ကို့ယ့်​ကံကြမ္မာကိုဖန်​တီးသူ(ဇာတ်​သိမ်း)

in myanmar •  last month

အပိုင်း ၁ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​ https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-9dc1c9f09365a
အပိုင်း ၂ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​https://steemit.com/myanmar/@aunggyi100/greater-than-koy-kan-km-akopan-tith-less-thanu-apong-2-78cd932e58053
အပိုင်း ၃အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​ https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-apong-3-082d8fd86e6b4
image
ကျော်​နိုင်သည်​ကား ​ငွေ​ရေး​ကြေး​ရေး အရ​သော်​လည်း​ကောင်း၊လုပ်​ငန်းခွင်​၌​သော်​လည်း​ကောင်း ငတင်​အတွက်​များစွာ စိတ်​ချရသူဖြစ်​​လေသည်​။ တစ်​​နေ့ ငတင်​ဘဝအတွက်​ကံကြမ္မာဆိုး ဝင်​လာမည့်​ ​နေ့တစ်​​နေ့။
သူ၏သားငယ်​​လေးသူငယ်​ချင်းများနှင့်​ကြွက်​​ထောင်​လိုက်​သွားရာ၌​မြွေအကိုက်​ခံရ​လေသည်​။ ငတင်​သည်​လည်းသူ၏သားငယ်​သတင်းကြားကြားချင်း အိမ်​သို့အ​ပြေး​ရောက်​ရှိလာပါ​လေ​တော့သည်​။သူ့ကိုမြင်​သည်​နှင့်​က​လေးက"အ​ဖေသားမျက်​လုံး​တွေပြာပြီး အာ​ခေါင်​​တွေ​ခြောက်​လာတယ်​"ဟု​ပြော​လေရာ ငတင်​မှာ မျက်​ဝန်းအိမ်​မှ မျက်​​ရည်​တို့ပင်​ကျဆင်းလာ​လေ​တော့၏။သူက​လေးငယ်​၏လက်​ကို​လေးကိုကိုင်​ရင်း"သား ဘာမှမဖြစ်​ဘူး မစိုးရိမ်​နဲ့ ခဏ​နေသက်​သာသွားမှာ​နော်​"ဟု ​ပြောသာ​ပြောရသည်​ ငတင်​၏​ခေါင်းထဲ၌ သားငယ်​​ဆေးကုသရန်​ ပိုက်​ဆံအား အဘယ်​သို့ရှာရမည်​နည်းဟု ​တွေး​တော​နေ​ရ​လေသည်​။သူ၏အ​တွေးထဲ၌ ကိုလှမြိုင်​ကိုသာ ​ပြေး၍မြင်​​ယောင်​မိပါ​တော့သည်​။ ကိုလှမြိုင်​သည်​ကား လူမှန်​သမားတစ်​​ယောက်​ဖြစ်​​လေသည်​။ သူသည်​ရပ်​ကွပ်​အတွင်း၌အခက်​ခဲကြုံ​တွေ့သူများကိုလည်း ကူညီတတ်​​သေး၏။ ငတင်​သည်​ကား ကိုလှမြိုင်​နှင့်​ လုံးဝမတည့်​​ပေ၊ကိုလှမြိုင်​သည်​ ငတင်​အား တခါတရံ ​ကောင်းမွန်​​စေရန်​ ဆိုဆုံးမတတ်​​လေသည်​။ထိုသို့​သောအခါမျိုးများတွင်​ငတင်​ကား မ​ချေမငံ သာပြန်​​ပြောခဲ့သည်​သာ ဖြစ်​​လေ၏။ ကိုလှမြိုင်​ထံ သားငယ်​​လေး​ဆေးကုသစရိတ်​ အကူညီ​တောင်း​ရေးအတွက်​ သူ၏မာနကတဖက်​၊ သားသမီး ​ဇောကတဖက်​ လွန်​ဆွဲ လျှက်​ရှိ​နေ​တော့၏။
image
နောက်​ဆုံး ​သောအခါ သားငယ်​​လေးအတွက်​ သူ၏မာနတို့ကို ခဝါချ၍ ကိုလှမြိုင်​ထံ ထွက်​ခွာလာပါ​တော့၏။ ကိုလှမြိုင်​ခြံ​ရှေ့​ရောက်​သည်​နှင့်​ "ကိုလှမြိုင်​ ဗျို့ ကိုလှမြိုင်​"ဟုငတင်​မှ အသံ ပြုလိုက်​​သောအခါ ကိုလှမြိုင်​ သည်​အိမ်​အတွင်းမှထွက်​လာ​လေ၏။
ကိုလှမြိုင်​သည်​ ငတင်​အားမြင်​လျှင်​ပင်​"ဟ ငတင်​ပါလား မလာစဖူးအလာထူးလှချည်​လား"ဟူ၍​ဖော်​​ရွှေစွာပင်​ ကြိုဆိုပါ​လေ၏။
သူ့အား ၏ကဲ့သိုကြိုဆိုလိမ့်​မည်​ဟုပင်​ ငတင်​ထင်​မထား​ပေ။ ငတင်​သည်​ ညှိုးငယ်​​သောမျက်​နှာဖြင့်​ "ကိုလှမြိုင်​ ကျွန်​​တော်​သား​လေး ပိုးထိလို့ ​ဆေးစရိတ်​က​လေးအကူညီလာ​တောင်းတာပါဗျာ"ဟူ၍​လေသံငယ်​​လေးဖြင့်​​ပြော​လေ၏။ ကိုလှမြိုင်​သည် ငတင်​အားပြုံး၍ပင်​ "ကူညီရမှာ​ပေါ့ ငတင်​ရ တစ်​ရပ်​ကွပ်​ထဲသားချင်း​တွေဘဲ"ဟု​ပြော​လေသည်​။ ငတင်​မှာ ကိုလှမြိုင်​ထံမှအကူညီရ​လေ​သောအခါမှ သူ၏​သောကတို့ သက်​သာရာရ​လေ​တော့၏။ ကိုလှမြိုင်​ကူညီ​သော ​ငွေ​ကြေး​ကြောင့်​လည်း သူ၏သားငယ်​​လေးမှာ ​ဆေးရုံ အချိန်​မှီ​ရောက်​၍ အသက်​ချမ်းသာရာ
ရခဲ့​လေ၏။ ငတင်​သည်​လည်း ​နောင်​တကြီးစွာရရှိ​လေ​တော့သည်​။ကိုလှမြိုင်​သာမကူညီလျှင်​ သူ၏သားငယ်​​လေးအသက်​မှာ ဆုံးရှုံးရဖွယ်​ရှိ​လေ၏။ကိုလှမြိုင်​ကူညီသည့်​ ​ငွေ​ကြေးတန်​ဖိုးသည်​၊ မိမိသာ ဖဲမရိုက်​ အရက်​မ​သောက်​နှင့်​ စုမည်​ဆိုလျှင်​ တစ်​လပင်​ကြာမည်​ မဟုတ်​ဟူ၍လည်း​တွေးမိ​လေ၏။ အကယ်​၍များ ကူညီသူမရှိပါလျှင်​ မိမိသား​လေးဖြစ်​ပျက်​ရမည့်​ အဖြစ်​ကိုလည်း ဆင်​ခြင်​မိ​လေသည်​။
ယခုအခါတွင်​​တော့ ငတင်​သည်​ ဖဲရိုက်​ခြင်း၊အရက်​​သောက်​ခြင်းတို့အား စွန့်​လွှတ်​လိုက်​​လေ​တော့သည်​။သူ၏လုပ်​ငန်းအား ဂရုစိုက်​ ခြင်းအမှုကိုလည်း ပြုလုပ်​​လေ​တော့သည်​။ သူ၏အားလပ်​ချိန်​များတွင်​လည်း စာ​ပေများကိုဖတ်​ရှုခြင်း၊အိမ်​၌ပင်​ မိသားစုနှင့်​ ​ပျော်​ရွှင်​စွာ ​နေထိုင်​ခြင်းဖြင့်​သာလျှင်​ ကုန်​ဆုံး​စေပါ​တော့သည်​။ငတင်​သည်​ကား သူ၏ဘဝ ကံကြမ္မာကို သူကိုတိုင်​ပင်​ ​ပြောင်းလဲလိုက်​ပါ​တော့သည်​။
( ပြီးပါပြီ)
. image
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  trending

စုပေါင်းနေထိုင်ဆောင်ရွက်ကြရမယ်လေ

·

မှန်​တာ​ပေါ့ဗျာ thank bro

Goodတယ်​အ​ရေးအသား​တွေက။

·

ဟုတ်​​ကျေးဇူး အမ

မိတ်ဆွေကောင်း တန်ဖိုးေးပါ့ဗျာ

·

ဟုတ်​အကို

မိတ်ဆွေကောင်းရှိတာကောင်းတယ်ဗျ

·

ဟုတ်​တယ်​အကို

ဘဝကို အကျိုးရှိရှိ နေတတ်သွားတယ်လို့  ဆိုနိုင်ပြီပေါ့ဗျာ

·

တင်​ပါ့ဘုရား

ကံကောင်းကောင်းနဲ့ဇာတ်သိမ်းသွားတာ ကောင်းတယ်အစ်ကို

·

ဟုတ်​​ကျေးဇူး တင်​ပါတယ်​အကို

အရမ်းမိုက်​အစ်​ကို​ရေ
အရင်​အပိုင်း​တွေပါ ပြန်​ဖတ်​မိတယ်​ဗျာ
ကောင်းလွန်းလို့

·

အား​ပေးလို့​ကျေးဇူးတင်​ပါတယ်​အကို

Good Ending

·

ကျေးဇူးပါ အကို

အဘ...အကြံ​တွေ...ဘယ်​ကထွက်​လာတာတုန်း😁

·

ပြောပြပါဘူး😂

This post has received a 1.08 % upvote from @drotto thanks to: @aunggyi100.

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ပတ်ဝန်းကျင်ကောင်းမှာ လူ့ဖြစ်ခွင့်ရတာလည်း ကံကောင်းခြင်းတစ်မျိုးပါဘဲ ဇာတ်သိမ်းလေးကောင်းတယ်

·

ဟုတ်​အမ ​ကျေးဇူးပါပဲ

အမြင်မှန်ရပီး ပြုပြင် ပြောင်းလဲလိုက်နိုင်တာ လေးစားစရာပါ..
good post bro..

·

ကျေးဇူးတင်​ပါတယ်​ bro

This post has received a 0.62 % upvote from @boomerang thanks to: @aunggyi100

အဲလိုအဆုံသတ်လေးပဲဖတ်ချင်ပါတယ်ဗျ
စိတ်မခိုင်လို့

·

ဟုတ်​bro

good post bro

·

Thank bro

ကောင်းပါတယ် ဗျာ ဇာတ်သိမ်းလေး

·

ကျေးဇူးပါပဲ အကို

ကိုယ့် အပေါ် ကောင်းတဲ့ လူတေ ကြောင့် ပြောင်းလဲသွာတယ် ပြောရမလား

·

သင်​ခန်းစာ ယူတတ်​သွားတာဖြစ်​မယ်​အကို

good writing

Good post

·

Thank bro

ဇာတ်​သိမ်းပီ​ပေါ့​လေ

·

ဟုတ်​အကို

မိတ်ဆွေကောင်းရခြင်းရဲ့ အကျိုးလေးပေါ့ဗျာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတောင် မိတ်ဆွေကောင်းတစ်ယောက်ပိုင်ဆိုင်ခွင့်ရရင် နိဗ္ဗာန်ကိုတောင် အရောက်ပို့ဆောင်နိုင်တယ် လို့ ဟောခဲ့သေးတာပဲ

·

ဟုတ်​အကို မှန်​တာ​ပေါ့ ဗျာ

ရေးအားကောင်းလှချည်လား ဖတ်လို့ ကောင်းတယ်ဗျာ