Change Your Life with Team Morale

in #myanmar6 years ago

... မင်္ဂလာပါ....
orca-image--417365291.jpeg

ယနေ့ ၂၁ ရာစုခေတ်မှာ အောင်မြင်မှု ရရန် အလို့ငှါ
တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် မလွယ်ကူတော့
ပါဘူး။ ခေါင်းဆောင်မှု ပညာကို သင်ယူကာ အသင်းအဖွဲ့
ဖြင့် လက်တွဲ ကြိုးပမ်းမှ မှန်မှန် မြန်မြန် ဖွံ့ထွားတိုးတတ်
အောင်မြင်ကြမှာပါ။

ဒါကြောင့် တိရိစ္ဆာန်လေးတွေဆီက ရတဲ့ ကွန်ရက်ဖွဲ့ ၊
အသင်းတည်ထောင်၊ ပေါင်းစပ်စွမ်းအားကို လေ့လာသင်ယူ
ဖို့ ဖော်ပြပေးလိုက်ပါတယ်။

မိတ်ဆွေတို့ အဆိုတော် ဦးခင်မောင်တိုး သီဆိုခဲ့တဲ့
"ကြိုးကြာသံ" သီချင်းကို ကြားဖူးကြတယ် မဟုတ်လား။
ကြိုးကြာငှက်တွေဟာ မိုးဦးဝင်ရောက်လာတဲ့အခါမှာ
သူတို့တွေ သားပေါက်ရာမွေးဖွားခဲ့ရာ အရပ် ဆီသို့
မိုင်ထောင်ချီ ခရီးနှင် ပျံသန်းကြပါတယ်။ မိုင်ထောင်ချီ
ခရီးကို ပျံသန်းကြတဲ့အခါ အားမာန်အပြည့် ဇွဲကိုရှေ့ထား
ကြိုးစားကြရပါမယ်။ သို့မဟုတ်က လမ်းတစ်ဝက်မှာ
အားပျက်ကာ ကျရှုံးရနိုင်ပါတယ်။ ထိုသို့ ပျံသန်းကြရမှာ
သူတို့တွေဟာ တစ်ကောင်ချင်း မပျံသန်းကြဘဲ အုပ်စု
ဖွဲ့၍ " V " ပုံစံ ပေါင်းစည်း ပျံသန်းလေ့ ရှိကြပါတယ်။
orca-image--1336566558.jpeg

ဘာကြောင့် ' V ' ပုံစံ ပျံသန်းရလဲ ဆိုတော့...
ရှေ့ဆုံးမှ ငှက်ရဲ့ တောင်ပံ ခတ်ချက်ကြောင့် လေအဟုန်
ဖြစ်ပေါ်စေပါတယ်။ အဲဒီ လေအဟုန်ကို နောက်မှ ငှက်
တွေက အသာအယာ လေဟုန်စီးပြီး လိုက်ပါပျံသန်းကြ
ပါတယ်။ ရှေ့ဆုံးမှ ငှက် မောပန်းလာပြီဆိုရင် နောက်မှ
ငှက် က ရှေ့ဆုံးသို့ အစားထိုး ဝင်ရောက် ပျံသန်းပေး
ပါတယ်။ ဒီလို အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အလှည့်ကျ
ဦးဆောင် အားစိုက်လုပ်ဆောင်ကြသောကြောင့် မိုင်ထောင်ချီ
တဲ့ ခရီးကို အရောက် ပျံသန်းနိုင်ကြတာပါ။

ဒါဟာ ပန်းတိုင်တစ်ခုသို့ ဦးတည်ချက် တူသူတွေ
စုပေါင်းကာ အသင်းအဖွဲ့ စိတ်ဓာတ် အပြည့်အဝထားပြီး
ကြိုးစားလုပ်ဆောင်ကြရင် မိမိတို့ လိုလားတောင့်တရာ
အောင်မြင်မှု ပန်းတိုင်သို့ မှန်မှန် မြန်မြန် ရောက်နိုင်ပုံ
အကြောင်းပါပဲ။ နောက်တစ်ခုက အောက်မှ ပုံကို ကြည့်ပါ။
Screenshot_2018_0828_070236.png

ပုရွက်ဆိတ်လေးတွေကို စည်းလုံးညီညာ အလုပ်လုပ်ဆောင်
နိုင်စွမ်း မြင့်တဲ့ သတ္တဝါတွေဟု သတ်မှတ်ကြပါတယ်။
သူတို့လေးတွေဟာ သွားရောက်ချင်တဲ့ နေရာတစ်ခုကို
ကျော်ဖြတ်ရာမှာ တစ်ကောင်အားဖြင့် မလှမ်းနိုင်တဲ့ ခရီးကို
အကောင်ပေါင်းများစွာ ကျွန်ရက်ချိတ်ဆက် သင်းပင်းဖွဲ့၍
ကူးဖြတ်တတ်ကြပါတယ်။ ဒီပုံကို ကြည့်ခြင်းအားဖြင့်
ကျွန်ရက်ချိတ်ဆက် သင်းပင်းဖွဲ့ ပေါင်းစပ်စွမ်းအားဟာ
အောင်မြင်မှုတစ်ခု ရဖို့ အရေးကြီး လိုအပ်ချက်တစ်ခု ဆိုတာ
ထင်သာမြင်သာ ရှိလှပါတယ်။

ဒါကြောင့် မိတ်ဆွေတို့သည်လည်း မိမိတို့ ရယူချင်တဲ့
အောင်မြင်သော၊ ပြည့်စုံသော ဘဝသို့ လျှောက်လှမ်းရာမှာ
စိတ်တူကိုယ်တူတွေ ပေါင်းဖွဲ့ ကွန်ရက်ချိတ်ဆက်ကာ
အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ကြိုးစား
ကြရင်ဖြင့် ပန်းတိုင်သို့ မှန်မှန် မြန်မြန် ရောက်ရမည်မှာ
မလွဲဧကန်သာတည်း။
...................... ဟိန်းခန့်မောင် ...........

စကားချပ်။ ။ ကျွန်တော်တို့ လက်ရှိ တစ်စုံတစ်ရာအကျိုးရစေ
သောငှါ အသုံးပြုနေသော Steemit Social Media
Platform သည်လည်း တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့်
အောင်မြင်မှု လွယ်လွယ်ရနိုင်သော အရာ မဟုတ်ပါ။
မိတ်ဆွေပေါင်းသင်းဖွဲ့ကာ စိတ်တူကိုယ်တူ ၊ ရည်ရွယ်ချက်တူ
စွာဖြင့် အသင်းအဖွဲ့ စိတ်ဓာတ် ကို အခိုင်အမာ တည်ဆောက်၍
စည်းလုံးညီညာ တာဝန်ကိုယ်စီယူ ကြိုးစားဆောင်ရွက်ကြပါမှ
တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်း အောင်မြင်မည် ဖြစ်ပါသည်။

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Sort:  

ကောင်းလိုက်တာ ကိုဟိန်းရာ

ဟုတ်ပါပြီဗျား

နပြည့်က ဒိုမီထက် အရပ်ရှည်တယ်နော်

ပုံထဲမှာတော့ B Pyae ဘေးက ကွီးရွှေ နှင့် myanmarkoko ပါ

myanmarkokoနဲ့ ဒိုမီ အကြည့်မှားနေလို့ပါအေ

နား နားပြီး ပြော မောမယ် ☺☺☺

ဟုတ် ဦးစိုးရေ... အလုပ်မအားရင်တော့ ပို့စ်တင်တာ နားပြောမှာပါဗျ

စုပေါင်းညီညာ အောင်ကြောင်းဖြာ....

ဟုတ်တာပေါ့ဗျာ

You got a 9.49% upvote from @minnowvotes courtesy of @billionairehein!

အဖွဲ့အစည်းတစ်ခုရဲ့ စည်းလုံးမှုကို ဥပမာပေးသွားတာလေး အရမ်းထိမိတယ် ကိုဟိန်းရေ

ကျေးဇူးပါဘုရား

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်ပ

Steem အိပ်မက် အကောင်အထည် ပေါ်ဖို့က နှစ်ဆယ်ချီ ခရီးလေးရယ်ပါဗျာ

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 9.38% upvote!
I was summoned by @billionairehein. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

စည်းလုံးမှု ဖြင့်‌ အင်းအားတည်‌‌ဆောက်‌ရကြစို့။အတူတူကြိုးစားကြတာ‌ပေါ့ ကို ဟိန်း။

စည်းလုံးညီညွတ်မှု့,ကူညီရိုင်းပင်းမှု့များနှင့် ရှေ့ဆက်ခရီးဆက်ကြပါစို့။

Let us go to success by helping and unity.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63342.09
ETH 2658.68
USDT 1.00
SBD 2.81