လှူတတ်ရင် ကုသိုလ်၊ ယူတတ်ရင် ကုသိုလ်

in #myanmar6 years ago

မန္တလေးမြို့၊ ၂၆ လမ်း၊ ၇၃ လမ်း ကျုံးတောင်ဘက်အခြမ်းမှာ ကလေးကစားကွင်း ပြုလုပ်ထားတာ
မန္တလေးမြို့နေ လူထူအပေါင်းအားလုံးသိရှိပြီး ဖြစ်ပါတယ်။ ခုဆို ကျုံးလက်ရမ်းတွေလည်း အားလုံး
တပ်ဆင်ပြီး ပလက်ဖောင်းကလည်း တပြေးညီ
ပြန်လည်ပြုပြင်ထားလို့ ညနေခင်းအချိန်တွေဆို
ကျုံးပတ်လည်တဝိုက် အပမ်းဖြေသူ၊ အားကစား
လုပ်သူ၊ လမ်းလျှောက်သူတွေနဲ့ ပိုမိုစည်ကားလို့
နေပါတယ်။

image

ကျုံးဘေးမှာ အပမ်းဖြေသူတွေအပြင် ငါးစာကျွေးသူ၊ ခိုစာကျွေးသူတွေကလဲ မရှားပါဘူး။ ဟိုအရင်ကတော့ ကျုံးအနောက်ဖက်ခြမ်းမှာ ခိုစာရောင်းတာ
မြင်ဖူးပါတယ်။ ဒီနေ့တော့ ထူးထူးခြားခြား ငါးစာ
ပေါင်မုန့်လေးတွေ ရောင်းနေသူတစ်ဦးကိုမြင်တွေ့ခဲ့ရပါတယ်။

image

ခိုစာ၊ ငါးစာ ကျွေးသူတွေက အရင်ကတည်းကရှိတာပါ။ ဒီအမျိုးသမီးရဲ့ စီးပွားရေးလာဘ်မြင်ပုံကို
ချီးကျူးမိလို့ပါ။ ငါးစာဖိုးကလည်းမများပါဘူး။
ပေါင်မုန့်အကြေတစ်ထုပ်မှ ၅၀၀ ပါ။ ပေါင်မုန့်
အကောင်းလည်း ၅၀၀ ပါပဲ။ ကျမတောင် ဒီနေ့ ငါးစာတစ်ထုပ် ဝယ်ကျွေးခဲ့သေးတယ်။ ကျမလိုပဲ ငါးစာကျွေးသူ၊ ခိုစာကျွေးသူတွေလဲ အများကြီးပဲ။

image

ပေါင်မုန့်လက်တစ်ကုပ်ယူပြီး ကျုံးရေပြင်ထဲ ပစ်ချလိုက်ရင်ပဲ ငါးမျိုးစုံ သူ့ထက်ငါ အလုအယက်
စားနေကြတာကြည့်ရင်း ရင်ထဲမှာပီတိဖြစ်မိပါ
တယ်။ ပေါင်မုန့်တစ်ထုပ် ခဏလေးပဲကုန်သွား
တယ်။ ဟိုအရင် ခိုစာပဲလုံးလေးတွေ ကျွေးတုန်းကလည်း ခဏလေးနဲ့ကုန်သွားတာပဲ။ ခိုလေးတွေများ အစာကျွေးတဲ့သူမှန်းသိတော့ မကြောက်ကြဘူး။
လက်ထဲအထိ လာလုစားတယ်။ သူ့မေတ္တာ၊
ကိုယ့်မေတ္တာပေါ့။

image

image

ခိုလေးတွေ၊ ငါးလေးတွေ အစာကျွေးရင်း စဉ်းစား
မိတာက လှူတတ်ရင်ကုသိုလ်၊ ယူတတ်ရင် ကုသိုလ်ပဲ။ ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူမှ အလှူ
မဟုတ်ပါဘူး။ ဒီလိုမျိုး တိရိစ္ဆာန်လေးတွေ အစာ
ကျွေးရင်လဲ ကုသိုလ်ရတာပဲ။ သူတို့လေးတွေကို
အစာကျွေးရတာစိတ်ချမ်းသာမိတယ်။ အတူတူ
လမ်းလျှောက်တဲ့ သူငယ်ချင်းကိုတောင် ပြောမိသေးတယ်။ ငါးလေးတွေအစာကျွေးရတာပျော်လိုက်တာ။ နောက်နေ့လဲ ကျွေးအုံးမယ်နော်လို့..။ သူတို့
လေးတွေက ကျမကျွေးတဲ့အစာကို ချေးမများပဲ
စားတာကိုး...။

ကျုံးဘေးမှာ ငါးစာကျွေးပြီး ကုသိုလ်လုပ်သူများ
ရှိသလို ငါးမျှားနေတဲ့သူတွေလဲ တွေ့ခဲ့ရပါသေး
တယ်။ ကျုံးရေပြင်တစ်ခုတည်းမှာပဲ အစာရေစာ
ဝလင်တဲ့ငါးနဲ့ အစာမဝလို့ ငါးမျှားချိပ်မိသွားရှာတဲ့ ငါးလေးတွေရဲ့ ကုသိုလ်ကံကိုလည်း သနားရပါသေးတယ်။

image

ဘာပဲပြောပြော မန္တလေးမြို့မှာနေထိုင်ကြတဲ့ Steemit မိတ်ဆွေအပေါင်း အကြောင်းကံသင့်လို့ ကျုံးဘေးများလမ်းလျှောက်ဖြစ်ခဲ့ရင် ငွေကုန်
ကြေးကျမများပဲ ပီတိဖြစ်ရတဲ့ ခံစားမှုကိုလိုချင်ရင် ငါးစာလေးတွေကျွေးရင်းကုသိုလ်ယူကြပါလို့
တိုက်တွန်းချင်ပါတယ်ရှင်။

image

Author @nweoomon
Photo @nweoomon & htwegyi
10.5.2018

Sort:  

မန်းလေးလည်း ကျူံးနားတဝိုက်တော့ အရိပ်ကောင်းတယ်နော်

ဟုတ်တယ် အရိပ်ကောင်းတော့ လမ်းလျှောက်လို့ကောင်းတယ်

ကျွန်တော်လဲ အကြံရလာပြီ။ မန်းလေးကျုံးဘေး ငါးစာလာရောင်းရင်းနှင့် steemit မှာ စာရေးနေရင် သာသာယာယာပဲ။

အကြံတူသွားပြီ ဒီကလဲစိတ်ကူးနေတာ

ဟီုလေး ငါးစားရောင်းတဲ့သူက ငါးစားဖိုးပေးခဲ့လားလို့ 
မေးနေလို့ 😁

ဟီး..ဒီနေ့မှ ပေါင်းယူပါလို့ 😁😁

You got a 2.94% upvote from @emperorofnaps courtesy of @nweoomon!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

You got a 100% upvote from @steempowergroup1 courtesy of @nweoomon ! It is a cool free !

ကျေးဇူးတင်ပါတယ်ရှင်

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 1.55% upvote!
I was summoned by @nweoomon. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 62934.82
ETH 3119.20
USDT 1.00
SBD 3.86