ကျန်းမာလို့ချမ်းသာပါရစေ

in #busy6 years ago

@bobokyaw.jpg

လူတစ်ယောက်မှာ အရေးအကြီးဆုံးအရာကို ပြောပါဆိုရင်တော့ ကျန်းမာရေး လို့ဘဲ
မြင်ပါတယ် ငွေကြေးချမ်းသာသူ မိတ်ဆွေတွေ တွေ့ဖူးပါတယ် သူတို့ ပျော်သင့်
သလောက် မပျော်နိုင်ရှာကြဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ စိတ်ညစ်စရာတွေ များစွာ
မရှိသော်လည်း ချို့တဲ့သော ကျန်းမာရေးကြောင့် သူတို့စိတ်ဆင်းရဲနေကြရတယ်
ငွေရှိရင် အားလုံး အဆင်ပြေတယ် လောကမှာငွေက အရေးအကြီးဆုံး ဆိုတဲ့ အဆိုက
တော်တော် လွဲမှားတယ်ဆိုတာကို သူကထောက်ပြနေသလိုပါဘဲ သူ့မှာ လုပ်ငန်းတွေ
ရှိတယ် ကိုယ်ပိုင်အိမ်ရှိတယ် နန်းတော်ကြီးလိုပါဘဲ ကြီးကျယ်ခန်းနားထယ်ဝါမှုတွေအပြည့်
ပေါ့ ဇိမ်ခံကား ကောင်းကောင်းရှိတယ် လှပချောမောပြီးအသိ ဥာဏ်ပညာပြည့်ဝလို့ စိတ်သဘော
ထားဖြူစင်သော အလိုက်သိတက်သည့် ဇနီးလည်းရှိတယ် ကျန်းမာသန်စွမ်းတဲ့ ထက်မြတ်
သော သားသမီးတွေလည်းရှိတယ်။ အရေးအကြောင်းဆိုရင် နှစ်ခါပြောနေရလောက်အောင် မကပ်တွက်သော မိတ်ဆွေကောင်းတွေလည်း သူ့မှာရှိတယ်
သူလုပ်သမျှ လုပ်ငန်းတိုင်းလိုလိုဟာ အောင်မြင်တက်လို့ သူနဲ့ အလုပ်တွဲလုပ်ချင်တဲ့
စီးပွားရေး လုပ်ငန်းရှင်တွေ များစွာရှိတယ်ကျောက်လုပ်ငန်းမှာလည်းသူ အောင်မြင်တယ်
ကားလုပ်ငန်းတွေမှာလည်း ပြိုင်စံရှားဘဲ သွင်းကုန်ထုတ်ကုန်ဘက်မှာလည်း သူပါတယ်
စားသောက်ဆိုင်ကြီးတွေလည်း သူလုပ်ခဲ့တယ် စီးပွားရေးလုပ်သမျှ အောင်မြင်သလောက်
ငွေကြေးချမ်းသာကြွယ်ဝမှုကလည်း ဘာနဲ့မှ နှိုင်းပြစရာမရှိလောက်အောင်ကို အဆင်
ပြေတယ်လို့ အလွန်အကျူးဆိုရလောက်ပါတယ်
အဆိုးနဲ့ အကောင်းက အမြဲတွဲလျှက် ရှိနေတက်တယ်ဆိုတာ တကယ်ကို လက်ခံရမယ့်
အခြေအနေတစ်ရပ်ပါဘဲ သဘာဝတစ်ခုလို့တောင် ဆိုရပါမယ်
အရာအားလုံး ပြည့်စုံနေတဲ့ သူ့မှာ ချို့ယွင်းချက် တစ်ချက်တည်းရှိပါတယ်
အဲ့ဒါကတော့ သူ့ကျန်းမာရေးပါ။အဲ့ဒီကျန်းမာရေးကြောင့်ဘဲ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်
တစ်လျှောက်လုံး စိတ်မချမ်းသာစွာနဲ့ ဖြတ်ကျော်သွားခဲ့ရပါတယ် သူ့ရဲ့ချမ်းသာကြွယ်ဝမှုက သူ့ကို မကယ်တင်နိုင်ခဲ့ပါဘူး ကျန်းမာရေးချို့တဲ့မှုကို ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့
ကုစားလို့ ရနိုင်မယ်လို့ လူအတော်များများ ထက်တက်ကြပါတယ် အပေါ်ယံသဘောက
တော့ မှန်နေနိုင်ပါတယ် ကျန်းမာရေးစောင့်ေ၇ှာက်မှု ကောင်းကောင်းတော့ ၇နိုင်တာပေါ့
ဆေးရုံကောင်းကောင်း ဆရာဝန်ကောင်းကောင်း ဆေးကောင်းကောင်းနဲ့ ငွေကုန်ကြေးကျ များစွာ ခံပြီး ကုသလို့ ရနိုင်ပါတယ် ဒါပေမယ့် ငွေကြေးချမ်းသာမှုက
ကျန်းမာရေးကို အလုံးစုံ အကာအကွယ်မပေးနိုင်ပါဘူး။ ကံတရားကို ကုစားလို့မရနိုင်ပါဘူး အချိန်တန်၇င်တော့ ဘယ်လောက် ချမ်းသာသူဖြစ်စေ စည်းစိမ်ကုန်
အောင် ကုလည်း မပျောက်ကင်းတဲ့ ရောဂါနဲ့ သေတာပါဘဲ။ ငွေကြေးချမ်းသာမှုက သေခြင်းတရားကို မတားနိုင်ခဲ့ဘူး။ ရောဂါဘယကို အနိုင်မယူနိုင်ခဲ့ဘူး
ချမ်းသာရေး မိတ်ဆွေ သင့်မှာ မရှိသေးလည်း စိတ်မပျက်ပါနဲ့ ကျန်းမာရေး မိတ်ဆွေကောင်းတစ်ဦးသင့်အနားရှိနေသမျှ သင်ဟာ အလွန်ကံကောင်းတဲ့ သူတစ်ဦးဖြစ်တယ်ဆိုတာ သတိရလိုက်ပါ။ လူလောကမှာ ရှင်သန်နေသမျှကာလပတ်လုံး ကျန်းမာရေးက အရေးအကြီးဆုံးပါဘဲ သင်ကျန်းမာနေတယ်ဆိုရင် ဒါဟာ ချမ်းသာနေတယ်လို့လည်း ဆိုနိင်ပါတယ်
@bobokyaw

Sort:  

မှန်ပါသည်ကျန်းမာမှချမ်းသာမည်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ

Done bro. Thanks.

ကျေးဇူးပါ အစ်ကိုကြီးရေ

You got a 7.46% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 28.17% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ကျေးဇူးတင်ပါတယ်

You got a 14.47% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Thanks you upme

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61562.85
ETH 2891.34
USDT 1.00
SBD 3.43