Train To Naung Hkio (part 2)

in #myanmar6 years ago (edited)

image
Photo by me

ရထားပြတင်းပေါက်မှတစ်ဆင့် လေတဟူးဟူးတိုးဝင်လာကာ အအေးဓာတ်ကပိုကဲလာသည်။ မနက် လေးနာရီရထားဖြစ်၍ အပြင်ရူခင်းများကို ကောင်းစွာမမြင်ရသေးပါ။
ဒါနဲ့ မထူးဟုဆိုကာ မျက်လုံးကိုမှိတ်၍ အိပ်ပျော်ဖို့သာ ကြိုးစားလိုက်တော့သည်။
ရထားကြီးက ပုခက်လွှဲ၍ ချော့သိပ်နေသကဲ့သို့ ရှိသည်။
များမကြာမီ အိပ်ပျော်သွားပါတော့သည်။

" ပြောင်းဖူးပြုတ် ပြောင်းဖူးပြုတ် ''
" ရေသန့် အအေး ရမယ်''
ဟူသော ဈေးသည်များ၏ အသံကိုကြားမှ တစ်ရေးနိုးလာပါတော့သည်။
ဘယ်ဘူတာမှာ များရထားရပ်နေပါလိမ့်?

image
Photo by me

အပြင်ကို ကြည့်လိုက်တော့ အလင်းရောင်ကောင်းစွာ ရရှိနေချေပြီ။

image
Photo by me

မှတ်မှတ်ရရ ထိုခရီးစဉ်တွင် ခွေးမိသားစု ငါးကောင်( ခွေးအမေကြီးတစ်ကောင်၊ ခွေးကလေးလေးတွေ လေးကောင်) ကို သတိရနေမိပါသည်။
အထူးသဖြင့် ခွေးမကြီး၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်သော မျက်ဝန်းတစ်စုံ။
ရထားနောက်သို့ ပြေးလိုက်ကာ အစာတောင်းသည်။
ခရီးသည်များကလည်း ပါလာသော ပေါင်မုန့် ၊ ကိတ်မုန့် ၊ ထမင်းကျန် ဟင်းကျန်များချကျွေးကြသည်။

( နောင်ချိ မှ မန္တလေးသို့ ပြန်သော ခရီးတွင်လည်း ထို ခွေးသားအမိ ရထားနောက် ပြေးလိုက်ကာ အစာတောင်းတာကို ထပ်မံတွေ့ခဲ့ရပါသေးသည်။)

ဆက်လက်ဖော်ပြပါဦးမည်။
@honeysara
MSC-040

To read part-1

https://steemit.com/myanmar/@honeysara/train-to-naung-hkio-cf74ae381e0b7

Sort:  

ပျော်စရာကြီး ပေါ့နော် အမ

နောင်ချိုကိုတော့ရောက်ဖူးတယ် သွားလယ်တာလား

ဟုတ်တယ်၊ ပထမဆုံးအကြိမ်သွားလည်တာ 😁

ဘုရားတရားလေးလဲမှတ်ဦး

ရူခင်းတွေပဲ ငေးကြည့်နေတာ
တရားမှတ်ဖို့ မေ့နေတာ 😁
ကျေးဇူး fri 😃

Good post.

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 4.60% upvote!
I was summoned by @honeysara. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Loading...

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 66445.86
ETH 2588.21
USDT 1.00
SBD 2.68