စတင်းလှိုင်းစီးကြရာဝယ်

in #myanmar6 years ago

@bobokyaw.jpg

စတီးမစ်အကြောင်းလေးဘဲ တွေးကြတာပေါ့ဗျာ စတီးမစ်ကို စလုပ်တုန်းက ဖေ့ဘုတ်ဆိုတာကြီးကို ပခုံးချင်းယှဉ်လိမ့်မယ်လို့ ထင်ခဲ့
မိတာပေါ့ မကြာခင် ဖေ့ဘုတ်သုံးသူတွေ စတီးမစ်ကို ပြောင်းရွေ့လာကြတော့မယ်။ ဖေ့ဘုတ်သုံးတာရဲ့ ဆယ်ပုံတစ်ပုံလောက်ကဘဲ
စတီးမစ်ကို သုံးခဲ့ရင် အလိုလိုနေရင်း စတီးမစ်က တန်ဖိုးတွေ မြင့်တက်လာလိမ့်မယ်။ ဒီလို ခပ်လွယ်လွယ်တွေးဖူးပါတယ်။
တကယ်တမ်းမှာတော့ စတီးမစ်က ဖေ့ဘုတ်လောက် မလွယ်ကူတာ သွားတွေ့ရတယ်။ အကောင့်လျှောက်တာကနေစပြီး
စာရေးတာ ပို့စ်တင်တာ နောက်ဆုံး ဒေါ်လာခွဲတမ်းရလာသည်အထိ အဆင့်တိုင်းမှာ ကန့်သက်ချက် တွေများစွာ ရှိနေခဲ့တာပေါ့
စတီးမစ်ရဲ့ အခေါ်အဝေါ်တွေကလည်း အစိမ်းသက်သက်တွေ တော်တန်ရုံ တွဲခေါ်သူ မရှိရင်တော့ အကောင့်လျှောက်တဲ့နေရာတင်
ရပ်သွားကြတာများတယ်။ ရှေ့တက်မလာနိုင်တော့ဘူး။
အကောင့်ရပါပြီဆိုခဲ့ရင်တောင် စတိးမစ်ထဲကို အယောင်ယောင် အမှားမှား နဲ့ ၀င်လာမိမှာဘဲ။ ဖေ့ဘုတ်လို အသုံးပြုမိမှာပါဘဲ။
လာလာချင်း စေါက်နဲ့ထွင်းတာ ခံရဖို့များပါတယ်။ အမှားတွေလုပ်မိတော့ ဆုပေးဒဏ်ပေး စနစ်ကျင့်သုံးတဲ့ စတီးမစ်က စတင်ကြိုဆို
ပုံ ဒဏ်ပေးစနစ်နဲ့တွေ့သွားတော့ တစ်ခါထဲကို စတီးမစ်ကနေ ပျောက်ကွယ်သွားရသူတွေလည်း မနည်းရှိမှာဘဲ
မိတ်ကောင်းဆွေကောင်းရှိသူတွေကတော့ ကံကောင်းကြပါတယ် စတီးမစ်ထဲ အခက်အခဲ နည်းပါးစွာနဲ့ ရောက်လာတယ်
မျှော်လင့်ချက်တွေ ရင်ဘက်ကြီးနဲ့မဆံ့အောင် များစွာ မျှော်လင့်ရင်း အားတက်သရော လုပ်ချင် ကိုင်ချင်စိတ်လေးတွေနဲ့ပေါ့
သိပ်မကြာပါဘူး။ ပို့စ် နှစ်ပုဒ်လောက် ရေးပြီးတာနဲ့ နောက်ဆုပ်လက်လျှော့လို့သွားကြပြန်တော့တယ် အခက်အခဲက အစမှာဘဲ
ခရီးဦးကြို ပြုတော့တာပါဘဲ။ သေချာ နားလည်ဖို့ အချိန်တစ်ခုလောက် ပေးဖို့ လိုအပ်တယ်ဆိုတာ နားမလည်မိဘူး
ရှေ့အလားအလာဆိုတာကလည်း ပါးစပ်ရာဇ၀င်လို ဖြစ်နေတယ်။ သက်သေပြဖို့ကလည်း များစွာ မရှိဘူး။ သင်ပေးသူ လက်တွဲခေါ်
သူကိုယ်တိုင်ကလည်း အားရစရာ အောင်မြင်မှု မရှိလေတော့ ပြောသမျှ သင်သမျှ မထိရောက်တော့ဘူး မစူးရှတော့ဘူး
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားရပြန်တယ်။ ခဏခဏဆိုတော့ မိတ်ဆွေအသစ်တွေကို စတီးမစ်နဲ့မိတ်ဆက်မပေးမိတော့ဘူး
အချို့ကတော့ ကံကောင်းကြတယ် အဆင့်တော်တော်များများကို လှေကားကျော်တက်ခွင့်ရကြတယ်။ သူလဲ သိပ်မကြာပါဘူး
ဈေးအတက်အကျ ရိုက်ချက်အောက်မှာ လူးကာလှိမ့်ကာနဲ့ ဈေးလှိုင်း နှစ်ချက်လောက် ပုတ်တာခံလိုက်ရတာနဲ့ ပါဝါဒေါင်းပြီး နောက်
ဆုပ်သွားတော့တာပါဘဲ။
စတင်းဈေးတွေ လှုပ်ခက်ပြီး အတက်ဘက်ကိုသွားနေတဲ့အခါ စတီးမစ်က ဘုရားပွဲလိုဘဲ ကျက်ပျံမကျ စည်းကားတက်ပါတယ်
ဈေးကျတဲ့အခါဆိုလည်း ခြောက်ကပ်တိတ်ဆိတ်နေတဲ့ လူမနေသော ရဲတိုက်ကြီးတစ်ခုလိုဘဲ။ ဒါတွေက စတီးမစ်မှာ တွေ့မြင်ခဲ့ရ
တဲ့မြင်ကွင်းတွေပေါ့။
အခုဆို ဈေးက တော်တော်လေးကို နိမ့်ပါးတဲ့ ဘက်ရောက်နေခဲ့ပြီ စတင်းလေးစုဖို့ဆိုတာက ခက်ခဲတဲ့ အခြေအနေဖြစ်နေတယ်
မိတ်ဆွေတစ်ယောက်ကို စတီးမစ်နဲ့ မိတ်ဆက်ပေးရမှာတောင် မ၀ံ့မရဲ ကာလပေါ့။ သူ့ကိုပြောပြစရာက နောင်အနာဂါတ် အလား
အလာ တစ်ခုဘဲ လက်ညှိုးထိုးပြစရာရှိတယ်။ ဒါလည်း သူက လက်ခံယုံကြည်ပြီး တစိုက်မက်မက် လိုက်ပါ လုပ်ဆောင်မှ အဆင်ပြေ
နိုင်မယ် အနာဂါတ်ဆိုတာက ကိုယ်လည်း မပိုင်ဘူး။ မျှော်လင့်ချက်တော့ ထားနိုင်တယ်ဆိုတာလောက်ဘဲ ပြောနိုင်တယ်
စတီးမစ်ကိုယ်တိုင်ကလည်း ထိန်းထားတဲ့ သဘောတွေ့နေရတယ်။ အကောင်းဆုံးကတော့ စတီးမစ်ကိုဝင်လာကာစ မျှော်လင့်ချက်
ယုံကြည်ချက် လုပ်ဆောင်ချက်လေးတွေကို မပျက်မယွင်းထားနိုင် လုပ်နိုင်ဖို့သာ လိုအပ်လိမ့်မယ်ထင်ပါတယ်။
ဒီလိုအခက်အခဲတွေနဲ့ စတီးမစ်လမ်းမှာ လုပ်ဖော်ကိုင်ဖက် သိပ်များများစားစား တင်ကျန်ရစ်မယ့် ပုံမတွေ့ရဘူး။ လက်ချိုးရေလောက်
တဲ့ အရေအတွက်ဘဲ ရှိလိမ့်မယ်။ ဒီအတိုင်းဆက်သွားခဲ့ရင်ပေါ့။
စတီးမစ်အပြောင်းအလဲတွေ ရောက်လာခဲ့ရင်တော့ အဖြေက ပြောင်းပြန်ဖြစ်သွားနိုင်တာပါဘဲ။ အဲ့သလောက်လည်း ထိန်းမနိုင်သိမ်း
မရ ပေါက်မယ့် သဘောတော့ မရှိဘူးထင်ပါတယ် စတီးမစ်ကိုယ်တိုင်က ဖြေးဖြေးမှန်မှန်ဘဲသွားမယ့်သဘောရှိပါတယ်။ တဖြည်းဖြည်းချင်း သူ့တန်ဖိုးကို ဆွဲတင်သွားလိမ့်မယ်လို့ မြင်ပါတယ်။
ဒီလိုဘဲ ကိုယ့်ကိုကိုယ် လှည့်ပါက်အားပေးရင်း လူးကာလှိမ့်ကာနဲ့ ရွှေ့နေရတာပါဘဲ။ အမြင့်ဆုံးမျှော်လင့်ချက်တံခါးတွေသာ ပွင့်သွား
ခဲ့ရင် ကြိုးစားအားထုတ်ခဲ့သမျှအတွက် ချွေးသိပ်ခွင့်ရလိမ့်မယ်လို့မျှော်လင့်ရင်း မနက်ဖန်တွေ မနက်ဖန်တွေမှာ စတီးမစ်နဲ့အတူ ရှိနေ
ပါဦးမယ်။
@bobokyaw

Sort:  

မျော်တော်ရောင် ဘဝက ကျွတ်ချင်ပြီ
ဘားမှ ဟုတ်ဘူး သီချင်း လာဆိုတာ

မကြာတော့ပါဘူး ပြုံးပျော်ကြရတော့မှာပါ

minnowbooster သုံးမလားဘရို။ whitelist အတွက် စာရင်းသွင်းပေးလို့ရပါတယ်။

မင်းနောင်က ဈေးကိုင်လွန်းပါတယ်

https://steemit.com/steempress/@mmunited/introductiontooneuponedownsteemitnetworkingchallenge-p9d6fdxu8k

comment ပေးရင်းvote ပေးရင်းနဲ့ မိတ်ဆွေတွေများလာဖို့ အစီအစဉ်တစ်ခုလုပ်ထားပါတယ် ဘရို

ဟုတ်ကဲ့ ကောင်းပါတယ် အစ်ကို

You got a 14.40% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Thanks you upme

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 14.87% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thanks you sneaky ninja

Thanks you bro.

You got a 8.20% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks postpromoter

Good Post bro

thanks you bro.

ဖြည်းဖြည်းလေးနဲ့ ညိမ့်ညိမ့်လေးပေါ့ဗျာ ဖိုက်တင်း

ကျေးဇူးတင်ပါတယ် အစ်ကိုကြီး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63657.90
ETH 2656.15
USDT 1.00
SBD 2.84