ဆင်ခြင်မိသော အဖေ့ကျေးဇူး

in #myanmar6 years ago

image
အဖေငယ်စဉ်က လူချောတစ်ယောက်ပင်။ကျောင်းကပွဲများနှင့် ရပ်ကွက်ကပွဲများတွင် အဖေသည် မိန်းကလေးကဲ့သို့ဝတ်ဆင်ပြီး အမျိုးသမီးအဖြစ် သရုပ်ဆောင်ရသည်ဟု ရပ်ကွက်မှ လူကြီးများပြောပြ၍ သိရပါတယ်။ ထို့အပြင် အဖေသည် တေးဂီတလည်း ဝါသနာပါသည်။မယ်ဒလင်ကောင်းစွာ တီးနိုင်သကဲ့သို့ သံပတ္တလားကိုလည်း တီးနိုင်ပါတယ်။အဆိုလည်းကောင်းသည်။ကျွန်မအရွယ်ရောက်လာသည့်အခါ အဖေ့ခြေရာနင်းသည်ဟု ဆိုရမည်ထင်ပါသည်။ ကျွန်မသည် ကျောင်းကပွဲများတွင်လည်းကောင်း စာဆိုတော်နေ့ကပွဲများတွင်လည်းကောင်း မင်းသမီးအဖြစ်သရုပ်ဆောင်ကပြရ၏။တစ်ခါတစ်ရံ ညဖက် မယ်ဒလင်တစ်လက်ဖြင့် သီချင်းလှည့်လည် သီဆိုတတ်သည်။ ကျွန်မသူငယ်ချင်း မအေးမှာ မယ်ဒလင်အတီးကောင်းပါသည်။ သူနှင့်တွဲ၍ ကျွန်မသီချင်းလိုက်ဆိုခြင်းဖြစ်၏။
ကျွန်မကောင်းစွာ မှတ်မီသေးသည်။ကျွန်မဆယ်တန်းစာမေးပွဲကို ပထမနှစ်ဖြေဆိုရာ စာမေးပွဲကျသဖြင့် အတော်စိတ်ပျက်သွားသည်။ကျောင်းဆက်တက်ချင်စိတ်ပင် မရှိသလို ဖြစ်သွား၏။အဖေ့ကို စာမေးပွဲမဖြေချင်တော့ဘူးလို့ပြောရာ အဖေက သဘောမတူ တစ်နှစ်မအောင်လျှင် တစ်နှစ်အောင်မည်။စာမေးပွဲကိုသာ ဆက်ဖြေရန် ပြောသည်။ကျွန်မက သင်္ချာဘာသာတွင် အားနည်းသည့်အတွက် အဖေက ကျွန်မအား မော်လမြိုင်မြို့တွင် အကောင်းဆုံးသောကျူရှင်ကို ထားပေးပါသည်။ကျူရှင်ဆရာမှာ ဆရာဦးအုံးလွင်ဖြစ်ပါသည်။ အသင်အပြအလွန်ကောင်းသဖြင့် ထိုနှစ်တွင် ကျွန်မဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပါသည်။ဤသည်မှာ အဖေ့ကျေးဇူးကြောင့်ပင်ဖြစ်၏။
အမေမရှိသော်လည်း အဖေသည် ကျွန်မကို အဖေတစ်ယောက်၏တာဝန်မပျက်ကွတ်စေဘဲ စိတ်ချမ်းသာအောင်ထားသည်။အဖေသည် ဒုတိယအိမ်ထောင်နှင့် သားသမီးများရလာသော်လည်း ကျွန်မကို အချစ်မလျှော့ခဲ့ပေ။
ကျွန်မဆယ်တန်းအောင်ပြီး မော်လမြိုင်ဥပစာကောလိပ်သို့ဆက်တက်ရန် အဖေက စီစဉ်ပေးသည်။ မော်လမြိုင်ဥပစာကောလိပ်မှာ တောင်ပိုင်းရပ်တွင်ရှိပါသည်။ ကျွန်မအိမ်မှ ဘက်စ်ကားစီးပြီး ကျောင်းတက်ရသည်မှာ အဆင်ပြေပါသည်။
ထိုအချိန်က အဖေသည် တနင်္သာရီတိုင်း သမဝါယမစာရင်းစစ်ဖြစ်နေပြီဖြစ်၍ အမြဲလိုလို ခရီးထွက်ရ၏။ မွန်ပြည်နယ်ဟူ၍ မပေါ်သေး။ မြိတ် ထားဝယ်ထိ အဖေခရီးထွက်ရ၏။ အဖေရသည့်လစာနှင့် ခရီးစရိတ်မှာ ကျွန်မမိသားစုအတွက် ကောင်းစွာ လုံလောက်သည့်အပြင် ကျွန်မပညာသင်စရိတ်ကိုပင် အဆင်ပြေအောင် ပံ့ပိုးပေးနိုင်ပါသည်။
အဖေသည် အသက် ၆၀ပြည့်သည်အထိ အစိုးရဝန်ထမ်းဘဝဖြင့်နေခဲ့ပြီး အငြိမ်းစားယူခဲ့သည်။အဖေအငြိမ်းစားယူသည့်အချိန်မှာ လမ်းစဉ်ပါတီခေတ်ဖြစ်ပါသည်။အဖေ၏လုပ်ဖော်ကိုင်ဖက်များက အဖေ၏အရည်းအချင်းနှင့်လုပ်ရည်ကိုင်ရည်ကိုသိပြီး ရေးမြို့နယ် ဇီးဖြူသောင်ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် စာရင်းကိုင်မှူးတာဝန်ပေးပါသည်။ အဖေသည် လူချစ်လူခင်ပေါသည်။ အလုပ်လုပ်ရာတွင် စည်းစနစ်ကျပြီး တိကျပြတ်သားမှုမရှိသဖြင့် အချို့က စာအုပ်ကြီးသမားဟုပင် စကားတင်းဆိုကြသည်။ မည်သူဘာပြောပြော အဖေက သူ့တာဝန်သူကျေအောင်လုပ်သည်။
ပြည်သူ့ကောင်စီများပေါ်လာသည့်အခါ အဖေသည် မြို့နယ်တရားသူကြီးဥက္ကဋ္ဌ တာဝန်ပေးခံရသည်။ အဖေ၏ ဝါဒအတိုင်းပင် အဂတိကင်းစင်စွာနှင့် လုပ်ကိုင်ဆောင်ရွက်သဖြင့် အဖေနာမည်ကောင်းရပြီး သက်တမ်းစေ့သည်ထိ တာဝန်ထမ်းဆောင်ခဲ့ပါ၏။ ထို့နောက် တာဝန်မှအနားယူပြီး မော်လမြိုင်သို့ ပြန်ပြောင်းခဲ့ကာ မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်ခဲ့သည်။
ထိုအချိန်တွင် ကျွန်မသည် အလုပ်တာဝန်ဖြင့် မော်လမြိုင် သံဖြူဇရပ်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့လည်းကောင်း နဝတလက်ထက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိတာဝန်ဖြင့် မော်လမြိုင်မြို့သို့လည်းကောင်း ပြောင်းရွေ့နေထိုင်ခဲ့ပါ၏။

Author by @khaylay

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by khaylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 2.16% upvote!
I was summoned by @khaylay. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59007.49
ETH 2658.92
USDT 1.00
SBD 2.44