လက်တွေ့နှင့် စာပေအသိ

in #myanmar6 years ago (edited)

ဒီနေ့ က သူငယ်ချင်းနဲ့ အကြောင်းအရာ တစ်ခုကနေ စပြီး စကားလေးတွေ ပြောဖြစ်ကြတယ်ပေါ့ သူက ထက်တယ် လက်ရှိ ကိုရီးယားမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတဲ့သူလည်း ဖြစ်တယ် ပြောရလျှင်တော့ ပညာတတ်တယ် ပိုက်ဆံလည်း အနည်းငယ် ချမ်းသာတယ် ဒီတော့ နည်းနည်း မာန်ရှိတာပေါ့နော်

သူ့ အတွက် ဆုံးဖြတ်ရ ခက်နေတဲ့ အခက်အခဲတစ်ချို့အတွက် ရင်ဖွင့်ပြတော့ ဦးဇင်း ခမျာ တတ်သည့်ပညာမနေသာဆိုသလို မိမိသိထားတဲ့ ဇာတ်ဝတ္ထု တွေနဲ့ ကိုးကားပြရတာပေါ့ ဒါပေမဲ့ လွယ်လွယ်နဲ့ သူလက်သင့်မခံဘူး ပုံပြင်တွေ ဝတ္ထုတွေနဲ့ လက်တွေဘဝနဲ့ မတူဘူးတဲ့ သူ့ ခံယူထားတာက ကိုယ်လုပ်မှ ကိုယ်ရမယ် ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ် ဆိုတာလောက်ပဲ လက်တွေ့ဆန်တာကိုပဲ လက်ခံတယ်ပေါ့ စာတွေဖတ်ပြီး သိတာလောက်နဲ့တော့ မယုံကြည်နိုင်ဘူးပေါ့

အဲ့ကနေ စပြီး သူစောဒက တတ်သမျှကို မိမိနိုင်သလောက် ကြိုးစားဖြေခဲ့ရတယ် ချောင်ပိတ်မေးခွန်တွေလည်း ရှိခဲ့တယ် ဒါပေမဲ့ အံ့သြစရာ တစ်ခုက မိမိသင်ကြားထားတဲ့ စာပေတွေဟာ ဖြေလို့ မရဘူးဆိုတာမျိုး မရှိဘူး လူဆိုတာ စိတ် စေတသိတ် ရုပ် တွေကို အကြောင်းခံပြီး စာသောက်နေထိုင်တဲ့ လူမှုဘဝပုံစံတွေကို အသေးစိတ် ဟောကြားထားတာ ဖြစ်သည့်အတွက် ဘယ်လိုပြသနာ ဘယ်လို မေးခွန်းဖြစ်နေပါစေ ဘုရားဟော ပိဋကတ်တော်တွေ ထဲက မလွတ်နိုင်ဘူးဖြစ်နေတာပါ

နောက်ဆုံးတော့ သူလက်ခံ ကျေနပ်သွားအောင် ပြောဆို လမ်းပြနိုင်ခဲ့တယ် မိမိလည်း ချွေးအတော်ပြန်ခဲ့ရသည်ဟုသာ ဆိုချင်ပါတော့သည်

Sort:  

ရှင်းပြလိုက်​ရတာ ​တော်​​တော်​​မောသွားလား ဘုရား

မောတာပေါ့ ကွောင်ကြီးရယ် နောက်တော့ ရေးပြပေးမယ်

သားစာတွေကိုမဖတ်ရတာကြာပြီ။ စာရေးတာ စိတ်ရှည်ရှည်ထားpost တစ်ခုကို အမြန်ပြီးချင်တဲ့စိတ်နဲ့မရေးနဲ့။

ဟုတ်ကဲ့ဆရာ ဖေဖေ လိုင်းမကောင်းတော့ စာမရေးဖြစ် မရေးချင်တဲ့ပုံစံဖြစ်သွားလို့ ပါ နောက်ဆို ဆင်ခြင်ပါ့မယ်

ချွေးပြန်အောင်ရှင်းပြခဲ့ရတဲ့ အကြောင်းလေးတွေရေးပေးပါ 😁
ဗဟုသုတရတာပေါ့ဘုရား

ဟုတ်ကဲ့ပါ မသိဂီင်္ရေ ရှင်းပြပေးပါ့မယ် ဒါပေမဲ့ မိန်းမမကောင်းကြောင်း ပြောပြတဲ့ဇာတ်မို့ လို့  ရေးရခက်နေတယ်

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 2.91% upvote!
I was summoned by @gunapeya. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63740.26
ETH 2618.46
USDT 1.00
SBD 2.79