ကို့ယ့်ကံကြမ္မာကိုဖန်တီးသူ(ဇာတ်သိမ်း)
အပိုင်း ၁ အား၍နေရာတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည် https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-9dc1c9f09365a
အပိုင်း ၂ အား၍နေရာတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်https://steemit.com/myanmar/@aunggyi100/greater-than-koy-kan-km-akopan-tith-less-thanu-apong-2-78cd932e58053
အပိုင်း ၃အား၍နေရာတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည် https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-apong-3-082d8fd86e6b4
ကျော်နိုင်သည်ကား ငွေရေးကြေးရေး အရသော်လည်းကောင်း၊လုပ်ငန်းခွင်၌သော်လည်းကောင်း ငတင်အတွက်များစွာ စိတ်ချရသူဖြစ်လေသည်။ တစ်နေ့ ငတင်ဘဝအတွက်ကံကြမ္မာဆိုး ဝင်လာမည့် နေ့တစ်နေ့။
သူ၏သားငယ်လေးသူငယ်ချင်းများနှင့်ကြွက်ထောင်လိုက်သွားရာ၌မြွေအကိုက်ခံရလေသည်။ ငတင်သည်လည်းသူ၏သားငယ်သတင်းကြားကြားချင်း အိမ်သို့အပြေးရောက်ရှိလာပါလေတော့သည်။သူ့ကိုမြင်သည်နှင့်ကလေးက"အဖေသားမျက်လုံးတွေပြာပြီး အာခေါင်တွေခြောက်လာတယ်"ဟုပြောလေရာ ငတင်မှာ မျက်ဝန်းအိမ်မှ မျက်ရည်တို့ပင်ကျဆင်းလာလေတော့၏။သူကလေးငယ်၏လက်ကိုလေးကိုကိုင်ရင်း"သား ဘာမှမဖြစ်ဘူး မစိုးရိမ်နဲ့ ခဏနေသက်သာသွားမှာနော်"ဟု ပြောသာပြောရသည် ငတင်၏ခေါင်းထဲ၌ သားငယ်ဆေးကုသရန် ပိုက်ဆံအား အဘယ်သို့ရှာရမည်နည်းဟု တွေးတောနေရလေသည်။သူ၏အတွေးထဲ၌ ကိုလှမြိုင်ကိုသာ ပြေး၍မြင်ယောင်မိပါတော့သည်။ ကိုလှမြိုင်သည်ကား လူမှန်သမားတစ်ယောက်ဖြစ်လေသည်။ သူသည်ရပ်ကွပ်အတွင်း၌အခက်ခဲကြုံတွေ့သူများကိုလည်း ကူညီတတ်သေး၏။ ငတင်သည်ကား ကိုလှမြိုင်နှင့် လုံးဝမတည့်ပေ၊ကိုလှမြိုင်သည် ငတင်အား တခါတရံ ကောင်းမွန်စေရန် ဆိုဆုံးမတတ်လေသည်။ထိုသို့သောအခါမျိုးများတွင်ငတင်ကား မချေမငံ သာပြန်ပြောခဲ့သည်သာ ဖြစ်လေ၏။ ကိုလှမြိုင်ထံ သားငယ်လေးဆေးကုသစရိတ် အကူညီတောင်းရေးအတွက် သူ၏မာနကတဖက်၊ သားသမီး ဇောကတဖက် လွန်ဆွဲ လျှက်ရှိနေတော့၏။
နောက်ဆုံး သောအခါ သားငယ်လေးအတွက် သူ၏မာနတို့ကို ခဝါချ၍ ကိုလှမြိုင်ထံ ထွက်ခွာလာပါတော့၏။ ကိုလှမြိုင်ခြံရှေ့ရောက်သည်နှင့် "ကိုလှမြိုင် ဗျို့ ကိုလှမြိုင်"ဟုငတင်မှ အသံ ပြုလိုက်သောအခါ ကိုလှမြိုင် သည်အိမ်အတွင်းမှထွက်လာလေ၏။
ကိုလှမြိုင်သည် ငတင်အားမြင်လျှင်ပင်"ဟ ငတင်ပါလား မလာစဖူးအလာထူးလှချည်လား"ဟူ၍ဖော်ရွှေစွာပင် ကြိုဆိုပါလေ၏။
သူ့အား ၏ကဲ့သိုကြိုဆိုလိမ့်မည်ဟုပင် ငတင်ထင်မထားပေ။ ငတင်သည် ညှိုးငယ်သောမျက်နှာဖြင့် "ကိုလှမြိုင် ကျွန်တော်သားလေး ပိုးထိလို့ ဆေးစရိတ်ကလေးအကူညီလာတောင်းတာပါဗျာ"ဟူ၍လေသံငယ်လေးဖြင့်ပြောလေ၏။ ကိုလှမြိုင်သည် ငတင်အားပြုံး၍ပင် "ကူညီရမှာပေါ့ ငတင်ရ တစ်ရပ်ကွပ်ထဲသားချင်းတွေဘဲ"ဟုပြောလေသည်။ ငတင်မှာ ကိုလှမြိုင်ထံမှအကူညီရလေသောအခါမှ သူ၏သောကတို့ သက်သာရာရလေတော့၏။ ကိုလှမြိုင်ကူညီသော ငွေကြေးကြောင့်လည်း သူ၏သားငယ်လေးမှာ ဆေးရုံ အချိန်မှီရောက်၍ အသက်ချမ်းသာရာ
ရခဲ့လေ၏။ ငတင်သည်လည်း နောင်တကြီးစွာရရှိလေတော့သည်။ကိုလှမြိုင်သာမကူညီလျှင် သူ၏သားငယ်လေးအသက်မှာ ဆုံးရှုံးရဖွယ်ရှိလေ၏။ကိုလှမြိုင်ကူညီသည့် ငွေကြေးတန်ဖိုးသည်၊ မိမိသာ ဖဲမရိုက် အရက်မသောက်နှင့် စုမည်ဆိုလျှင် တစ်လပင်ကြာမည် မဟုတ်ဟူ၍လည်းတွေးမိလေ၏။ အကယ်၍များ ကူညီသူမရှိပါလျှင် မိမိသားလေးဖြစ်ပျက်ရမည့် အဖြစ်ကိုလည်း ဆင်ခြင်မိလေသည်။
ယခုအခါတွင်တော့ ငတင်သည် ဖဲရိုက်ခြင်း၊အရက်သောက်ခြင်းတို့အား စွန့်လွှတ်လိုက်လေတော့သည်။သူ၏လုပ်ငန်းအား ဂရုစိုက် ခြင်းအမှုကိုလည်း ပြုလုပ်လေတော့သည်။ သူ၏အားလပ်ချိန်များတွင်လည်း စာပေများကိုဖတ်ရှုခြင်း၊အိမ်၌ပင် မိသားစုနှင့် ပျော်ရွှင်စွာ နေထိုင်ခြင်းဖြင့်သာလျှင် ကုန်ဆုံးစေပါတော့သည်။ငတင်သည်ကား သူ၏ဘဝ ကံကြမ္မာကို သူကိုတိုင်ပင် ပြောင်းလဲလိုက်ပါတော့သည်။
( ပြီးပါပြီ)
.
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
စုပေါင်းနေထိုင်ဆောင်ရွက်ကြရမယ်လေ
မှန်တာပေါ့ဗျာ thank bro
Goodတယ်အရေးအသားတွေက။
ဟုတ်ကျေးဇူး အမ
မိတ်ဆွေကောင်း တန်ဖိုးေးပါ့ဗျာ
ဟုတ်အကို
မိတ်ဆွေကောင်းရှိတာကောင်းတယ်ဗျ
ဟုတ်တယ်အကို
ဘဝကို အကျိုးရှိရှိ နေတတ်သွားတယ်လို့  ဆိုနိုင်ပြီပေါ့ဗျာ
တင်ပါ့ဘုရား
ကံကောင်းကောင်းနဲ့ဇာတ်သိမ်းသွားတာ ကောင်းတယ်အစ်ကို
ဟုတ်ကျေးဇူး တင်ပါတယ်အကို
အရမ်းမိုက်အစ်ကိုရေ
အရင်အပိုင်းတွေပါ ပြန်ဖတ်မိတယ်ဗျာ
ကောင်းလွန်းလို့
အားပေးလို့ကျေးဇူးတင်ပါတယ်အကို
Good Ending
ကျေးဇူးပါ အကို
အဘ...အကြံတွေ...ဘယ်ကထွက်လာတာတုန်း😁
ပြောပြပါဘူး😂
This post has received a 1.08 % upvote from @drotto thanks to: @aunggyi100.