ကို့ယ့်​ကံကြမ္မာကိုဖန်​တီးသူ(အပိုင်း၃)

in myanmar •  10 months ago

အပိုင်း ၁ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​ https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-9dc1c9f09365a
အပိုင်း ၂ အား၍​နေရာတွင်​ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​https://steemit.com/myanmar/@aunggyi100/greater-than-koy-kan-km-akopan-tith-less-thanu-apong-2-78cd932e58053
.
ငတင်​တ​စ်​ယောက်​​နေ့တစ်​​ဝက်​မျှပင်​မကျိုး​သေး ဖဲဝိုင်းသွားရန်​ အကြံထုတ်​၍​နေ​လေသည်​။သူ၏အ​တွေးများထဲ၌ အိမ်​ကမိန်းမလည်းမရှိ၊သားသမီးများ အတွက်​လည်းမပါ ဖဲရိုက်​၍​သေရည်​​သောက်​ရန်​သာ ရှိ​နေ​လေပါ​တော့သည်​။ငတင်​မှ အဝီစိတွင်း တူး​နေသည့်​ သူ့တပည့်​​လေးတစ်​​ယောက်​အားလှမ်းကြည့်​ရင်း ပြုံးလိုက်​ပါသည်​။
. image
ထိုသူကား သူ၏တပည့်​​ကျော်​ ​ကျော်​နိုင်​ပင်​ဖြစ်​​လေ​တော့သည်​။ကျော်​နိုင်​ကား ငတင်​တွင်းတူးရာ လုပ်​ငန်းခွင်​သို့ မလာလျှင်​​တောင်​ လုပ်​ငန်းအား ဦးစီးလုပ်​ကိုင်​​ပေးနိုင်​သည့်​ တပည့်​တစ်​ဦးဖြစ်​​လေသည်​။အိမ်​ရှင်​ထံမှ ကြိုသုံး​ငွေ ထုတ်​ယူ၍ဖဲဝိုင်းသို့သွားရန်​ ငတင်​ဆုံးဖြတ်​လိုက်​ပါသည်​။ ​"​ကျော်​နိုင်​​ရေ ခဏလာအုန်း"​ကျော်​နိုင်​လည်းသူ့၏ဆရာ​ခေါ်သံကြားသည်​နှင့်​ လုပ်​လက်​စအလုပ်​များကို ရပ်​တန့်​၍၊သူ့ဆရာငတင်​ထံသွား​လေ၏။
ကျော်​နိုင်​သူ၏အနားသို့​ရောက်​လျှင်​ပင်​ ငတင်​မှ "ငါသွားစရာရှိလို့ တွင်းကို​သေချာကြည့်​တူးထားလိုက်​"ဟု​ပြော​လေသည်​။ကျော်​နိုင်​ သိတာ​ပေါ့ ဤဆရာနှင့်​တပည့်​ အတူတွဲလုပ်​ကိုင်​လာသည့်​ သက်​တမ်းကလည်းမနည်း​တော့​ပေ။သူ့ဆရာငတင်​သွားစရာဆိုသည်​မှာကား ဖဲဝိုင်းသွား အရက်​​သောက်​ရန်​မှလွဲ၍တခြားရှိအံ့မထင်​​ပေ။သို့​သော်​လည်း​"ဟုတ်​ဆရာ "ဟုသာပြန်​ပြန်​လိုက်​ပါသည်​။
ငတင်​ကား အိမ်​ရှင်​ထံမှ အဝီစိတွင်း တူးခကြိုတင်​​ငွေ ရယူပြီးသည်​နှင့်​ သူ၏ထုံးစံ အတိုင်းဖဲဝိုင်းသို့သာ ထွက်​ခွာသွားပါ​လေ​တော့သည်​။
့. image
ငတင်​၏မိန်းမမျိုးမှာလည်း "ကိုတင်​ အလုပ်​က​လေးလည်း ဂရုစိုက်​အုန်း သားသမီး​တွေ​ကျောင်းစရိတ်​နဲ့ အိမ်​စားစရိတ်​ကရှိ​သေးတယ်​"ဟု​ချော့​မော့၍​ပြောဆို​လေ​သောအခါမျိုးလည်းရှိ​ပေသည်​။ထိုသို့​သောအခါမျိုးများတွင်​ငတင်​ကား"ငါသိပါတယ်​ကွာ"ဟူ၍သာ​ပြောဆိုတတ်​​လေ၏။ ငတင်​တစ်​​ယောက်​ကား ​ခွေးမြီး​ကောက်​​ခြေ​တောကစွပ်​ပမာ ​ဆွေမျိုး၊မိဘများမှဆုံးမလျှင်​ တစ်​ရက်​ နှစ်​ရက်​​လောက်​​တော့​ခြေငြိမ်​​နေတတ်​သည်​။ရက်​အနည်းငယ်​ကြာလျှင်​ကား ဖဲဝိုင်းသို့သွားမြဲ၊လာမြဲပင်​၊သူ၏အဝီစိတွင်းတူသည့်​လုပ်​ငန်းအာ ကြာလာ​လေ ဂရုစိုက်​မှုပိုမဲ့လာ​လေ​တော့ပါသည်​။ သူ၏လုပ်​ငန်းအတွင်း၌ ​ကျော်​နိုင်​ရှိ​နေခြင်း​ကြောင့်​သာ သူ၏လုပ်​ငန်းမှာလည်​ပတ်​​နေခြင်းဖြစ်​​ပေသည်​။
. image
(အပိုင်း ၄ အားဆက်​လက်​ဖတ်​ရှု​ပေးပါရန်​)
photo credit;Google Image.
Msc no 179
Author : Aunggyi

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်းကောင်းပါတယ် bro အသိတခုတိုးပွါးစေပါတယ်

စီးပွားပျက်ကြောင်းတရားတွေထဲမှာ ဖဲလည်းပါတယ်

·

တင်​ပဘုရား

Wait နောက်တစ်ပိုင်း 😁😁

·

လာမယ်​bro😂

အားပေးနေတယ် မောင်လေးရေ ဆက်ကြိုးစားပါ

·

ကျေးဇူးတင်​ပါတယ်​ အမ

ဆိုးလိုက်​တဲ့ငတင်

·

ဟုတယ်

လောင်းကစားဖက်လာရင် အခွင့်ရေးတေ လက်လွတ်ကုန်တာ ကိုယ်တွေ့ပါ။

·

ကျေးဇူးပါပဲ bro

ဇာတ်​ရှိန်​​တော့တက်​လာပြီဗျို့

·

ဟုတ်​တယ်​bro

ဂရုပြုစရာ​တွေပါ bro ​ရေ
Good post ဗျာ

·

ကျေးဇူးပါပဲ bro

ကောင်းခန်းရောက်ရင် စောင့်ရပြီ
ဆက်ရေးပါအုံးဗျ

·

ဟုတ်​bro လာပါမယ်​ဗျ

ဆန့်ငင့်၊ဆန့်ငင့်ကြီးအစ်ကို၊ကောင်းတုန်းရှိသေး။

·

လာမယ်​​လေ အကို

ပတ်ဝန်းကျင်မှာ ကို မြင်နေရတယ်ဗျာ

·

ဟုတ်​ အကို

good post

·

Thank bro

Congratulations @aunggyi100! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout
Award for the number of posts published
Award for the number of upvotes
Award for the number of comments
Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

No body can be struggle to their destiny because they did it..do

·

Thank bro

This post has received a 1.49 % upvote from @drotto thanks to: @aunggyi100.