ဧရာဝတီ နှင့် ရွှေကိန္နရီ

in #myanmar5 years ago (edited)

image

နွေရောက်ခဲ့ပြန်ပါသည်။ အညာနွေပူချက်က
စတင်လေသည်။ ကတ္တရာလမ်းမပေါ် အပူသင်္ကေတ
တို့ ပြချေပြီ။ နွေရာသီမှာ ခရီးထွက်ရတာ ပူပြင်းပါ
သော်လည်း စောင်၊ အနွေးထည်တို့ သယ်ယူမှုသက်သာသည်။ တပို့တွဲလမှာပင် နေရောင်အထိ
အတွေ့ ကပူလာလေသည်။ ဧရာဝတီမြစ်ပြင်ထက် နေ့လည်၂နာရီအချိန် ထမင်းစားပြီး ငိုက်မြည်းရင်း
တပို့တွဲလနေက သိသာစွာပူနေလေသည်။

ရွှေကိန္နရီ (၂) သင်္ဘောစီး၍ မင်းကွန်းသို့ သွားသည့်
ခရီးစဉ်အား ယခင်ပိုစ့်တွင်ရေးသားပြီးဖြစ်ပါသည်။
ထိုပိုစ့်တွင် မန္တလေးဖက်ကမ်းအကြောင်းများ ရေးသားခဲ့ပါသည်။ ယခုအခါ မင်းကွန်းဖက်နှင့် မင်းကွန်း
ကမ်းခြေအကြောင်းများဆက်လက်တင်ပြချင်ပါ
သည်။ ရွှေကိန္နရီ သည် ဂေါဝိန်မှ စတင်ထွက်ခွာသည်
နှင့် မြစ်ရေဝါဝါများကို ထိုးခွဲကာ ဥသြသံပေးကာ
ကမ်းမှ ခွာလေသည်။

image

image

image

မြစ်လယ်သို့ သင်္ဘောရောက်သောအခါ မန္တလေးဖက်
ကမ်းကို ကြည့်မိသည်။ မန္တလေးသည် မှုန်ဝါးစွာဖြင့်
လွမ်းစရာကောင်းနေပြန်သည်။ မြို့တော်ဥယျာဉ်
မှ ချားရဟတ်ကြီးကို သင်္ဘောခပ်ဝေးဝေးရောက်
သည်အထိမြင်ရသည်။ စစ်ကိုင်းတောင်တန်းနှင့်
စေတီပုထိုးများက မြူမှုန်များကြားဝိုးတဝါးမြင်
ရသည်။ စစ်ကိုင်းတောင်နှင့် စစ်ကိုင်းကမ်းခြေက
ကြည့်စရာသိပ်မရှိချေ။ မင်းကွန်းဖက်နီးမှာသာ
ပုထိုးတော်ကြီးကို လွမ်းစရာကောင်းအောင် အဝေး
မှမြင်ရသည်။

ဧရာဝတီမြစ်အတွင်း မင်ကွန်းဆိပ်ကမ်းသို့သွားသည့်
အခြားမော်တော်များကိုလည်း မြင်တွေ့ရသည်။
အချို့မော်တော်များက ကျွန်တော်တို့သင်္ဘောကို
ကျော်သွားပြီး အချို့မှာ ကျန်နေခဲ့သည်။ မော်တော်
များသည် အများအားဖြင့် နိုင်ငံခြားသားများက
စီးလုံးငှါးကာ စီးလာကြသည်။ မြစ်လယ်တွင်
မော်တော်တစ်စီးနှင့် တွေ့သည်။ ထိုမော်တော်ပေါ်
တွင် အမျိုးသမီးအချို့သည် မော်တော်ပေါ်တွင်
မော်ဒန်လမ်းလျှောက်လေ့ကျင့်နေကြသည်။

image

image

ထိုမော်တော်မောင်းသမားသည် အဆိုပါမော်ဒန်
လမ်းလျှောက်သမများကိုငေးနေသလားမသိပါ။
ကျွန်တော်တို့ သင်္ဘောနှင့်ငြိမိရန်အနည်းငယ်သာ
လိုတော့သည်။ ကျွန်တော်တို့သင်္ဘောက အရှိန်
လျော့၍ ဥသြသံပေးမှသာ မော်ဒန်မတို့မော်တော်
သည် စက်အရှိန်တင်၍မောင်းသွားသည်။
ဧရာဝတီမြစ်အတွင်းမင်းကွန်းသို့ သွားသည့်
မော်တော်များစွာကိုတွေ့ရသည်။ မင်းကွန်ဖက်သို့
ရောက်သောအခါ သင်္ဘောကမ်းကပ်ရန် နေရာရှာရသည်။ မင်းကွန်းကမ်း၌ မော်တော်များဖြင့်ပြည့်နေ
သည်။

image

image

image

ကျွန်တော်တို့ ကိန္နရီသင်္ဘောကကြီးသဖြင့် ကမ်း
ကပ်ရန် အချိန်အတော်ယူရသည်။ မင်ကွန်းကမ်း
ခြေတွင် ကလေးတစ်သိုက်ရေချိုးနေကြသည်။
သူတို့လေးတွေကိုကြည့်ကာ ပျော်ရွှင်ကြည်နူးမိ
သည်။ အပူပင်မဲ့စွာဖြင့် ဧရာဝတီမြစ်ပြင်ထဲသို့
မော်တော်များပေါ်မှ ဒိုင်ဗင်ထိုးကာရေချိုးနေကြ
သည်။ လက်ပံပွင့်ကို အဝေးသို့ပစ်ကာ ထိုလက်ပွင့်
ရှိရာသို့ ရေကူးပြိုင်နေကြသည်။ ကလေးဘဝ
ပျော်စရာကောင်းလှသည်။ သူတို့လေးတွေအား
သင်္ဘောပေါ်မှ ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသည်။

မင်းကွန်းခေါင်းလောင်းကြီး ၊ မြသိန်တန်စေတီ၊
ပုထိုးတော်ကြီးနှင့် မင်းကွန်းဒေါ်ဦးဇွန်းလူအိုရုံမှ
အဘွားများကို ကန်တော့ပြီး သင်္ဘောရှိရာပြန်ခဲ့
သည်။ သင်္ဘောက ညနေ ၃နာရီတွင် မင်းကွန်းကမ်းမှ
ခွာ၍ မန္တလေးဂေါဝိန်သို့ ဥသြသံပေးကာထွက်
ခဲ့သည်။ စစ်ကိုင်းတောင်ရိုးနှင့် မင်းကွန်းတောင်တန်း
များက တဖြည်းဖြည်း မှုန်ရီဝေဝါးအိနြေ္ဒကြီးစွာဖြင့်
မြင်ကွင်းမှ တရွေ့ရွေ့ကျန်နေခဲ့လေတော့သည်။

image

image

image

image

@htwegyi
Photo @htwegyi
MSC.036

Sort:  

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ ကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 300 posts. Your next target is to reach 350 posts.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

3 years on Steem - The distribution of commemorative badges has begun!
Happy Birthday! The Steem blockchain is running for 3 years.
Vote for @Steemitboard as a witness to get one more award and increased upvotes!

အမငီး ဒီချိန် မင်းကွန်းကို ရေလမ်းက သွားရလားအေ သောင်ပြင်ဝင်တိုက်နေမှဖြင့် စစ်ကိုင်းက ဖြတ်သွားစမ်း ဘ ဖုန်လေးတလုံးလုံး နဲ့ သာယာစွ

အဟီး ညည်းမှမသိဘဲ ငါက သင်္ဘောမစီးဘူးလို့ပါဆို
သဘောင်္ကြီးနဲ့ဆိုတော့ စမတ်ဂွမ်းတာပအေ

လှလိုက်​တဲ့ရှူခင်းဗျာ

မျက်စိတစ်ဆုံး လွမ်းစရာဆွေးစရာပ

ကင်မရာ အယူအဆတကယ်ကောင်းတယ် Bro။
စာဖတ်ရတာနဲ့ ကွက်တိ။

Posted using Partiko Android

အဲ ကင်မရာအယူအဆတွေသိပါဘူးကွယ် မျက်စိထဲလှတာ ကြည့်ကောင်းတာမြင်ရင် ဖုန်းနဲ့တရစပ်ဆွဲလိုက်တာပါ


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thanks c-squared

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60078.84
ETH 3197.52
USDT 1.00
SBD 2.45