အဆင်ပြေပါတယ် အမေ ( ၅)
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-2-a9490b46ab631
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8ef4cd60ca2f
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7fbc908e0990d
မလွန်းနဲ့ စိတ်တူကိုယ်တူ တွဲဖြစ်သူက မနော်ထူးဖြစ်ပါတယ်။ မနော်ထူးက ကရင်ပြည်နယ် ကော့ကရိတ်သူဖြစ်ပြီး ရန်ကုန်မြို့တွင် အလုပ်လုပ်ရာမှ ပွဲစားတွေ အပြောကောင်းမှု့ကြောင့် နယ်စပ်ရောက်လာသူ ဖြစ်ပါသည်။ အသားအရေ ဝါညက်ညက်လေးဖြင့် ခန္ဓာကိုယ်တောင့်တင်းလှပသူပါ။ အားလုံးထဲတွင် အချောဆုံးဟု ပြော၍ ရသော ရုပ်ရည်ပိုင်ဆိုင်ပါသည်။ အနေအေးကာ သည်းခံတက်သဖြင့် မလွန်းက အထူးခင်မင်မိပါသည်။ အသွင်တူသော မလွန်းတို့ စားအတူ သွားအတူဖြစ်ပါသည်။
မနော်ထူးက မလွန်းထက် ရောက်တာ လပိုင်းစောသည်။ ထို့အပြင် တရုတ်ဘာသာစကားကို အနည်းငယ်ပြောဆိုတက်သောကြောင့် ဈေးဝယ်ထွက်လျှင် ဖြစ်ဖြစ် ဖောက်သည်နှင့်စကားပြောလျှင်ဖြစ်ဖြစ် အဆင်ပြေပါသည်။ မနော်ထူးဆီမှ တရုတ်စကားကို မလွန်းသည် အားလပ်ချိန်များတွင် သင်ယူသည်။ ရက်အနည်းငယ်ကြာတော့ မလွန်းလည်း ထမင်းစားရေသောက်ပြောဆိုတက်လာသည်။ ရှမ်းမလေး ကျင်ခမ်းကတော့ တစ်ဦးတည်းနေတာများပါသည်။ အချိန်အားသည်နှင့် သူ့ချစ်သူ ကောင်လေးက လာခေါ်သဖြင့် အပြင်သွားနေသည်က များသည်။ ဖြိုးစံပယ်က နှင့် မိုးထက်တို့ နှစ်ယောက်ကတော့ ရန်ကုန်ကဟု သိရသည်။ အပြင်အဆင် အလွန် ဟော့ရမ်းသူများဖြစ်ကာ မိန်းမချင်းပင် ရှက်ယူရသည်။ သူတို့ ၂ယောက်သည်လည်း မကြာမီ အချိန်အတွင်း အတွဲများကိုယ်စီနှင့်။
အတွဲမရှိဘဲ ရည်မှန်းချက်ကိုယ်စီနှင့် ရှိကျသူများက မလွန်းနှင့် မနော်ထူးတို့ ၂ယောက်သာ။ မနော်ထူးက ဒီဇိုင်နာ ဖြစ်ချင်သူဖြစ်သည်။ သင်တန်းကြေးမြင့်မားခြင်းကြောင့် ငွေကြေးလုံလောက်အောင်စုမိပါက ရန်ကုန်ပြန်၍ ဒီဇိုင်နာသင်တန်းတက်မည်။ ထိုလုပ်ငန်းနှင့်ပင် အသက်မွေးမည်ဟု ဆိုသည်။ မလွန်းကတော့ တောတွင်နေထိုင်ကျသော မိသားစုအားမြို့ပေါ်တွင် အခြေတကျနေထိုင်စေမည်။ မောင်နှမများကို ပညာဆုံးခန်းတိုင်အောင် သင်ပေးမည်။ ထိုသို့ ရည်ရွယ်ချက်ထားထားကျသည်။
ဒီနေ့တော့ မလွန်း အလွန်ပျော်ပါသည်။ မိမိလုပ်အားခ ထုတ်ယူခွင့်ရသော နေ့ပင်ဖြစ်ပေသည်။ လက်ခံရရှိသော တရုတ်ငွေလေးကို အခါခါထုတ်ကြည့်ရင်း စိတ်ကူးယဉ်နေမိသည်။ အမေ့အိမ်သို့ အပြေးလေးပြန်ကာ အမေ့လက်ထဲ အပ်ချင်လှသည်။ လစာ ထုတ်ထုတ်ခြင်း အိမ်ခဏပြန်ချင်ကြောင်း ပြောဆိုကြည့်သောအခါ ပြန်ခွင့်မရခဲ့။ ၃လအတွင်း အိမ်ပြန်ခွင့် မပေးနိုင်ဟု ဆိုင်ရှင်မှ ပြောပါသည်။ သွားလိုက်ပြန်လိုက်နှင့်ဆိုတော့ အလုပ်ပျက်သည်ပေါ့။ ဟုတ်တော့လည်း ဟုတ်ပါသည်လေ။ အခုမှ အလုပ်ဝင်တာ ၁လပင် ရှိသေးသည် မဟုတ်ပါလား။ ၃လပြည့်မှဘဲ အိမ်ပြန်တာပေါ့လေဟု တွေးရင်း အိမ်လွမ်းစိတ်ကြောင့် မလွန်း မျက်ရည် ဝဲမိပါတော့သည်။
credit image source
msc 175
အော်မလွန်းရယ်တစ်ပိုင်းပြီးတစ်ပိုင်းခိုခိုဇာ့ရင်ကိုခွဲနေသလိုပါပဲလား။မြန်မြန်အဆုံးသတ်ပါတော့မလွန်းရယ်။မင်းချမ်းသာပါစေကွယ်။အိမ်လဲမြန်မြန်ပြန်နိုင်ပါစေ။
အပိုင်း ၁၀၀ကျော်အထိ ရေးမလားလို့ ခိုဇာ
တစ်ပိုင်းပြီးတစ်ပိုင်း ဆွဲဆောင်ထားနိုင်ပါတယ် မစုရေ ..နောက်တစ်ပိုင်း မျှော်နေပါ့ မယ်ဗျ ..
ဟုတ်မှာပေါ့လေ အိမ်မလွမ်းတဲ့သူဘယ်သူရှိပါ့
အိမ်နဲ့ ခွဲဖူးခွဲစမရှိတဲ့သူတွေဆို ပိုဆိုးတယ် ညီမရေ
စာရေးသားတဲ့နေရာမှာ ဘန်းစကားများဖြစ်တဲ့ “ဇယ်“ “ဘဲ““စော်“ ဆိုတဲ့အသုံး
အနှုန်းများ မသုံးသင့်ပါဘူးဗျာ။
ဟုတ်ကဲ့ပါ ဆရာ ပြင်ဆင်လိုက်ပါ့မယ် အမှားကို ထောက်ပြတဲ့အတွက် ကျေးဇူးပါ ဆရာ
စိတ်ဝင်စားစရာကောင်းလာပြီ။မမစုကစာရေးကောင်းတာ။
မနည်းရေးနေရတယ် မအိရေ အရှေ့အနောက်ကလည်း ချိတ်မိအုံးမှ
၃လပြည့်တော့ ပြန်ပေါ့မလွန်းရယ်😢
၃လပြည့်တော့ ဘယ်လိုတွေ ဖြစ်လာမလဲ ဆက်လက်ဖတ်ရှု့ပါ အောင်ကြီးရေ
ဒီလို အခန်းဆက်တွေရေးထားတာ အားကျတယ် မတ်စုရေ တကယ်လို့  MSC မဂ္ဂဇင်းပေါ်လာရင် အခန်းဆက်သမားတွေ အဆင်ပြေပြီပေါ့
နှစ်ရှည်ပင်လေးပေါ့ ဦးဇင်း
ကော့ကရိတ်ရောက်နေတာနဲ့ အတော်ပဲ မနော်ထူးကိုသွား မိတ်ဆက်ရမယ် 😁😁😁။နော် မတ်မတ်စု။
လမ်းကြုံရင် ဝင်လိုက် ကလင်းရေ
နောက်ထပ်ဘာတွေဖြစ်လာအုံးမှာလဲ...သိချင်မိ
နောက်တစ်ပိုင်း မျှော်.,
ကဲ မလွန်း ခိုခိုဇာက အိမ်ပြန်ခဲ့တဲ့
လိုက်သာသွားလို့ ပြောလိုက် ဦးထွေးရေ ဟိုမှာ လန်းနေပြီ မလွန်းက