အားနာတယ်​ အီစွပ်

in #esteem6 years ago

ဘီစီ ၆ ရာစု​လောက်​က ​ပေါ်​ပေါက်​ခဲ့တဲ့ လူတစ်​​ယောက်​ဟာ ကျွန်​တစ်​​ယောက်​အဖြစ်​နဲ့ ​မွေးဖွားလာခဲ့ရတယ်​..
သခင်​​တွေဆီမှာ အလုပ်​လုပ်​ရတဲ့ ကျွန်​တစ်​​ယောက်​အဖြစ်​ ဘဝကို ရပ်​တည်​ခဲ့ရတယ်​။
ဖတ်​ဖူးတာ​တော့ သူဟာ ရုပ်ရည်​​အ​တော်​အဆင်းသဏ္ဌာန်​ဆိုးပါသတ။ဲ့ ပြီး​တော့ စကားကလည်း ​ကောင်း​ကောင်း မ​ပြောနိုင်​သူတစ်​​ယောက်​လို့ဆိုပါတယ်​။
သူ့နာမည်​ရင်း အီစိုပက်​ ဆို​ပေမယ့်​ လူသိများတဲ့ နာမည်​က​တော့ အီစွပ်​​ပေါ့​လေ။
ဟုတ်​ပါတယ်​။
ဘီစီ ၆ ရာစုဆိုတဲ့ ​ခေတ်​ကာလက ​လူသားတစ်​​ယောက်​ရဲ့ စိတ်​ကူးစိတ်​သန်း​တွေ အ​တွေး​တွေ တီထွင်​ဖန်​တီးမှု ဉာဏ်​လွှာ​တွေဟာ အခုအထိ လွှမ်းမိုးမှု ရှိ​နေတုန်းပါပဲ။
ငွေဝယ်​ ကျွန်​စနစ်​ဆိုတာ ရှင်းတယ်​ ထင်​ရ​ပေမယ့်​ အ​တော်​ရှုပ်​​ထွေးတဲ့ စနစ်​တစ်​ခုပါပဲ။ ​ငွေဝယ်​ကျွန်​​တွေဟာ သူတို့သခင်​အတွက်​ အလုပ်​လုပ်​​ပေးရတယ်​။ဝင်​​ငွေရှာ​ပေးရတယ်​ပဲ ဆိုပါ​တော့..။ဒါ​ပေမယ့်​ သူတို့ကိုယ်​ပိုင်​​ငွေလည်း စု​ဆောင်းခွင့်​ရှိပါသတဲ့။ အချို့ ကျွန်​​တွေဟာ သူတို့ သခင်​​တွေနဲ့ စပ်​တူ လုပ်​ငန်း​တွေကိုလည်း လုပ်​ကိုင်​နိုင်​ကြတယ်​လို့ ဆိုပါတယ်​။ပြီး​တော့ ကိုယ့်​ဘာသာ စု​ဆောင်း​ငွေနဲ့ သခင်​​တွေဆီမှာ ကိုယ့်​ကိုယ်​ကိုယ်​လည်း ပြန်​​ရွေးယူလို့ရတယ်​ဆိုပဲ..။ကျွန်​တစ်​​ယောက်​ဟာ သာမန်​ လွတ်​လပ်​သူ ​(ကျွန်​မဟုတ်​သူ )​တွေနဲ့လည်း အိမ်​​ထောင်​ပြုလို့ရပါတယ်​တဲ့..။
ကျွန်​​တွေဟာ သခင်​​တွေရဲ့ လက်​​အောက်​မှာ တိရစ္ဆာန်​တစ်​​ကောင်​လိုရုန်းကန်​အလုပ်​လုပ်​​ပေးကြရတယ်​ ဆိုတာက​တော့ အတိအကျမှန်​ကန်​​နေတဲ့ အချက်​ပဲ​ပေါ့။အဲ့ဒီမှာ သခင်​​ကောင်းနဲ့ ​တွေ့ရတဲ့ကျွန်​က ကံ​ကောင်းသူဖြစ်​နိုင်​သလို သခင်​ဆိုးနဲ့​တွေ့တဲ့ ကျွန်​က​တော့ အ​တော့်​ကို မ​တွေးရဲစရာပါ.။အဓိက ကျွန်​ဆိုတာ ကိုယ့်​ဘဝကို ကိုယ်​မပိုင်​တဲ့ လူတွေလို့ ဆိုရမှာ​ပေါ့။
အဲ့ဒီလို ​မွေးကတည်းက ကိုယ့်​ဘဝကို ကိုယ်​မပိုင်​တဲ့ ဘဝက​နေ ​မွေးဖွားရှင်​သန်​လာရတဲ့ အီစွပ်​ဆိုတဲ့ လူတစ်​​ယောက်​ရဲ့ အ​တွေး​တွေ စိတ်​ကူး​တွေကို သူ့သခင်​ဆိုတဲ့ လူဟာ ချုပ်​ကိုင်​ထားလို့မရခဲ့ပါဘူး.။
ပျံသန်းသွားတဲ့ စိတ်​ကူး​တွေနဲ့ပုံပြင်​ဆိုတဲ့အရာ​တွေကို အရင်​ လွတ်​​မြောက်​ခွင့်​​ပေးခဲ့တဲ့ အီစွပ်​ရဲ့ပုံပြင်​​တွေဟာ အခု ​အေဒီ ၂၁ ရာစုအထိ လွတ်​​မြောက်​ပျံသန်း​နေကြဆဲပါပဲ​။
လူကို ထိန်းချုပ်​တယ်​။ကန့်​သတ်​တယ်​။လှောင်​ပိတ်​တယ်​။ဒါ​ပေမယ့်​ အဲ့ဒီလူရဲ့ အ​တွေး စိတ်​ကူး​တွေကို​တော့ ဘယ်​လို ကန့်​သတ်​ချုပ်​ကိုင်​ ပိတ်​​လှောင်​ထားနိုင်​မလဲ။ ဘယ်​အရာနဲ့ ဖမ်းချုပ်​ထားနိုင်​ပါ့မလဲ။
ခန္ဓာကိုယ်​ မလွတ်​လပ်​ခဲ့​ပေမယ့်​ စိတ်​​တွေကို လွတ်​လပ်​​စေခဲ့တဲ့ အီစွပ်​ကို သိပ်​​သ​ဘောကျမိတယ်​။လွတ်​​မြောက်​လို့ရတဲ့အရာ​တွေကို လွတ်​​မြောက်​​စေနိုင်​ခဲ့တဲ့ သူဟာ ​နောက်​​တော့ သူကိုယ်​တိုင်​ပါ လွတ်​လပ်​သူ ဖြစ်​သွားခဲ့ပါသတဲ့။သူ​ရေးခဲ့တဲ့ ပုံပြင်​​တွေ​ကြောင့်​ ဆိုပါ​တော့....
အခု​နေများ အီစွပ်​သာ ကျွန်​ဘဝနဲ့ရှိ​နေ​သေးရင်​ သူ့ကို ဝယ်​ယူကြမယ့်​ ​ဈေးကွက်​သမား​တွေ ဘယ်​​လောက်​များ ရှိ​နေမလဲလို့ စဉ်းစားမိတယ်​။
အီစွပ်​ရဲ့ လွတ်​လပ်​တဲ့ စိတ်​​တွေဟာ လွတ်​လပ်​တဲ့ ရှာ​ဖွေမှု​တွေနဲ့ ဒီကမ္ဘာ​ပေါ်က ရှင်​သန်​မှုမျိုးဆက်​တိုင်းမှာ ရှိ​နေမယ့်​ အဖြစ်​အပျက်​​တွေကို ​တွေ့မြင်​ခဲ့ကြပုံပါပဲ။
ဘာ​ကြောင့်​လဲဆို​တော့ သူ​ရေးခဲ့တဲ့ ပုံပြင်​​တွေက အခုထိ ​ခေတ်​မီ​နေဆဲမို့​လေ..။
ရုပ်​ရည်​အဆင်း ၊လွတ်​လပ်​တဲ့ဘဝ ဘာဆိုဘာမှ မရှိသူတစ်​​ယောက်​အ​နေနဲ့ အီစွပ်​ဟာ သူ့လွတ်​လပ်​မှုကို သူ့ဘာသာ ရှာ​ဖွေနိုင်​ခဲ့တယ်​။သူ့ကို ချုပ်​ကိုင်​ထားတဲ့အရာ​တွေထဲက​နေမှ ချုပ်​ကိုင်​လို့မရတဲ့ အပိုင်းကို သူ ​သေ​သေချာချာကို ​တွေ့ရှိခဲ့သူပါပဲ...။
ဖရစ်​ဂျီယာနယ်​သား မသန်​စွမ်း​ကောင်​​လေးတစ်​​ယောက်​ မလွတ်​လပ်​တဲ့ ​ငွေဝယ်​ကျွ​န်​​လေး တစ်​​ယောက်​ရဲ့ ပုံပြင်​​တွေဟာ ​ခြောက်​ရာ​ကျော်​​လောက်​ရှိတယ်​လို့ ဆိုပါတယ်​။အီစွပ်​ရဲ့ မလွတ်​လပ်​တဲ့ဘဝက​နေ လွတ်​​မြောက်​သွားတဲ့ စိတ်​ကူး​တွေတို့ ဆိုရမှာ​ပေါ့.....။

ကျွန်​မတို့က​ရော အီစွပ်​လို ဘဝမျိုးနဲ့ ကြုံ​နေခဲ့ကြရလို့လား.။မဟုတ်​ပါဘူး..
အီစွပ်​​လောက်​​တော့ ဘဝ​ပေးက မဆိုးပါဘူး..ဟုတ်​တယ်​မဟုတ်​လား။
ကျွန်​မထင်​တာ တစ်​ခုက​တော့ ကျွန်​မတို့​တွေဟာ လူ​တွေက လွတ်​​မြောက်​​နေကြပြီး စိတ်​​တွေကို တံခါးပိတ်​ထားတဲ့ စိတ်​မလွတ်​​မြောက်​သူ​တွေလို့ပဲ ဆိုချင်​မိတယ်​။..
အဲ့ဒီလို ​တွေးမိ​တော့ အီစွပ်​ကို အားနာမိပါရဲ့..
အေဒီ ၂၁ ရာစု သိပ္ပံ​ခေတ်​မှာ ရှိ​နေတဲ့ လူသားတစ်​ဦးရဲ့ စိတ်​​တွေဟာ ​ဘီစီ ၆ ရာစုက လူတစ်​​ယောက်​​ရဲ့စိတ်​​လောက်​​တောင်​ လွတ်​​မြောက်​မှုမရတာဟာ ကံဆိုးတာ​​ပေါ့​နော်​...

ဟုတ်​တယ်​ မဟုတ်​လား ။ကျွန်​မတို့စိတ်​​တွေ နည်းနည်း​လေး ကံဆိုး​နေကြရရှာတယ်​​လေ..

I'm ATM.
Msu 021. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သင့်​ခ်

Congratulations @ayethatmon! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Meet the Steemians Contest - The results, the winners and the prizes
Meet the Steemians Contest - Special attendees revealed
Meet the Steemians Contest - Intermediate results

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64432.28
ETH 2648.26
USDT 1.00
SBD 2.78