ကို့ယ့်​ကံကြမ္မာကိုဖန်​တီးသူ(ဇာတ်​သိမ်း)

in #myanmar6 years ago

အပိုင်း ၁ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​ https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-9dc1c9f09365a
အပိုင်း ၂ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​https://steemit.com/myanmar/@aunggyi100/greater-than-koy-kan-km-akopan-tith-less-thanu-apong-2-78cd932e58053
အပိုင်း ၃အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​ https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-apong-3-082d8fd86e6b4
image
ကျော်​နိုင်သည်​ကား ​ငွေ​ရေး​ကြေး​ရေး အရ​သော်​လည်း​ကောင်း၊လုပ်​ငန်းခွင်​၌​သော်​လည်း​ကောင်း ငတင်​အတွက်​များစွာ စိတ်​ချရသူဖြစ်​​လေသည်​။ တစ်​​နေ့ ငတင်​ဘဝအတွက်​ကံကြမ္မာဆိုး ဝင်​လာမည့်​ ​နေ့တစ်​​နေ့။
သူ၏သားငယ်​​လေးသူငယ်​ချင်းများနှင့်​ကြွက်​​ထောင်​လိုက်​သွားရာ၌​မြွေအကိုက်​ခံရ​လေသည်​။ ငတင်​သည်​လည်းသူ၏သားငယ်​သတင်းကြားကြားချင်း အိမ်​သို့အ​ပြေး​ရောက်​ရှိလာပါ​လေ​တော့သည်​။သူ့ကိုမြင်​သည်​နှင့်​က​လေးက"အ​ဖေသားမျက်​လုံး​တွေပြာပြီး အာ​ခေါင်​​တွေ​ခြောက်​လာတယ်​"ဟု​ပြော​လေရာ ငတင်​မှာ မျက်​ဝန်းအိမ်​မှ မျက်​​ရည်​တို့ပင်​ကျဆင်းလာ​လေ​တော့၏။သူက​လေးငယ်​၏လက်​ကို​လေးကိုကိုင်​ရင်း"သား ဘာမှမဖြစ်​ဘူး မစိုးရိမ်​နဲ့ ခဏ​နေသက်​သာသွားမှာ​နော်​"ဟု ​ပြောသာ​ပြောရသည်​ ငတင်​၏​ခေါင်းထဲ၌ သားငယ်​​ဆေးကုသရန်​ ပိုက်​ဆံအား အဘယ်​သို့ရှာရမည်​နည်းဟု ​တွေး​တော​နေ​ရ​လေသည်​။သူ၏အ​တွေးထဲ၌ ကိုလှမြိုင်​ကိုသာ ​ပြေး၍မြင်​​ယောင်​မိပါ​တော့သည်​။ ကိုလှမြိုင်​သည်​ကား လူမှန်​သမားတစ်​​ယောက်​ဖြစ်​​လေသည်​။ သူသည်​ရပ်​ကွပ်​အတွင်း၌အခက်​ခဲကြုံ​တွေ့သူများကိုလည်း ကူညီတတ်​​သေး၏။ ငတင်​သည်​ကား ကိုလှမြိုင်​နှင့်​ လုံးဝမတည့်​​ပေ၊ကိုလှမြိုင်​သည်​ ငတင်​အား တခါတရံ ​ကောင်းမွန်​​စေရန်​ ဆိုဆုံးမတတ်​​လေသည်​။ထိုသို့​သောအခါမျိုးများတွင်​ငတင်​ကား မ​ချေမငံ သာပြန်​​ပြောခဲ့သည်​သာ ဖြစ်​​လေ၏။ ကိုလှမြိုင်​ထံ သားငယ်​​လေး​ဆေးကုသစရိတ်​ အကူညီ​တောင်း​ရေးအတွက်​ သူ၏မာနကတဖက်​၊ သားသမီး ​ဇောကတဖက်​ လွန်​ဆွဲ လျှက်​ရှိ​နေ​တော့၏။
image
နောက်​ဆုံး ​သောအခါ သားငယ်​​လေးအတွက်​ သူ၏မာနတို့ကို ခဝါချ၍ ကိုလှမြိုင်​ထံ ထွက်​ခွာလာပါ​တော့၏။ ကိုလှမြိုင်​ခြံ​ရှေ့​ရောက်​သည်​နှင့်​ "ကိုလှမြိုင်​ ဗျို့ ကိုလှမြိုင်​"ဟုငတင်​မှ အသံ ပြုလိုက်​​သောအခါ ကိုလှမြိုင်​ သည်​အိမ်​အတွင်းမှထွက်​လာ​လေ၏။
ကိုလှမြိုင်​သည်​ ငတင်​အားမြင်​လျှင်​ပင်​"ဟ ငတင်​ပါလား မလာစဖူးအလာထူးလှချည်​လား"ဟူ၍​ဖော်​​ရွှေစွာပင်​ ကြိုဆိုပါ​လေ၏။
သူ့အား ၏ကဲ့သိုကြိုဆိုလိမ့်​မည်​ဟုပင်​ ငတင်​ထင်​မထား​ပေ။ ငတင်​သည်​ ညှိုးငယ်​​သောမျက်​နှာဖြင့်​ "ကိုလှမြိုင်​ ကျွန်​​တော်​သား​လေး ပိုးထိလို့ ​ဆေးစရိတ်​က​လေးအကူညီလာ​တောင်းတာပါဗျာ"ဟူ၍​လေသံငယ်​​လေးဖြင့်​​ပြော​လေ၏။ ကိုလှမြိုင်​သည် ငတင်​အားပြုံး၍ပင်​ "ကူညီရမှာ​ပေါ့ ငတင်​ရ တစ်​ရပ်​ကွပ်​ထဲသားချင်း​တွေဘဲ"ဟု​ပြော​လေသည်​။ ငတင်​မှာ ကိုလှမြိုင်​ထံမှအကူညီရ​လေ​သောအခါမှ သူ၏​သောကတို့ သက်​သာရာရ​လေ​တော့၏။ ကိုလှမြိုင်​ကူညီ​သော ​ငွေ​ကြေး​ကြောင့်​လည်း သူ၏သားငယ်​​လေးမှာ ​ဆေးရုံ အချိန်​မှီ​ရောက်​၍ အသက်​ချမ်းသာရာ
ရခဲ့​လေ၏။ ငတင်​သည်​လည်း ​နောင်​တကြီးစွာရရှိ​လေ​တော့သည်​။ကိုလှမြိုင်​သာမကူညီလျှင်​ သူ၏သားငယ်​​လေးအသက်​မှာ ဆုံးရှုံးရဖွယ်​ရှိ​လေ၏။ကိုလှမြိုင်​ကူညီသည့်​ ​ငွေ​ကြေးတန်​ဖိုးသည်​၊ မိမိသာ ဖဲမရိုက်​ အရက်​မ​သောက်​နှင့်​ စုမည်​ဆိုလျှင်​ တစ်​လပင်​ကြာမည်​ မဟုတ်​ဟူ၍လည်း​တွေးမိ​လေ၏။ အကယ်​၍များ ကူညီသူမရှိပါလျှင်​ မိမိသား​လေးဖြစ်​ပျက်​ရမည့်​ အဖြစ်​ကိုလည်း ဆင်​ခြင်​မိ​လေသည်​။
ယခုအခါတွင်​​တော့ ငတင်​သည်​ ဖဲရိုက်​ခြင်း၊အရက်​​သောက်​ခြင်းတို့အား စွန့်​လွှတ်​လိုက်​​လေ​တော့သည်​။သူ၏လုပ်​ငန်းအား ဂရုစိုက်​ ခြင်းအမှုကိုလည်း ပြုလုပ်​​လေ​တော့သည်​။ သူ၏အားလပ်​ချိန်​များတွင်​လည်း စာ​ပေများကိုဖတ်​ရှုခြင်း၊အိမ်​၌ပင်​ မိသားစုနှင့်​ ​ပျော်​ရွှင်​စွာ ​နေထိုင်​ခြင်းဖြင့်​သာလျှင်​ ကုန်​ဆုံး​စေပါ​တော့သည်​။ငတင်​သည်​ကား သူ၏ဘဝ ကံကြမ္မာကို သူကိုတိုင်​ပင်​ ​ပြောင်းလဲလိုက်​ပါ​တော့သည်​။
( ပြီးပါပြီ)
. image
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

စုပေါင်းနေထိုင်ဆောင်ရွက်ကြရမယ်လေ

မှန်​တာ​ပေါ့ဗျာ thank bro

Goodတယ်​အ​ရေးအသား​တွေက။

ဟုတ်​​ကျေးဇူး အမ

မိတ်ဆွေကောင်း တန်ဖိုးေးပါ့ဗျာ

ဟုတ်​အကို

မိတ်ဆွေကောင်းရှိတာကောင်းတယ်ဗျ

ဟုတ်​တယ်​အကို

ဘဝကို အကျိုးရှိရှိ နေတတ်သွားတယ်လို့  ဆိုနိုင်ပြီပေါ့ဗျာ

တင်​ပါ့ဘုရား

ကံကောင်းကောင်းနဲ့ဇာတ်သိမ်းသွားတာ ကောင်းတယ်အစ်ကို

ဟုတ်​​ကျေးဇူး တင်​ပါတယ်​အကို

အရမ်းမိုက်​အစ်​ကို​ရေ
အရင်​အပိုင်း​တွေပါ ပြန်​ဖတ်​မိတယ်​ဗျာ
ကောင်းလွန်းလို့

အား​ပေးလို့​ကျေးဇူးတင်​ပါတယ်​အကို

ကျေးဇူးပါ အကို

အဘ...အကြံ​တွေ...ဘယ်​ကထွက်​လာတာတုန်း😁

ပြောပြပါဘူး😂

This post has received a 1.08 % upvote from @drotto thanks to: @aunggyi100.

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61572.53
ETH 2995.53
USDT 1.00
SBD 3.73