Experience

in #esteem7 years ago

အတွေ့အကြုံ ဆိုတာ
ငွေရှိတိုင်း အာဏာ ပါဝါ ရှိတိုင်း
အလွယ် အချောင် ရယူလို့
မရနိုင်တဲ့ စာရင်းထဲမှာ ပါဝင်တယ် . .

ကိုယ်တိုင် နှဖူးတွေ့ ဒူးတွေ့
ကြုံဖူးမှ နားလည်လာရတဲ့
အသိတရားဖြစ်တယ် . .

ဘာပဲ လုပ်လုပ်
အတွေ့အကြုံ မရှိသူထက်
အတွေ့အကြုံ ရှိသူက တစ်ပန်းသာနေတတ်တယ် . .

အတွေ့အကြုံ နုနယ်သူထက်
အတွေ့အကြုံ ရင့်ကျက်သူက
လမ်းကြောင်း ပိုမှန်တတ်တယ် . .

ဒါကြောင့် အတွေ့အကြုံ ဆိုတာ
လူတစ်ယောက်အတွက် တန်ဖိုးရှိတဲ့ အရာဖြစ်တယ် . .

အတွေ့အကြုံ မရှိသေးပဲ
ဘယ်အရာမှ လွယ်ပါတယ်လို့
အပြောစောလို့ မရပါဘူး. .

လွယ်တယ် အထင်နဲ့
ကိုယ်တိုင် လုပ်ကြည့်မှ
အများရှေ့မှာ အရှက်ကွဲရ
တတ်ပါတယ် ဆုံးရှုံးနစ်နာမှု
များရတတ် ပါတယ် . .

ဒါကြောင့်
ကိုယ့်ထက်ရာထူး အဆင့်
နိမ့်ကျသူ ဖြစ်နေ ပါစေ . .
ကိုယ့်ထက် အတွေ့အကြုံ
ရင့်ကျက်သူရဲ့ပြောစကားကို
အထင် မကြီးချင်နေပါ
မပစ်ပယ် ပါနဲ့ . .

@chitchit

Sort:  

အားပေးနေပါတယ်

ကျေးဇူးတင်ပါတယ်

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 2.92% upvote!
I was summoned by @chitchit. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61039.43
ETH 2460.28
USDT 1.00
SBD 2.66