Change Your Life

in #myanmar6 years ago

...မင်္ဂလာပါ...
orca-image--75178496.jpeg

The fastest way to success is to replace bad habits with good habits.
အောင်မြင်စေရန် အမြန်ဆုံး လမ်းကြောင်းကတော့
အကျင့်ဆိုးတွေ နေရာမှာ အကျင့်ကောင်းတွေဖြင့် အစားထိုး
လိုက်ပါ။
ဟု Tom. Ziglar က ပြောပါတယ်။

မိတ်ဆွေတို့ရော အောင်မြင်ချင်ပါသလား?
ကောင်းမြတ်တဲ့ဘဝမှာ နေလိုကျပါသလား?
ဟုတ်ပြီ... ကောင်းမြတ်တဲ့ဘဝမှာ နေပျော်ချင်ကြတယ်
ဆိုရင်ဖြင့် ကောင်းမြတ်တဲ့စရိုက် ရှိဖို့ လိုပါတယ်။
Character စရိုက် ကောင်းကောင်း ရှိဖို့ ဆိုရင်
အလေ့အကျင့်ကောင်းတွေ ပြုကျင့်ရပါမယ်။
အလေ့အကျင့် Habit ကောင်းတွေကို Action အပြုအမူ
က စတင်ရမှာပါ။
ဒါကြောင့် မိတ်ဆွေတို့မှာ အောင်မြင်စေမယ့် တိုးတတ်ရာ
တိုးတတ်ကြောင်း လုပ်ဖို့ ကန့်လန့်ကန့်လန့် လုပ်နေတဲ့
အကျင့်ဆိုးတွေကို ဖြောက်ဖျက်ပစ်ပြီး အလေ့အကျင့်ကောင်းတွေ
စတင်ပျိုးထောင်ကြပါဟု တိုက်တွန်းချင်ပါတယ်။
orca-image--2019572411.jpeg

နောက်တစ်ခါ မိတ်ဆွေတို့ အောင်မြင်လိုပါသလား?
အောင်မြင်မှု ရစေရန် အလို့ငှါ မိတ်ဆွေတို့ရဲ့ အောင်မြင်ချင်တဲ့
စိတ်ဆန္ဒဟာ ဆုံရှုံးမှာကို ကြောက်တဲ့စိတ်ထက် ကြီးမား
လွှမ်းမိုးနေဖို့ လိုပါမယ်။ ဟုတ်ပါတယ်...
ဘာတွေကို လုပ်လိုက်ရင်ဖြင့် ဘာတွေ၊ ဘယ်လောက်
ဆုံးရှုံးသွားနိုင်တယ် ဆိုတာကို တွေဝေ ကြောက်ရွံ့နေရုံ
မျှဖြင့်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့တွေ ( ၉ လသား ၁၀ လသား အရွယ် ကလေးဘဝ)
ကို ပြန်တွေးမြင်ကြည့်ရအောင်ပါ။ လေးဘက်ထောက်ရာကနေ
ထ လမ်းလျှောက်လို့ ဖင်ထိုင်လျက်၊ မှောက်လျက် လဲကျတာကို
နောက်ထပ် #နာကျင် မှာ ကြောက်လို့ ဆက်မလုပ်ခဲ့ရင်
လမ်းလျှောက်တတ်ခဲ့မှာ မဟုတ်ပါဘူး။
စက်ဘီး စီးသင်ရာမှာ ခြေသလုံးကွဲ ဒူးပြဲမှာ တွေးကြောက်ပြီး
မလေ့ကျင့်ခဲ့ရင် စက်ဘီးစီးတတ်ခဲ့မှာ မဟုတ်ပါဘူး။ ဘဝ
ဆိုတာ ဒီလိုပါပဲ...ကြောက်စိတ်ထက် ဖြစ်ချင်ရချင်စိတ်က
ပိုကြီးမားနေဖို့ လိုပါမယ်။
ဘဝ မှာ #Give-and-Take အပေးအယူ ဆိုတာ ရှိစမြဲပါ။
မိတ်ဆွေတို့တွေ တစ်ခုခုကို ရချင်ရင် တစ်ခုခုကို ပေးဆပ်ရ
ပါမယ်။ မပေးဆပ်ချင်ပါဘဲနဲ့တော့ အောင်မြင်ချင်လို့ လွယ်ပါ့
မလားဗျာ...

တစ်ကယ်ကိုပဲ အောင်မြင်ချင်ပါသလား မိတ်ဆွေတို့...
ဟုတ်ပါပြီ။ အောင်မြင်မှု ရဖို့ အတွက်...
လက်ရှိအနေအထားကို ကျေနပ်ပြီး ဆက်မနေတော့ဘူး။
နေသာသလိုနေတဲ့ ဘဝကနေ ရုန်းထွက်မယ်။
အကျင့်ဆိုးတွေ အစား အကျင့်ကောင်းတွေကို မွေးမြူမယ်။
အရှုံးကို မကြောက်တော့ဘဲ ပေးဆပ်ခြင်းဖြင့် ရယူမယ်။
ဆိုကြပါတော့...
ဘယ်လိုရယူကြမလဲ?
အစီအစဉ် Plan ဆွဲဖို့တော့ အရေးကြီးလိုပါမယ်။
အောင်မြင်မှု ရဖို့ အတွက် ဘာတွေကို သင်ယူလေ့လာဖို့
လိုမလဲ?
ဘယ်လို မိတ်ဆွေကောင်းတွေရဲ့ အကူအညီကို ရယူမလဲ?
ကိုယ့်ဘာသာ မှန်းလျှောက်တာထက် လမ်းသိတဲ့ သူတွေရဲ့
လမ်းညွှန်မှုဖြင့် သွားပါက မြန်မြန် ခရီးရောက်နိုင်တယ်
မဟုတ်ပါလား။
ဘာတွေကို ဘယ်လို လုပ်မယ် ဆိုတာတွေကို အစီအစဉ်
ချမှတ်ဖို့ လိုပါတယ်။

Plan အကြောင်းအား နောက်တစ်ပိုင်းတွင် ဆက်လက်
ဆွေးနွေးပေးသွားပါမည်။

မိတ်ဆွေအားလုံး အောင်မြင် ပျော်ရွှင်ကြပါစေ...
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Sort:  

Thank you so much for using our service! Congratulations! This round earned an ROI of 168.70% with total bids of: 0.325$

You just received 13.32% upvote from @onlyprofitbot courtesy of @billionairehein!

Want to earn more with us? Our APR can reach as high as
15% or more!

Comment below or any post with "@opb !delegate [DelegationAmount]" to find out about current APR, estimated daily earnings in SBD/STEEM

You can now also make bids by commenting "@opb !vote post [BidAmount] [SBD|STEEM]" on any post without the hassle of pasting url to memo!

* Please note you do not have to key in [] for the command to work, APR can be affected by STEEM prices

ဘဝကို ချိန်းပြောင်းနိုင်ဖို့ ကိုဟိန်းရဲ့ စေတနာတွေ လေးစားရပါတယ်ဗျာ

လေးစားရင် လိုက်ကျင့်ကြည့်ပါ ညီရေ

ရည်​မှန်းချက်​အတွက်​အမြဲactiveဖြစ်​​နေရပါမယ်​။

မှန်ပါ့ ကောင်းပါ့ မအိရေ...

You got a 9.00% upvote from @dailyupvotes courtesy of @billionairehein!

ပြောင်းလဲချိန်တန်ပီ

It is time to change.

You got a 11.09% upvote from @minnowvotes courtesy of @billionairehein!

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 9.56% upvote!
I was summoned by @billionairehein. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ကိုင်း ကိုဟိန်းရဲ့ plan ‌လေးကို ‌စောင့်‌‌နေတယ်‌ဗျာ။

မကြာမီ လာမည် မျှော်လို့ပဲ 😁😁😁

လူတ​ယောက်​ရဲ့ ဘဝတိုးတက်​ဖို့
အကျင့်​စာရိတ္တက အဓိက ကျတာ​ပေါ့ဗျာ

အကျင့်ကောင်းမှ ဘဝကောင်းမှာပေါ့ဗျာ

အကျင့်က ဖျောက်ရခက်တဲ့ဗီဇပါ

ဖျောက်ရခက်ပေမယ့် ပြောင်းလဲချင်ရင် ရအောင် ဖျောက်ရမှာပေါ့ဗျာ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64401.36
ETH 2627.01
USDT 1.00
SBD 2.83