သွားကျင်တာပျောက်တယ်

in #busy6 years ago

@bobokyaw.jpg

ကွမ်းစားလို့ သွားကျင် သွားနာတာလေး အကြောင်းပြုပြီး ရေးလာတာ ဒီနေ့တော့ အဆုံး
သက်ပါတော့မယ် အဆုံးမသက်လို့လည်း မကောင်းတော့ ဒီအကြောင်းအရာလေးကို
ဆွဲဆန့်ရေးလာတာ သုံးရောက်တောင် မြောက်ခဲ့ပြီပေါ့
အကြောင်းအရာက ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး ဆေးလိပ်သောက်လာတာ
နှစ်တွေကြာလာတော့ လူက အမောမခံနိုင် အသက်ရှူမ၀တွေ ဖြစ်လာတယ်
ညပိုင်းတွေ အိပ်ရတာ အဆင်မပြေတော့ဘူး အနေရခက်လာတယ်
ဒါနဲ့ ဆေးလိပ်လေး ပြတ်အောင်ဆိုပြီး ကွမ်းပြောင်းဝါးတယ် ပြောင်းတာက အလုံးစုံ
ပြောင်းတာမဟုတ် ဆေးလိပ်က သောက်မြဲသောက်တယ် အရင်ထက်တော့ ပမာဏ
နည်းသွားတယ်ပေါ့ ကွမ်းကလည်း မစွဲဘူး မစွဲဘူးနဲ့ ၀ါးလာလိုက်တာ
နောက်ဆုံး သွားတွေကျင်လာတဲ့အထိ နာလာတဲ့အထိပေါ့ ဆေးလိပ်ကတော့ ပြတ်မသွား
ကွမ်းဝါးတဲ့ အကျင့်တစ်ခုသာ တိုးလာတာအဖက်တင်တယ်လေ
ကွမ်းကလည်း ၀ါးပါပြီကော မနည်းမနောပေါ့ ဒီတော့ သွားတွေက ကျင်လာတယ် နာလာတယ် အဲ့ဒီလို နာလာတော့ ကျင်လာတော့ နေရခက်လာပြီ ဟိုမေးဒိမေးနဲ့
နောက်ဆုံး ဆေးနည်း တစ်ခုရလိုက်တယ် သွားကျင်တာတွေ နာတာတွေပျောက်တဲ့
ဆေး သွားများကိုလည်း ပိုမို ခိုင်မာစေတယ် ဆိုပြန်တယ်။
သဘာဝ ဆေးနည်းဖြစ်လို့ အသုံးပြုရတာ မခက်ခဲပါဘူး တစ်ခုရှိတာက အပြင်မှာ
အလွယ်တကူ ၀ယ်လို့ မရနိုင်ဘူး ဆေးဆိုင်တွေမှာ မရှိဘူး
ဆေးကို ကိုယ့်ဟာကိုယ် ဖေါ်ရတယ် ဆေးဖေါ်တယ်ဆိုပေမယ့်လည်း ခက်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး အလွယ်လေးပါ။
ဆေးနည်းကဒီလိုဗျ ဒီလို သင်္ဘောရွက် အခြောက်လေးတွေကို အမှုန့်လုပ် ဆားအနည်းငယ်ထည့် ပြီး လေလုံတဲ့ ပုလင်းလေးထဲ ထည့်ထားလိုက်ယုံသာ
သွားတိုက်သည့်အခါတိုင်း သွားတိုက်ဆေးနဲ့အတူ ရောတိုက်လည်းရတယ် သူ့ချည့်တိုက်
လည်းရတယ် ဒါဘဲ နှစ်ရက်သုံးရက်လောက် အဲ့အမှုန့်လေးသုံးလိုက်တာ သွားကျင်တာ
တွေ ပျောက်သွားတယ် သွားတွေ မနာတော့ဘူး။ နောက်ပိုင်းအကျင့်ဖြစ်သွားတော့
သွားတိုက်သည့်အခါတိုင်း ထည့်တိုက်ဖြစ်တယ်လေ။ ခုဆို သွားကျင်တာတွေ သွားနာ
တာတွေမဖြစ်တာကြာလေပြီ ကောင်းလိုက်တဲ့ဆေး ဘာမှမခက်
ဒီလိုနဲ့ဘဲ ကွမ်းဆက်စားနေဖြစ်တယ်ပေါ့။ ကွမ်းစားတာ တကယ်တော့ မကောင်းပါဘူး
ရောဂါဖြစ်စေနိုင်ပါတယ် မစားတက်ရင်တော့ အကောင်းဆုံးပေါ့ ကိုယ်လည်း ဖြတ်ရဦး
မယ် ကွမ်းရယ် ဆေးလိပ်ရယ်။ ဒီနှစ်ကောင် ရှင်းပြီးသွားရင်တော့ အတော်ကို ကောင်း
သွားပါပြီ အကျင့်ဆိုးနှစ်ကောင်ကို အပြီးတိုင် ချေမှုန်းမယ်လို့ စိတ်မယ်တေးထားတယ်။
@bobokyaw

Sort:  

ဟာသစကားတခုအရမိန်းမကိုဖြတ်နိုင်သည်ကွမ်းယာနဲ့ဆေးလိပ်ကိုမဖြတ်နိုင်ပါဟုအပြောင်အပျက်ပြောဆိုနေကြတာရှိပါသည်

တကယ်တော့ အဲ့သလိုလည်း အမှန်မဟုတ်ပါဘူး
ဖြတ်ရခက်ခဲတာကို တင်စားပြောတာပါ
တကယ်အဲ့လိုဆိုမကောင်းပါဘူးလေ

knowledge sharing လုပ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဘရို

ကျေးဇူးတင်ပါတယ် အစ်ကိုရေ

Thanks you bro.

ဆေးလိပ်ဖြတ်ရင်း ကွမ်းပါစွဲတာ ကောင်းရော 😁

ဟုတ်ပါတယ်ဆို ဆေးအတွက် တစ်ပဲမက လေးနေရဆိုသလိုပ

You got a 7.94% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 28.44% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thanks you ninja

You got a 14.90% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Thanks upme.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63183.53
ETH 2643.93
USDT 1.00
SBD 2.78