ကို့ယ့်ကံကြမ္မာကိုဖန်တီးသူ
အချိန်ကား မနက်၁၀နာရီ ဝန်းကျင် ရပ်ကွပ်လေးအတွင်းနေထိုင်သူအများစုမှာ လက်လုပ်လက်စားသမားက အများစုဖြစ်၏။ရပ်ကွပ်ကလေးမှာလည်း ဆင်ခြေဖုံးရပ်ကွက် ကလေး။ဤရပ်ကွပ်ကလေးထဲ နေထိုင်ကြသူများတွင် ငတင်တစ်ယောက်လည်း အပါဝင်ဖြစ်၏။ငတင်လည်း သူ၏ထုံးစံ အတိုင်း ရပ်ကွပ်ထဲက ဖဲဝိုင်းတွင်ရောက်ရှိနေလေ၏။
"ဟေ့ကောင်ဖဲမခိုးနဲ့နော်"ငတင်အသံကြားရာသို့ လှမ်းကြည့်လိုက်တော့ အောင်ပု သူ့အားစသလိုနှင့်လှမ်းပြောခြင်းပင်။ငတင်က"ဝါသနာမပါဘူးအောင်ပု ငါ့အကြောင်းမင်းသိပါတယ်ကွာ"ဟုပြောရင်း ဖဲချပ်များကိုသာ အာရုံစိုက်၍ပွတ်သပ်ကြည့်ကာနေလေသည်။ဖဲဝိုင်းအတွင်း၌လည်း ယောကျာင်္း၊မိန်းမ အစုံထိုင်ရိုက်ကြသည့်ဖဲဝိုင်းဖြစ်သည်။ယောကျာင်္းသား အချို့မှာလည်း သေရည်အရှိန်ကလေးများနှင့် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြပုံများကား မကြားဝံမနာသာသော စကားလုံးများနှင့်ဖြစ်လေသည်။
ကောင်းလေးတယောက် ပါဆယ်ထုပ်လေးဆွဲကာဝင်လာပြီး ငတင်အားလှမ်းပေးလိုက်သည်။ငတင်လည်း ကောင်လေးပေးသော ပါဆယ်ထုပ်အတွင်းမှ အရက်များကို ဖန်ခွက်အတွင်းထည့်ကာ သောက်လိုက်၍ဖဲချပ်များကို ပွတ်သပ်ကြည့်ရှုကာနေပြန်ပါလေ၏။
ဖဲဝိုင်းအတွင်းအနိုင်ရရှိသူများ၏
မျက်နှာများမှာ ပြုံးရွှင်နေ၍ရှုံးနှိမ့်နေသူများကား သက်ပြင်းအခါခါချ၍ ဖဲချပ်များကိုသာ
ဆဲရေးတိုင်ထွာ ပြုနေကြလေသည်။ ငတင်
ငါးပွဲ၊ခြောက်ပွဲမျှ ကစားပြီးသည်ရှိသေး"ဟဲ့သတောင်းစား ငတင်နင်က မြိုဖို့ဆို့ဖို့ကြတတ်တယ် ပိုက်ဆံကြ ကိုယ့်မိန်းမကိုပေးရမှန်းမသိတဲ့ကောင်"ထမိန်ကို ဒူးခေါင်းလောက်ထိရောက်အောင်လက်နှစ်ဖက်နှင့်မကိုင်ထားကာ ငတင်အားရန်တွေ့နေလေတော့သည်။သူမသည်ကား ငတင်မိန်းမ မမျိုးဖြစ်လေသည်။ငတင်မှ"ကောင်မနင်က ငါ့ကိုလူကြားထဲအော်လားဟစ်လားနဲ့ သွားပြန်"ဟုထိုင်ရာမှမထ ပြန်ပြောလေသည်။သူ့မိန်းမမျိုးမှာမပြန်သေးသည့်အပြင်"ဟဲ့ သေနာကောင် လုပ်ငန်းပေးတဲ့လူရှိလို့လာခေါ်နေတာဟဲ့"ဟူ၍ပြန်လည်ကာတုန့်ပြန်ပြောဆိုနေလေ၏။
.
.အပိုင်း၂အားဆက်လက်ဖတ်ရှုပေးပါရန်
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဆက်ရန်လေးအားပေးနေမယ် Bro ။
ကျေးဇူးပါပဲ အကို
ကိုယ့်အတတ်ကိုယ်စူးဆိုတာဒါမျိုးထင်ပါရဲ့ဗျာ။
သားဇာတ်ကောင်အမည်ပေးတာမှားပီထင်တယ်ဆရာ
အားပေးနေတယ်အစ်ကို ဆက်ရေး(အပိုင်း)-၂
အားပေးလို့ကျေးဇူးတင်ပါတယ်bro
အရေးအသားတွေအရမ်းကောင်းလာပြီ ။မျှော်နေပပြီ အပိုင်း၂
အားပေးလို့ကျေးဇူးပါအမ
မျော်နေပါပီ အပိုင်း၂ အရေးသား မိုက်လာပီ
အားပေးလို့ကျေးဇူးတင်ပါတယ်အကို
Good.
Thank bro
@boomerang
ဘယ်လိုဖန်တီးမလဲဆိုတာ စောင့်ဖတ်ရဦးမှာပေါ့
ဟုတ် bro
အားပေးနေတယ် bro
ကျေးဇူးပါပဲ bro
တန်းလန်းကြီးထားသွားတယ် ဘဒိုက
ဆက်ရန်လေးလုပ်ပါဦးဘဒို
ဇာတ်ရှိန်တက်နေဖီ
လာမယမလေ bro😊