copy မဟုတ်ကြောင်း ရှင်းတမ်း ( သို့) သားကောင် ဖမ်းဆီးမည့် ကျားသစ် နှင့် ထိပ်တိုက်တွေ့ဆုံမှု

in #myanmar7 years ago (edited)

download.jpg

ယခင် ကျွန်တော် ရေးသားခဲ့သော " အခြေအနေမသိခင်မှာ မည်သူ့ကိုမှ မဝေဖန်ပါနှင့် " ဟူသော ဆောင်းပါး တွင် Cheetah - Myanmar မှ comment တစ် ခု လက်ခံ ရရှိခဲ့ပါ၏။ ၎င်းမှာ

……မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်၍ အခြားသော copy များ credit များ ဖြင့် post မတင်ရန် နောက်ဆုံးအနေဖြင့် သတိပေးလိုက်ပါသည်။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://m.facebook.com/story.php?story_fbid=1881776251961939&id=1628168527322714 တွင်တွေ့ရပါသည်။… …ဟူ၍ ဖြစ်ပါ၏။

Cheetah လက်ခံ ရရှိခဲ့သော ကျွန်တော်၏ ဆောင်းပါးကိုဖတ်ရှု ရန် >>https://steemit.com/myanmar/@shweyaungmyanmar/aeyakhaenmthiyawikhng-mnythu-komw-mewpanpa-wng

IMG_20171021_105924.JPG

အထက်ပါ Cheetah မှ ညွှန်ပြသော facebook link တွင် ရေးသားထားသည့် ဆောင်းပါး ကို ဂန္ဓဝင် မဂ္ဂဇင်း မှ တင်ဆက်သည် ဖြစ် ကြောင်းကို ဖတ်ရှုရပါသည်။၎င်းဆောင်းပါးသည် ကျွန်တော် ရေးသားသော ဆောင်းပါး နှင့် အားလုံးနီးပါး ထပ်တူကျလျက် ရှိနေသည်ကို တွေ့ရှိရပါ၏။

၎င်းသည် ကျွန်တော်ကို များစွာ အံ့သြဘနန်း ဖြစ်သွားစေခဲ့ခြင်းတော့ မရှိခဲ့ပေ။အဘယ်ကြောင့် ဆိုသော် ဖြစ်နိုင် သမျှသော အကြောင်းအရာများကို ကျွန်တော့် အနေဖြင့် စဉ်းစားမိပြီး ဖြစ်သောကြောင့်ပင် ဖြစ်ပါ၏။ယ ခု ဤစာကို ဖတ်ရှုသူများအနေဖြင့် ကျွန်တော်၏ Cheetah လက်ခံ ရရှိခဲ့သော ဆောင်းပါးနှင့် Cheetah မှ ညွှန်ပြသော fb link အတွင်းရှိ ဆောင်းပါးကို သေချာစွာ ဖတ်ရှုစေလိုပါသည်။

ကျွန်တော်၏ Cheetah လက်ခံ ရရှိခဲ့သော ဆောင်းပါး သည် ကျွန်တော်၏ steemit လမ်းကြောင်းမှ အချိုး အကွေ့ တစ်ခုဖြစ်လိမ့်မည် ဟု ထင်မြင်ကောင်း ထင်မြင်ကြပါလိမ့်မည်။သို့သော် ၎င်းသည် မှတ်တိုင်တစ်ခု သာ ဖြစ်ကြောင်း သက်သေပြနိုင်လိမ့်မည် ဟု ကျွန်တော့် အနေဖြင့် ယုံကြည်မှု ရှိပါ၏။ဆက်လက် ဖတ်ရှုပါ လေ။

၎င်း ဆောင်းပါးနှစ်ပုဒ် တွင် မည့်သည့် ထူးခြားချက် ခြားနားချက် ကို တွေ့ရှိပါသနည်း။အကြမ်းဖျင်းအားဖြင့် fb မှ ဆောင်းပါးသည် မြန်မာမှု ပြုထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်ကို သိရှိကြပါလိမ့်မည်။ကျွန်တော် ရေး သားသော ဆောင်းပါးသည်မှာကား ………
Stories ဟု အမည်ရသော app တစ်ခု ကို playstore တွင် အခမဲ့ ရရှိနိုင်ပါ၏။၎င်းappသည် နိုင်ငံတကာ တွင် လူသိများသော stories များကို စုစည်းတင်ဆက်ထားသော အခမဲ့ app တစ်ခု ဖြစ်ပါသည်။၎င်း app ကို အောက်ပါ link တွင် download ရယူနိုင်ပါသည်။

https://goo.gl/ETzph8

အောက်ပါပုံမှာ Stories app ၏ ပုံဖြစ်ပါသည်။

IMG_20171020_073502.JPG

၎င်း app သို့ ဝင်ရောက်ကြည့်ရှုလျှင် ပထမဦးစွာ တွေ့ရမည်မှာ အောက်ပါ ပုံ အတိုင်း တွေ့ရပါမည်။

IMG_20171021_083423.JPG

ထို့နောက် All Stories ကို click လိုက်လျှင် အောက်ပါ ပုံတွင် မြင်တွေ့ရမည့်အတိုင်း INSPIRING : POSITIVISM : LOVE ဟူသော categories 3 ခုကို မြင်တွေ့ရပါမည် ဖြစ်ပါသည်။ပုံကို အောက်တွင် ကြည့်ရှု ပါ။၎င်း Categories 3 ခု အနက်မှ INSPIRING တွင် အပုဒ်ရေ 51 ပုဒ် ပါဝင်သည်ကို တွေ့ရှိရပေမည်။၎င်း အပိုဒ်ရေ 51 ခု အတွင်းမှ နံပါတ်စဉ် 49 တွင် Never Judge Anyone Before Knowing the Situation ဟူ သော ခေါင်းစဉ်ဖြင့် ဆောင်းပါးကို တွေ့ရှိရပါမည်။အောက်ပါပုံတွင် ကြည့်ပါ။

IMG_20171021_083532.JPG

၎င်းကို click ၍ ဖတ်ရှုကြည့်လျှင် အဖြေ တစ်ခုကို တွေ့ရှိပါလိမ့်မည်။၎င်း အဖြေ မှာကား ကျွန်တော်၏ Cheetah လက်ခံရရှိခဲ့သော ဆောင်းပါးသည် ဂန္ဓဝင် မဂ္ဂဇင်း website တွင် တွေ့ရသည့် မြန်မာမှု ပြုထား သော ဆောင်းပါး ကို copy ယူထားခြင်း မဟုတ်ပဲ အထက်ပါ app မှ ဆောင်းပါးကို တိုက်ရိုက် ဘာသာ ပြန်ဆိုထားသော ဆောင်းပါးပင် ဖြစ်နေသည် ဟူသော အဖြေပင် ဖြစ်ပါ၏ ။ ဖတ်ရှုကြည့်ပါလေ။

ကျွန်တော်အနေဖြင့် အထူးထောက်ပြလိုသည်မှာ ၎င်းဆောင်းပါး၏ စာပုဒ် များမှ 5 ပုဒ် မြောက်တွင် တွေ့ရှိရမည့် စာသား ဖြစ်ပါသည်။၎င်းမှာ

…The doctor smiled again & replied: “I will say what Job said in the Holy Book “From dust we came & to dust we return, blessed be the name of God”. Doctors cannot prolong lives. Go & intercede for your son, we will do our best by God’s grace” …

ဟူသော စာသား ပင်ဖြစ်ပြီး ၎င်းကို မည်ကဲ့သို့ ဘာ သာပြန်ဆိုမည်နည်း။ကျွန်တော်၏ Cheetah ထိခဲ့သည့် ဆောင်းပါးမှ 5 ပုဒ်မြောက် စာပုဒ် ကို ဖတ်ရှုကြည့်ပါလေ။စာရှုဖတ်သူများတွေ့ရမည်မှာ အောက်ပါအတိုင်း ဖြစ် ပါ လိမ့်မည်။

… ဆရာဝန်က ထပ်မံ ပြုံးလိုက်ပြီး " သမ္မာ ကျမ်းစာမှာ Job ဘာ ပြောခဲ့လဲ ဆိုတာကို ငါမင်းကို ပြောချင်ပါတယ်။ "ကျွန်ုပ်တို့ဟာ မြေမှုန် မှ ဖြစ်တည်လာခဲ့ပြီး မြေမှုန် အဖြစ်သို့ ပြန်ရောက်ရှိမှာ ဖြစ် တာကြောင့် ဘုရားသခင်ရဲ့ အမည် နာမတော်ကို ကောင်းချီးပေးပါ ´ ဆိုတဲ့ စကားပါပဲ။ ´ လို့ ပြန်ပြောခဲ့လေသည်။ အခြား ဆရာဝန် များက အချိန်မကြာစေရန် အတွက် သွားရောက် ဖြန်ဖြေလိုက်ကြပြီး " ဘုရားသခင်ရဲ့ ကောင်းချီး နဲ့အတူ သင့်ရဲ့သားအတွက် ကျွန်ုပ် တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ပါလိမ့်မယ်´ ပြော၍ ခွဲစိတ်ခန်း အတွင်းသို့ သွားကြလေ၏။ …
ဟူ၍ တွေ့ရပေမည်။

ဂန္ဓဝင် မဂ္ဂဇင်း website တွင်မူ အထက်ပါ ဇတ်လမ်း ဇာတ်ကွက် နေရာ ၌ မည်သို့ မြန်မာမှု ပြုထားပါသနည်း။ Myanmar - Cheetah မှ ညွှန်ပြသော fb link တွင် တဖန် ထပ်မံ ဖတ်ရှုကြည့်ရပါမည်။fb link တွင်

… …ဆရာဝန်ကြီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး "လူဆိုတာ တစ်နေ့သေရမှာပါ၊ ငယ်သည် အိုသည်ကို သူ့ရဲ့ ကုသိုလ်ကံက ဆုံးဖြတ်ပေးပါလိမ့်မယ်။" လို့ ပြောပြီး ခွဲစိတ်ခန်းထဲ ဝင်သွားပါတယ်။… …

ဟူ၍တွေ့ရပါသည်။

ယခု ကျွန်တော်တို့ ရှေ့မှောက်တွင် fb link မှ ဆောင်းပါး | Steemit မှ ကျွန်တော်၏ ဆောင်းပါး | Play Store App မှ ဆောင်းပါး သုံခုလုံးရောက်ရှိနေပေပြီ။၎င်း ဆောင်းပါး သုံးပုဒ် လုံးကို စစ်ဆေးကြည့်ရှု၍ ကျွန်တော်၏ steemit မှ ဆောင်းပါသည် fb link မှ ကူးယူခြင်းလော | Stories App မှ ဘာသာ ပြန်ဆိုခြင်းလော ဆုံးဖြတ် နိုင်လိမ့်မည်ဟု ယုံကြည် မိပါသည်။

သို့သော် ယုံကြည် စိတ်ချ နိုင်စေရန် အလို့ငှာ အခြား သက်သေ အထောက်အထားနှစ်ခု ကို ထပ်မံ ဖော်ပြပေး လိုက်ပါမည်။၎င်းတို့မှာ

ကျွန်တော် ယခင် ရေးသားခဲ့သော " ဖြစ်တည်မှု တစ်ခုချင်းစီ၏ အတိုင်းအတာ ´ သည် INSPIRING Categories အတွင်းမှ နံပါတ်စဉ် 50 ခု မြောက် " Four Friend ´ ဟူသော ဆောင်းပါးကို တိုက်ရိုက် ဘာ သာပြန် ဆို၍ နောက်ဆုံး အပုဒ် 3 ပုဒ် ကို ဖြည့်စွက် ရေးသားထားခြင်း ဖြစ်ပါသည်။၎င်းဆောင်းပါးကို ဖတ်ရှုရန်

https://steemit.com/myanmar/@shweyaungmyanmar/yapastnym-tskhundefinedngsi-e-atongata

ထို့ပြင် "ဘုရားသခင် နှင့် နေ့လည်စာ စားခြင်း ´ ဟူသော ဆောင်းပါးသည်လည်း INSPIRING Categories အတွင်းမှ နံပါတ်စဉ် 51 ခု မြောက် " Lunch With God´ ဟူသော ဆောင်းပါးကို တိုက်ရိုက် ဘာသာပြန်ထား ခြင်း ဖြစ်ပါသည်။ဖတ်ရှုရန်

https://steemit.com/myanmar/@shweyaungmyanmar/bauyaathkhng-wng-en-lnysa-sayakhng

အထက်ပါ ကျွန်တော်၏ ရေးသားချက်သည် ကျွန်တော်၏ ဆောင်းပါး မှာ copy မဟုတ်ကြောင်း | ကျွန်တော် သည် သူခိုးတစ်ယောက် မဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပြီဟု ယူဆမိပါ၏။

ကျွန်တော်၏ post မှာ Cheetah မိနေသည်အတွက် အစ်ကို @ansoe မှ chat box မှ လာရောက် ၍ ` ညီ ဘာလို့ copy လုပ်တာလဲကွာ ကိုယ့် idea ထည့်ရေးမယ်ဆိုရင်တောင်ရပါတယ်ကွာ ရေးစရာတွေလည်း အများကြီးကွာ´ ဟူ၍ ဂရုဏာ ဒေါသ ဖြင့် ပြောကြား ခဲ့ပေ၏။Senior တို့ ၏ စေတနာကို နားလည် မိပါသည်။ ကျွန်တော်က ဖြေရှင်းချက်တစ်ခု ရေးသားပါမည် ဟု သာ အကြောင်းပြန် ပြောဆိုထားခဲ့ပါသည်။

တကယ်တမ်းတွင် ကျွန်တော်သည် မြန်မာမှု ပြုရေးသားရန် အားထုတ်နေသူ တစ်ဦးသာဖြစ်ပါသည်။ယခု ဆောင်းပါးများသည် ယခင်ကတည်းမှ ကျွန်တော် ရေးသားခဲ့ပြီးသည့် ဆောင်းပါးများ ဖြစ်ပါ၏။ယခု ဆောင်းပါး များကို သာ မြန်မာမှုပြု ရေးသားခဲ့ လျှင် ဟူ၍ ပိုမို ရှင်းထွေးလာနိုင်သည့် အကြောင်း များကို တွေးတော မိပါ သည်။သို့သော် ကျွန်တော် တစ်ဦးတည်းသာ ရှုပ်ထွေးနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ကျွန်တော်၏ Cheetah မိခဲ့သော ဆောင်းပါးအတွက် မည်သူမျှ ကျွန်တော့်လောက် စိတ်ရှုပ်ထွေးနေလိမ့်မည် မဟုတ်ပေ။

download.jpg

Cheetah - Myanmar မှ" နောက်ဆုံးအနေနှင့် သတိပေးလိုက်သည် ´ ဟုသာ ပြောဆိုထားပါသည်။ထို့ပြင် ကျွန်တော်၏ reputation သည်လည်း 53 အတိုင်းပင် ရှိနေပါသေး၏။၎င်း အခြင်းအရာမှာ ကျွန်တော်အား Steemit - Myanmar အဖွဲ့ဝင်တစ်ဦး အဖြစ် လက်ခံထားနေကြောင်း ပင် ဖြစ်ကြောင်း သတိပြုမိပါသည်။၎င်း အချက်သည် ကျွန်တော်သည် copy လုပ်ဆောင်ခဲ့သည် ဆိုလျှင် ပင် နောက်ဆုံးအနေဖြင့် ကျွန်တော်အား အသိအမှတ် ပြုနေဦးမည် ဖြစ်ကြောင်း နားလည်မိပါ၏။သို့အတွက် Myanmar Steemit Community အား အထူးပင် ကျေးဇူးတင်မိပါသည်။

Cheetah - Myanmar သည် သားကောင်ကို မှာယွင်းဖမ်းဆီးမိချေပြီ။ သို့သော် ၎င်းအား အထင်အမြင် မသေးမိ ပါနှင့်ဦး ဟု သတိပေးလိုက်ပါသည်။။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ကိုယ်တွေ့ ထပ်တိုက် တွေ့ဆုံ မိပြီး ဖြစ်သောကြောင့် ပင်တည်း။

Friendly ,
@shweyaungmyanmar
MSC - 049

Sort:  

သားရေးနောက်ဆို ဘာသာပြန်ဆိုရင် link မထည့်ဘဲနဲ့ မည်သူ မည်သည့်အကြောင်းအရာကိုပြန်ဆို သည်ဟုမှတ်ချက်ပေးခဲ့ပါ၊ သို့မဟုတ် မိမိရေးသားချက်သည် မူရင်းရေးသာသူ၏ ရေးသားချက်ထက်ပိုလွန်နေပါက မှတ်ချက်တွင် ကိုးကားချက်စာတမ်းထည့်ပေးပါ။ ဘာသာပြန်စာပေသည် အခြားဘာရပ်တစ်ခုမှ မြန်မာဘာသာသို့ ဆီလျှော်အောင်ပြန်ဆိုဖန်တီးရသည်ဖြစ်၍ ကိုယ်တိုင်ဖန်တီးမှုတွင်အကြုံးဝင်ပါသည်။ ထို့ပြင် ဆုပေးရာတွင် လည်းမြန်မာစာ ဆောင်းပါးများသာလကခံသည့်အတွက်၊ အကြုံးဝင်ပါသည်။ Cheetah- Myanmar သည် မိမိတို့ MSC member များအတွက် Buffer ပြုလုပ်ထားခြင်းဖြစ်၍ authentic Cheetah နှင့်မတွေ့နိုင်အောင်ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း နားလည်စေလိုပါသည်။ MSC တွင် မိမိထက်ငယ်ရွယ်သူအားလုံးကို သားသမီးပမာ သဘောထားနေသည့် ဆရာ့အတွက် လက်သဲဆိပ်တော့လက်ထိပ်နာ ရသည့်အဖြစ်မျိုး မဖြစ်စေလိုပါ။

MSC ကောင်းဖို့ အတွက်
Cheetah Myanmar ရဲ့ လုပ်ဆောင်မှုကို နားလည်
ပါတယ် ခင်ဗျ
ကျွန်တော်ရဲ့ အခု ဆောင်းပါးမှာလည်း
အမှားအယွင်း ရှိခဲ့ရင် နားလည်ပေးဖို့
တောင်းပန် ပါ တယ် ဆရာ

ဟုတ်​ကဲ့ ကျ​နော့်​အ​နေနဲ့ ဝင်​မကြည့်​ဖြစ်​တာကြာပြီဖြစ်​တဲ့အတွက်​ အ​ခြေ​နေ အ​နေထားသိပ်​မသိပါ။ သို့​သော်​ ကျ​နော်​ ဦး​နှောက်​​သေး​သေး​လေးနဲ့​ပြောရရင်​ ဘာသာပြန်​စာ​ပေတွင်​ ရသစာ​ပေကို ဦးစား​ပေး​ဖော်​ပြ​နေသူ​တွေကို ​လေးစားပါတယ်​ သို့​သော်​ ဆရာ​ဖေမြင့်​သည်​ သူ​ရေး​သောဘာသာပြန်​စာ​ပေများအား အမြဲတ​စေမှုရင်းစာ​ရေးဆရာနှင့်​တကွ စာအုပ်​ကို ညွန်းဆိုသကဲ့သို့မိမိသည်​ ၏မှ အများသူငှါ ဖတ်​​စေလိုခြင်း သိ​စေလိုခြင်းငှါ ပြန်​ဆိုပါသည်​ကိုထည့်​သင့်​​ကြောင်း စာ​ရေးသူကို အကြံ​ပေးလိုပါသည်​။ ထိုမှသာလျင်​ နားလည်​မှု လွဲမှားခြင်းဟူ​သော အ​ခြေ​နေများ နည်းသထက်​နည်းကာ ပိုမို​ကောင်းမွန်​​သော msc ကိုတည်​​ဆောက်​ပါလို့ အကြံ​ပေးချင်​ပါတယ်​။ ​လေးစားပါတယ်​။

မှတ်တယ် ကိုသက်ရေ၊ ခုနောက်ပိုင်းဆရာရေးတဲ့ ဆောင်းပါးတွေမှာ တစ်ကြောင်းလောက်ယူမိရင်လဲ၊ မူရင်းစာအုပ်ကိုဖေါ်ပြ ထားတာတွေ့မှာပါ၊ ဆရာဦးမောင်မောင်ကြည်စာကိုကိုတောင်မှ သူ့စာတွေမယူပါဘူး၊ အယူအဆလေးတွေကြိုက်တာနဲ့ သူ့တင်ပြပုံတင်ပြနည်းအတိုင်းရေးလို့လေးစားတာနဲ့ သူစာအုပ်ကိုဖေါ်ပြထားတာ။ ရှင်းရှင်းပြောရင်မူရင်းဖန်တီးရှင်ကို ဂုဏ်ပြုလိုက်တာပါ။

ဟုတ်ကဲ့
ကျွန်တော့် အနေနဲ့လည်း မူရင်း link ကို ဖော်ပြ
ဖို့ လစ်ဟာမှု ရှိခဲ့ပါတယ်
app ဖန်တီးသူကို တော့ သိရှိဖို့ အခက်အခဲ ရှိ
ပါတယ်
ဆရာတင်တို့ ကိုသက်တို့ admin team ကို
လေးစားလျက်ပါ
အခု ဆောင်းပါးက လည်း မည်သူ့ကိုမှ
ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး ခင်ဗျာ

wow တစ်ခု ထဲတော့ မလုပ်ပါနဲ့ မမသက်လျာ

ရေးသားချက်အတွက်တော့ဘာမှမပြောလိုတော့ပါ သို့သော် အခုရေးသားချက်ကို ဖတ်ကြည့်တော့ Cheetah ရဲ့သတိပေးချက်ကို နားမလည်ဘူးလို့ယူဆမိပါတယ် cheetah-myanmar ရဲ့ comment က တူညီသော post ကို တွေ့ရပါတယ်* လို့ပြောထားတာကိုလည်းတွေ့ရပါတယ် ကူးယူဖော်ပြခြင်း မလုပ်ရန်သတိပေးခြင်းသာမည်ပါတယ်ညီ ကူးယူလာပါတယ်လို့မပြောပါဘူး

Screenshot_485.png

ဒါကလည်း စာသားတော်တော်များက အရေးအသားတူညီနေလို့ သတိပေးခြင်းသာဖြစ်ပါတယ် အခြားအကြောင်းအရာတွေကိုတော့ ဆရာတင်နဲ့ ကိုသက်တို့ပြောပြထားလို့မပြောတော့ပါဘူး reputation က flag ထိုးခံရမှ လျော့မှာပါ cheetah ထိထားလို့တော့ မလျော့ပါဘူး သတိပြုနိုင်ပါစေ ညီ

reputation နဲ့ပတ်သက်ပြီး ရေးထားတဲ့
ကျွန်တော့်ရဲ့ အရေးအသားက မလျော်ကန်ဘူး ဆို
တာ လက်ခံပါတယ် အစ်ကိုစိုး

အစက် နှစ်စက် နဲ့ ဝ လုံး ပဲ မြင်ရတယ် ပြည့်

အလုံးစုံ ဘာသာပြန်​တာမျိုး မဟုတ်​ပဲ မိမိအာ​ဘော်​​လေးနဲ့ဆို ပို​ကောင်းပါတယ်

ဟုတ် ကြိုးစားလျက်ပါ ဗျ

ဟုကဲ့။

ဟုတ်ကဲ့ပါ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61146.27
ETH 2924.49
USDT 1.00
SBD 3.58