ကားတစ်စီး၏ ဒိုင်ယာရီ

in #myanmar6 years ago

image

ကျွန်တော်က ကားတစ်စီးပါ ။ မျိုးရိုးကတော့ မီနီဘတ်စ် မျိုးရိုးပေါ့ ။ ကျွန်တော့ကို ဂျပန်မှာ မွေးတယ်လို့ တော့ ပြောကြတာပဲ ။ ဒါပေမဲ့ ကျွန်တော် ကျွမ်းကျင်တာက တရုတ်စကားပေါ့ ။ တရုတ်စပ်တာ များသွားတယ်ထင်ပါတယ် ။ ခရီးလေးများ သွားရပြီဆို ကျွန်တော့်ရင်ခေါင်းထဲက တရုတ်လိုပဲ အော်နေတော့တာဗျ ။ တစ်ချို့ကလည်း နားမခံသာတော့ ဝိုင်းဆဲကြသေးတယ်ဗျို့ ။ ခုလက်ရှိကတော့ ရန်ကုန်မှာပဲ ကျွန်တော်နေတယ် ။ ရန်ကုန်မြို့တော့ ဘယ်နေရာမဆို ကျွန်တော်သွားတတ်တယ် ။ ကျွန်တော့်အလုပ်ရှင်က အနားမပေးဘူးဗျာ ။ တစ်ခါတစ်လေ ညဘက်တွေပါ ခိုင်းသေးတာ ကျွန်တော့်မှာ နားရတယ်ကို မရှိပါဘူး ။

ပုံမှန်ဆိုရင်တော့ မနက် ၆နာရီကနေ ညနေ ၅နာရီထိ ကျွန်တော် လှုပ်ရှားရုန်းကန်ရတယ် ။ ကျွန်တော့်အလုပ်ရှင်က နှစ်ယောက်ဗျ ။ တစ်ယောက်က ကွမ်းလေးမြုံလိုက် စတီယာလေးကိုင်ပြီး ဂျာနယ်လေးဖတ်လိုက်နဲ့ပေါ့ဗျာ။ နောက်တစ်ယောက်ကတော့ ကျွန်တော့် ဗိုက်နားမှာနေတာဗျ ။ အရက်နံကလည်းမခံသာအောင်ပါဗျာ ။ ဒီကြားထဲ ဆဲလိုဆိုလိုက် ဟိန်းလိုက် ဟောက်လိုက်နဲ့ ကျွန်တော်တော့ သူ့ ကိုကြောက်တယ်ဗျ ။ အခန့် မသင့်ရင် ကျွန်တော့်ဗိုက်ထဲက ဆီတွေ အပြင်ကို သယ်ပြီး ရောင်းစားတတ်သေးတာ ဆိုတော့ ကြောက်ရတာပေါ့ ။ တစ်နေ့  တစ်နေ့  ကျွန်တော်အပေါ် တတ်လိုက် ဆင်းလိုက် လုပ်နေတဲ့သူတွေ အများကြီးပဲ ။ ရုပ်ချောတဲ့သူ ရုပ်ဆိုးတဲ့သူ ဆင်းရဲတဲ့သူ နွမ်းပါးတဲ့သူတွေ များပါတယ် ။ ချမ်းသာတဲ့သူတွေကတော့ ကျွန်တော်ထက်သာတဲ့ အခိုင်းအစေတွေ အများကြီးဝယ်ပြီး ထည်လဲစီးကြတယ်လေ ။

ကျွန်တော် သဘောမကျဆုံးက မှတ်တိုင်မဟုတ်လည်းရပ်ပြီး စပယ်ယာ ငမူးက ချိတ်မယ်ဆရာ ဆိုတာနဲ့ ကျွန်တော့်လည်ပင်းအစ်ခနဲနေအောင် ဆွဲလိုက်တာပဲ ။ ကျွန်တော်က နိုင်ငံကြီးသားပီသချင်တယ် ။ လမ်းစည်းကမ်းတွေ နားလည်တယ် ။ ဒါကြောင့် စည်းကမ်းအတိုင်းလိုက်နာချင်ပေမဲ့ ကျွန်တော့်အလုပ်ရှင်တွေကတော့ ဒီလိုမဟုတ်ပေါင်ဗျာ ။ သူတို့ ပိုက်ဆံပိုရတော့လည်း ကျွန်တော်မြန်မြန်နားရတာပေါ့ဗျာ ။ တစ်ခါတစ်လေ သပိတ်လေးပိုက် ဆွမ်းချိုင့်လေးကိုင်ပြီး နေပူထဲ ရပ်နေတဲ့ ဘုန်းဘုန်းတွေ ကိုရင်တွေ တွေ့ရတယ် ။
သူတို့ လက်တားတာ တွေ့တော့ ကျွန်တော်က အရှိန်လေးလျော့ပြီး လိုရာခရီး လိုက်ပို့ ပေးချင်တာပေါ့ဗျာ ။ ဒါပေမဲ့ ကျွန်တော့် အလုပ်ရှင်က စိတ်ထားမကောင်းဘူးဗျ ။ လက်တားတာတွေ့တာနဲ့ အတင်းမောင်းပြေးတော့တာပဲ ။ ကျွန်တော့်မှာတော့စိတ်မကောင်းဖြစ်မိတယ် ။ ကျွန်တော်မဟုတ်တဲ့ တခြားကားတွေနဲ့ လိုရာခရီးရောက်ပါစေလို့ ပဲ ကျွန်တော်ဆုတောင်းပေးခဲ့ရတယ် ။ နောက်မှ သိရတယ်ဗျ ။ ရဟန်းသံဃာတွေ ကျွန်တော့်အပေါ်လိုက်ရင် ပိုက်ဆံမရဘူးဆိုပဲ ။ ဒါကြောင့် ကျွန်တော့်အပေါ် မတင်ချင်တာမှန်း သိခဲ့ရတယ် ။ ပိုက်ဆံမရလည်းဘာဖြစ်လဲဗျာ ကုသိုလ်ရပါတယ် မဟုတ်ဘူးလား ။ နေပူထဲရပ်နေရတဲ့ ဘုန်းဘုန်းတွေ တွေ့တိုင်း ကျွန်တော်ရှက်ရွံ့စွာနဲ့ပဲ ကျော်ဖြတ်ခဲ့ရပေါင်း များလှပါပြီ ။ သိပ်လည်းမထူးဆန်းတော့ပါဘူး ။
ထူးဆန်းတာက ကျွန်တော့် အလုပ်ရှင်ပြောင်းသွားတာပဲ ။ သိပ်မကြာပါဘူး ကျွန်တော်လည်း အသက်ကြီးနေပြီဆိုတော့ ကျွန်တော့ကို ကားအိုစာရင်းထဲသွင်းပြီး ကညန ကိုသွားထားတော့တာပဲ ။ ကျွန်တော်နဲ့ ဇာတိတူတဲ့ သစ်လွင်တောက်ပနေတဲ့ ကျွန်တော့်လို ကားငယ်လေးတွေကြည့်ရင်း ကျွန်တော့်တစ်ကိုယ်လုံး တဖြည်းဖြည်းအရည်ပျော် နိဂုံးချုပ်ခဲ့ရတော့တာပေါ့ဗျာ ။

MSC-181
Author @gunapeya

Sort:  

ဟုတ်ကဲ့ ကျမ Honda Fitပါ

ဟုတ်ဖူး ၃၉ ဗိုက်ပူကြီးပါ

အချိန်တန်ရင် ပန်ပန်လည်း အရည်ပျော်ရပါတယ်

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 3.21% upvote!
I was summoned by @gunapeya. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63342.09
ETH 2658.68
USDT 1.00
SBD 2.81