သနားစရာ အဖေ့မေတ္တာ

in #myanmar7 years ago

image

     အဖေ Facebook ဆိုတာကို စသုံးတော့ ကျွန်တော့် အကောင့်ကို စပြီး add တယ်။

အဖေ့နာမည်နဲ့ အဖေ့အကောင့်ကို မြင်တော့ လန့်သွားတယ်။

အဖေပါလား…..ဆိုတဲ့အသိ ဝင် လာတယ်။

အံမယ် အဖေက အင်တာနက်တောင်သုံးတတ်လို့ ပြောပြီး သဘောကျမိတယ်။

အဲ့ဒီနောက် အဖေက ကျွန်တော့အကောင့်ကို add ပြီး ကျွန်တော့ ညီမလေး အကောင့်ကိုလည်း ရှာပြီး add တယ်။

သူကမောင်နှမ နှစ်ယောက်စလုံး လိုင်းပေါ်မှာ ဘာတွေလုပ်နေလဲ။ ဘာတွေများ post တင်ထားလဲ။ ဘယ်သူနဲ့ ဘာတွေပြောလဲ သိချင်ရုံသာ။

ကျွန်တော့် posts တွေကို ဘာမှတော့ ဝင် မန့်ပြီး ဆူတာမျိုး တော့ မလုပ်ဘူး။

ကျွန်တော်ကတော့ အဖေ့အကောင့်ကိုလက်ခံပြီးမှ စဉ်းစားတယ်။ ငါ ပေါက်ကရတွေ လျောက်တင်လို့ အဖေမြင်ရင် အဆူခံရမလား ပေါ့။

သူကကျွန်တော် အချစ်အကြောင်းတွေ လျောက်ရေးရင်လဲ ဖတ်တာပဲ။ ပြီးရင် အမေ့ကိုပြန်တိုင်သလိုလိုနဲ့ မင်း သားတော်မောင်က ဘာတွေ ရေးနေတာလဲဆိုပြီး မိဘ အကြောင်း တော့မ ရေးဘူးဆိုပြီး ဆူသလိုလိုနဲ့ ပြန်ပြောတယ်။

ကြာတော့... မဖြစ်သေးပါဘူး။ ငါ့အကောင့်ထဲ အဖေရှိနေရင် ငါလုပ်ချင်သလိုလုပ်လို့ ရမှာမဟုတ်ဘူး ဆိုပြီး အဖေမသိအောင် ဘလော့လိုက်တယ်။

ကျွန်တော့် အကောင့်ကို ရှာမတွေ့တော့ လာမေးတယ်။

မင်းအကောင့်ရှာ မတွေ့တော့ဘူး…။ ဘယ်ရောက်သွားလဲတဲ့။

ကျွန်တော်လဲလိမ်လိုက်တယ်…..။ "သိဘူးလေ လော့ကျပြီး ပျက်သွားတာနေမှာပေါ့" လို့

အသက်ကြီးတဲ့အဖေက မသိရှာဘူး…။

"ဪဟုတ်လား" ဆိုပြီး သူ့အကောင့်ထဲက သတင်းတွေပဲ ဖတ်ြပီး ပျော်နေရှာတယ်…..။

မကြာခင် သူ့သားတော်မောင်က သူ့ကို ဘလော့ထားတယ်ဆိုတာ အိမ်ကညီမလေး ပြောတော့ သိသွားတယ်။

ကျွန်တော့်ကို တော့ ဘာမှအပြစ်မပြောဘူး။ အကောင့်သစ်ကလေး ဖွင့်ပြီး add လို့မရတဲ့ သား အကောင့်ကို တိတ်တိတ်လေး follow လုပ်ထားရှာတယ် လေ……။

ဒီလိုနဲ့ကျွန်တော် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြောင်းပေါ်လို့ နိုင်ငံခြားရောက်နေချိန် အဖေ့မှာ ကင်ဆာဖြစ်လာတယ်။

အဆက်အသွယ်မရပဲ သားတော်မောင် အဝေးရောက်နေချိန် အဖေကတော့ add လို့မရလို့ follow လုပ် ထားရတဲ့ သား ဖေ့ဘွတ် အကောင့်က ပုံတွေ လေးကို ဆေးရုံမှာကြည့်ရင်း အလွမ်း ဖြေနေရရှာတယ်…..။

ဒါတွေ ကျွန်တော် မသိခဲ့ရပါ…..။

ပါးစပ်ကလဲ တဖွဖွ ငါ့သားလေးစိတ်ပူနေမယ် ငါ့ရောဂါအကြောင်း မပြောပါနဲ့တဲ့…။

ကျွန်တော် က ပင်လယ်ထဲမှာ သင်္ဘောသားဘဝ ဆိုတော့ ကမ်းကပ်တဲ့အချိန်မှ အင်တာနက် သုံးလို့ရတာ။

ဒီတော့ အိမ်ကလူတွေနဲ့ အတော် ကြာကြာ အဆက်အသွယ်ပြတ် နေတယ်လေ။

အိမ်နဲ့ အဆက်အသွယ် လည်း ရ ရော။ ကြားရတဲ့ သတင်း စကားက ရင်ကို နင့်သွားစေတယ်။ အဖေဆုံးပြီတဲ့။

မသေခင် ကျွန်တော့ အကောင့်မှာ တင်ထားတဲ့စာလေးတွေ ပုံလေးတွေကို ဖတ်ရင်း ပြုံးနေရှာတာတဲ့။

သူမှန်းသိရင် ထပ် block မှာ ကြောက် လို့ အသိ မပေး ခဲ့ဖူးတဲ့။

"ဪ ဖေကြီးရယ်... သားကို အရမ်းချစ် တာပါ နော်။ သားအဖေ့ ကျေးဇူး တွေ နားမလည်ခဲ့ဘူး။ သား မိုက်တယ်။"

အခု… ကျွန်တော် အဖေ့ အကောင့်ကို လက်ခံလိုက်ပြီလေ ဖေကြီး။ သား မဘလော့ တော့ပါဘူး ဖေကြီးရယ်။

အဖေ့ကို ဂတိတွေပေးရင်း မျက် ရည်တွေ ကျ နေပြီ။

ခါတိုင်း အဖေ့အကောင့်လေး မီးစိမ်း နေတိုင်း လိုင်း သုံးရတာ မလွတ်လပ်ဘူးလို့ အဖေ့ကို အပြစ်မြင် နေခဲ့တယ်။

ခုတော့ အဖေ့ အကောင့်လေးက မီးမစိမ်းတော့ပါ…..။
မိဘကျေးဇူး ဆပ်နိုင်တဲ့ သားသမီးတွေ ဖြစ်ကြပါစေ။

image
image
image
image
ကျေးဇူးတင်ပါသည်။

Sort:  

ပါဝါမရှိတော့ပေ့မယ် ရင်ထဲ့နင့်သွားလို့ ပါကိုနောင်ရေ

ဟုတ်ကဲ့

nice story.....

Great benefactor

Congratulations @naung! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @naung! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

The Steem community has lost an epic member! Farewell @woflhart!
SteemitBoard - Witness Update
Do not miss the coming Rocky Mountain Steem Meetup and get a new community badge!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60104.15
ETH 3299.21
USDT 1.00
SBD 2.37