2018)

#Myanmar #Writing #Story #Funny #Literature

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 6.04% upvote!
I was summoned by @nyinyiwin. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ဟားးးတော်တော် အစွမ်းပြနိုင်တဲ့ ကိုတင်ထွန်းပဲဗျာ။

ကိုတင်ထွန်း အစွမ်းကတော့ မသေးဘူးဗျို့ နောက်တစ်ပတ် ဦးကြင်အစွမ်းပြတာလေး တင်ပေးအုန်းမယ်။

နောက်ကို နည်းနည်း ခွာပြီးမှ ဖဲ့ပါမယ်ခင်မျာ

အေး ဒိုမီလဲ ကပ်ဖဲ့ချင်လာပီလား၊ အဟေး ။

Hey, just wanted to let you know I gave you an upvote because I appreciate your content! =D See you around

ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်

ဟုတ်တယ် ကိုကြီးစိုးရေ ရပ်ကွက်ထဲက လူထူးလူဆန်းတွေအကြောင်း ရေးရတာ စိတ်ထဲလဲပျော်တယ်။

ဘဘ လိုင်းမ​ကောင်းဘူး
အာ့​ပြော​ပေး

အွမ် လိုင်းမကောင်းရင် တိုင်ထိပ်တက်ပြော။

မသိဘူး ဖဲ့မယ်🤣🤣

ဖဲ့အေ နာနာဖဲ့ အေးတာပဲ ဟားဟ

You got a 13.89% upvote from @brandonfrye courtesy of @nyinyiwin!

Want to promote your posts too? Send a minimum of .10 SBD or Steem to @brandonfrye with link in the memo for an upvote on your post. You can also delegate to our service for daily passive earnings which helps to support the @minnowfund initiative. Learn more here

This post has received a 0.84 % upvote from @booster thanks to: @nyinyiwin.

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 60995.33
ETH 3364.01
USDT 1.00
SBD 2.52