ယောက်ျားတ​ယောက်​ မာန

in #myanmar6 years ago (edited)

ambitious-man-in-suit-deposit-photos.jpg

မြို့ပြတစ်​မြို့ရဲ့ ရပ်​ကွက်​တခုမှာ ​နေသူ ဆိုတဲ့ ​ကောင်​​လေးတ​ယောက်​​နေထိုင်​ပါသည်​၊ ထို​ကောင်​​လေးသည်​ အိမ်​​ထောင်​ရှိသည်​။မိန်းမဖြစ်​သူသည်​ စကားမတတ်​၊ ​နေသူ ထက်​ ပိုပြီး အလုပ်​ကြိုးစားသည်​၊​နေသူရဲ့ လစာ သည်​ မိန်းမဖြစ်​သူလစာ ရဲ့ 10% မျှ သာ ဖြစ်​သည်​။နေ့စဉ်​​နေ့တိုင်းအဆင်​​ပြေ​ပြေ​နေထိုင်​ကြသည်​၊​နေသူသည်​ စာ​ရေးဆရာတ​ယောက်​ဖြစ်​သည်​၊ဝင်​​ငွေ နည်းသည်​၊သို့​သော်​​နေသူ သည်​သူ့ဝါသနာကို မစွန့်​လွှတ်​ပဲ ဆက်​၍ကြိုးစားပါသည်​၊တခါတ​လေ ရွာပွဲဇာတ်​ပွဲများတွင်​ ပြဇာတ်​အတွက်​ ဝင်​ က တတ်​သည်​၊ ဝင်​သရုပ်​​ဆောင်​တတ်​သည်​၊ အသွင်​တူမှ အိမ်​သူဖြစ်​သည့်​အ​လျောက်​ မိန်းမဖြစ်​သူသည်​လည်း ကရာတွင်​ လည်း​ကောင်း သရုပ်​​ဆောင်​ရာတွင်​လည်း​ကောင်း အလွန်​ဝါသနာပါလှသည်​၊
တ​နေ့ မိန်းမဖြစ်​သူအလုပ်​မှပြန်​လာသည့်​အခါ မိန်းမ ပင်​ပင်​ပန်းပန်းဖြစ်​ပြီး အလုပ်​မှာ ​ဒေါသထွက်​စရာ ဖြစ်​လာခဲ့သည်​၊၊​မောင်​​နေသူ က ​သေချာမသိ ၊ ပုံမှန်​အတိုင်းဖြစ်​​လေသည်​။အလုပ်​ကိစ္စမှာ အဆင်​မ​ပြေမှု ဖြစ်​ခဲ့​သော ​ကြောင့်​ ​နေသူ့မိန်းမ အလွန်​ပင်​ ​ဒေါသထွက်​​နေသည့်​အချိန်​တွင်​ ​မောင်​​နေသူက
" မိန်းမ ဒီ​နေ့​တော့ ဆိုင်​သွားစားရ​အောင်​ "
ဟု မိန်းမဖြစ်​သူအား ​ပြောဆိုခဲ့သည်​။မိန်းမ ဖြစ်​သူက ​ဒေါသထွက်​ကာ

" ဘာမှမစားချင်​ဘူး၊ ဘယ်​မှလဲမသွားချင်​ဘူး၊ ဘာမှလာမ​ပြောနဲ့ အလိုလိုမှ ​ဒေါသထွက်​​နေတာ ၊...အလုပ်​ကလည်း အဆင်​မ​ပြေဘူး "

နေသူက မိန်းမ ပိုက်​ဆံကုန်​မည်​ကိုစိုးရိမ်​​နေသည်​ဟု တလွဲ​တွေးကာ

"မိန်းမဆိုင်​ထိုင်​တာ အာ့ဒီ​လောက်​မကုန်​ပါဘူး ကွ ၊ လာပါ သွားရ​အောင်​ "

မိန်းမ မှာ ​ဒေါသဖြစ်​ကာ

" ရှင်​ ရတဲ့ လခ က ကျမ ဖိနပ်​တရံ ဖိုး​တောင်​ မရှိဘူး ”
ပြောဆိုလိုက်​သည်​၊

မောင်​​နေသူတ​ယောက်​ အင်​မတန်​ ​ဒေါသ ထွက်​သွား​လေပြီ၊
နေသူက
' မင်း မင်း မင်း ဒီစကား​ပြောတာ မှတ်​ထား၊ ငါ့လခက မင်းဖိနပ်​ဖိုး​လောက်​​တောင်​မရှိဘူး မင်း​ပြောတဲ့အာ့စကား မှတ်​ထား ၊
မင်းနဲ့ငါ မ​ပေါင်းနိုင်​ဘူး ၊ မင်းစကားမင်း​သေချာမှတ်​ထားပါ၊ ငါတို့ကွာရှင်းကြမယ်​ ”

images (13).jpeg
မိန်းမဖြစ်​သူသည်​ကား ​ဒေါသ​ကြောင့်​သာ ​ပြောမိလိုက်​ရာ အမှန်​စင်​စစ်​ စိတ်​ရင်းမှာ ဘာသ​ဘောမှမပါ​ပေ၊သို့​ပေမယ့်​ ​မောင်​​နေသူရဲ့ ​ယောက်ျားမာနကို သွားနှိုးဆွ လိုက်​သလိုပင်​ ဖြစ်​​လေပြီ၊ဒီလိုဖြစ်​သွားသည်​ကို ​နေသူ့မိန်းမသိကာ ​နောင်​တရပြီး မကွာရှင်း​ပေးခဲ့​ပေ၊ သို့​သော်
မောင်​​နေသူ စိတ်​အရမ်းထိခိုက်​ပြီး အလွန်​စိတ်​ပျက်​သွားခဲ့သည်​၊ မိန်းမနဲ့ ​တွေ့မယ့်​လမ်း ​ရှောင်​ကွင်းသွားခဲ့သည်​၊ ​မောင်​​နေသူ့​အ​ဆောင်​ ကိုလိုက်​လာခဲ့​သော မိန်းမ ကို မမြင်​ရ​အောင်​ အ​ဆောင်​ ​နောက်​​ဖေးမှ ထွက်​သွားခဲ့သည်​၊ ဤကဲ့သို့ပင်​ အလွန်​စိတ်​ပျက်​ သွား​သော ​မောင်​​နေသူသည်​ မာနကို မ​လျော့​တော့ပဲ
မိန်းမကို ​ရှောင်​ဖယ်​​နေ​တော့သည်​၊ မိန်းမကလဲ အရမ်းချစ်​ရတဲ့အိမ်​​ထောင်​​ရေးဖြစ်​သည့်​အ​လျောက်​ ​နောင်​တရကာ
မရရ​အောင်​ ရှာ ၊ ပြန်​လက်​တွဲဖို့အတွက်​ ကြိုးစားသည့်အတွက် ​နေသူ့မိန်းမ တ​နေ့တခြား နှလုံး​ရောဂါ စွဲကပ်​​လေပြီ၊ ​မောင်​​နေသူသည်​လည်း မိမိမာနကိုထိပါး ​စော်​ကားခဲ့​သော​ကြောင့်​ မာနကို မ​လျော့ချကာ
ဒီတိုင်း ဆက်​​လျှောက်​​နေ​လေသည်​၊

အမှန်​စင်​စစ်​သည်​ ​မောင်​​နေသူသည်​ ဆရာဝန်​တ​ယောက်​ဖြစ်​​ပေသည်​၊ အင်​မတန်​သ​ဘော​ကောင်းသူဖြစ်​သည်​၊ ဝါသနာမှာ စာ​ရေးသူဖြစ်​လို့ စာမူခ နဲ့ပဲ ​ကျေနပ်​​နေခဲ့သူဖြစ်​ပါသည်

ဒီ​တော့ ​နောက်​ပိုင်း ဘယ်​လိုဆက်​ဖြစ်​မလဲဆိုတာ ​နောက်​တပိုင်းမှာ ဖတ်​ကြည့်​လိုက်​ရ​အောင်​....... 😁

question-mark2.jpg

နေအုန်း ​မေးခွန်း​လေး ​ဖြေသွား​ပေး

သင်​သာဆိုရင်

မောင်​​နေသူကို ဘယ်​လိုဖြစ်​​စေချင်​မလဲ

Written by yairthiha
Credit to Google Images
MSC 003

Sort:  

နင် ဘယ်တုန်းက အပိုင်းတွေ ရေးတတ်သွားတာလဲ မျှော် ဆိုတာ ကောင်မလေး စီက အဖြေတောင်းတာတောင် စောင့်ရတာ ကြာတယ်ထင်နေတာနော်

power downပြီးရင်​ 4steem ​လောက်​ ပြန်​​ပေးပါအုံး
4Sbd ​ပေးထားတဲ့ အစား

ရေးထားတာ ကောင်းတယ်။ပြန်ပေါင်းမယ်ထင်တယ်။

ပြန်ပေါင်းမယ်ထင်တယ်လား

နေအုံး ဖြေသွားပေးဆိုလို့ လာဖြေရပါဒေ။ လူဆိုတာဒေါသထွက်ချိန်ကြရှေ့နောက်မစဉ်းစားပဲနိုင်ရပြီးရောပြောတတ်တော့အမှားပါတတ်တာထုံးစံပါ။ ကိုယ့်မိသားစုချင်းချင်းတခါတလေအပြောမှားတာလောက်တော့ မာနကြီးထားမနေပါနက် လို့....

ဟားဟား သူပြောတဲ့စကားက ကြည့်အုန်းလေနော် မမရယ်

ကုန်ဈေးနှုန်းဒေတက်လွန်းတော့ သူလည်းပြောမိပြောရာပြောလက်တာနေမာပါကွယ်။ ရန်သူဒေလဲ မုဖဲနက်

ကောင်မလေး သေသွားမယ်ထင်တယ်

သေသွားသင့်တယ်

အာ​ပေ​နေပါတယ်​ ။

အားပေးတယ်တော့ ပြည့်ပြည့်စုံစုံလေး ရေးပါဗျာ ....အခုတော့ ငိငိ

Congratulations @yairthiha! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

The Steem community has lost an epic member! Farewell @woflhart!
SteemitBoard - Witness Update
Do not miss the coming Rocky Mountain Steem Meetup and get a new community badge!
Vote for @Steemitboard as a witness to get one more award and increased upvotes!

ကောင်မလေးစိတ်ခံစားချက်ပြင်းထန်ပြီး သေသွားနိုင်ပါတယ်.....

တကယ်​ကြီး​ပေါ့ ...

ယောကျာ်းဆိုရင်​​ယောက်ျားမာန​တော့ရှိရမှာ​ပေါ့။

ဒါပဲ​လေ

မေးထားတဲ့ မေးခွန်းတောင် မဖြေခဲ့ဘူး .......

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.030
BTC 68436.55
ETH 3750.49
USDT 1.00
SBD 3.66