အခြေအနေမသိရှိခင် မည်သူ့ကိုမှ မဝေဖန်ပါနှင့်

in #myanmar7 years ago (edited)

photo-1484704849700-f032a568e944.jpg

အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဖုန်းလက်ခံရရှိခဲ့သော ဆရာဝန်သည် ဆေးရုံအတွင်းသို့ အလျင်အ မြန် ဝင်ရောက်လာခဲ့ သည်။သူသည် ဖုန်းကို အမြန်ေ ဖြကြားခဲ့ပြီး အဝတ်အစားလဲပြီး နောက် ခွဲစိတ်ဌာနသို့ ချက်ချင်း သွားခဲ့လေ၏။ ဌာန သို့ရောက်လျှင် ခန်းမ အတွင်း ခေါက်တုံ့ ခေါက်ပြန် လျှောက် လှမ်းနေ လျက်ဆရာ ဝန် အလာကို စောင့်နေသော လူငယ် ၏ ဖခင်ကို တွေ့ရလေသည်။

သူ့ကို မြင်တွေ့သည့်အခါ ဖခင် ဖြစ်သူက ` မင်းဟာ လာဖို့ အတွက် ဘာ့ကြောင့် အချိန်ပြည့် ရှိမနေတာလဲ။ ငါ့သား ရဲ့ ဘဝ ဟာ အသက်အန္တရယ် စိုးရိမ်နေရတယ် ဆိုတာ မင်းသိဖူးလား။မင်း ဟာ တာဝန်ယူဖို့ အသိဥာဏ် နည်းနည်းမှ မရှိဘူးလား ´ ဟူ၍ ဆိုး ဝါးစွာ အော်ဟစ် ပြောဆို လေသည်။

photo-1505432652125-8f35da27ac07.jpg

ဆရာဝန်က ပြုံး၍ `ငါ တောင်းပန်ပါတယ်။ ငါ ဟာ ဆေးရုံထဲမှာ ရှိနေခဲ့တာ မဟုတ်ပါဘူး။ ငါဟာ ဖုန်းလက်ခံရပြီးချင်းမှာပဲ မြန်နိုင်သ မျှ အမြန်ဆုံး လာခဲ့တာပါ။ပြီးတော့ ယခုအချိန်မှာ မင်းကို တည် တည် ငြိမ်ငြိမ် ရှိနေစေချင်ပါတယ်။ ဒါမှသာ ငါ့ရဲ့ အလုပ်ကို ကောင်း ကောင်း လုပ်နိုင်မှာပါ ´ဟူ၍ ပြော လိုက်၏။

ဖခင်ဖြစ်သူက `` တည်တည် ငြိမ်ငြိမ် ဟုတ်လား ။ အခုအချိန် မင်းရဲ့သားက အခန်းထဲမှာ ဆိုရင် မင်းတည်တည် ငြိမ်ငြိမ် နေနိုင်မ လား။ မင်းရဲ့သားဟာ အခု သေသွားမယ် ဆိုရင် မင်းဘယ်လို လုပ်မ လဲ´´ ဟူ၍ ဒေါသတကြီး ပြောလိုက်လေသည်။

photo-1486768801215-35f4fdd73abc.jpg

ဆရာဝန်က ထပ်မံ ပြုံးလိုက်ပြီး "သမ္မာ ကျမ်းစာမှာ Job ဘာ ပြောခဲ့လဲ ဆိုတာကို ငါမင်းကို ပြောချင်ပါတယ်။`ကျွန်ုပ်တို့ဟာ မြေမှုန် မှ ဖြစ်တည်လာခဲ့ပြီး မြေမှုန် အဖြစ်သို့ ပြန်ရောက်ရှိမှာ ဖြစ် တာကြောင့် ဘုရားသခင်ရဲ့ အမည် နာမတော်ကို ကောင်းချီးပေးပါ ´ဆိုတဲ့ စကားပါပဲ။ ´´ လို့ ပြန်ပြောခဲ့လေသည်။ အခြား ဆရာဝန် များက အချိန်မကြာစေရန် အတွက် သွားရောက် ဖြန်ဖြေလိုက်ကြပြီး `` ဘုရားသခင်ရဲ့ ကောင်းချီး နဲ့အတူ သင့်ရဲ့သားအတွက် ကျွန်ုပ် တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ပါလိမ့်မယ် ´ ဟု ပြော၍ ခွဲစိတ်ခန်း အတွင်းသို့ သွားကြလေ၏။

လူငယ်၏ဖခင်က ` ကျွန်ုပ်တို့ ပူပန်သောက ရောက်တဲ့အချိန် အကြဥာဏ်ပေးဖို့က လွယ်ကူပါတယ်´ဟူ၍ မြည်တွန်တောက်တီး လေ၏။

photo-1508075408250-a927d34102d6.jpg

နာရီအတော်ကြာ ခွဲစိတ်မှု လုပ်ဆောင်ပြီးနောက် ဆရာဝန်သည် ပြုံးရွှင်စွာဖြင့် အပြင်သို့ ထွက်လာခဲ့ပြီး " ကံကောင်းမှုကို ကျေးဇူး တင်ပါတော့။ သင့်ရဲ့ သားကို ကယ်တင်လိုက်နိုင်ပါပြီ။ ´ ဟူ၍ ပြောကာ လူငယ်၏ ဖခင်ထံမှ တစ်စုံတစ်ရာ တုံ့ပြန်မှုကို စောင့် ဆိုင်းမနေတော့ဘဲ သူ့သွားရန် ရှိသည့် လမ်းကို ပြေးထွက်ခဲ့လေ သည်။ထိုအခါ သူနာပြုတစ်ဦးက `သင့်မှာ ဘာမေးခွန်း မှ မေးစရာ မရှိဘူး လား ´ ဟု လူငယ်၏ ဖခင်ကို မေးလိုက်၏။

လူငယ်၏ ဖခင်က ` ဘာ့ကြောင့် သူဟာ အလွန် မာနကြီးရ တာလဲ ။ ငါ့ရဲ့ သား အခြေအနေကို မေးမြန်း ဖို့ မိနစ်အနည်းငယ် တောင် သူ မစောင့်ခဲ့ဘူး ´ဟု ဆရာဝန် ထွက်ခွာသွားပြီးနောက် မှတ်တမ်းမှတ်ရာ လုပ်ဆောင်နေသော သူနာပြုကို ကြည့်ရင်း ဝေဖန် လိုက်လေသည်။

photo-1483119871437-a04216682227.jpg

သူနာပြုဆရာမ က ` သူရဲ့သားဟာ မနေ့က လမ်းမတော်တမှု တစ်ခု အတွင်း မှာ ဆုံးပါးသွားခဲ့ပါတယ်။သင့်ရဲ့ သားခွဲစိတ်မှု အတွက် ကျွန်မတို့ သူ့ကို ဖုန်းခေါ်ဆို ချိန်မှာ သူ့သား ရဲ့ အသုဘ မှာ ရှိနေခဲ့ပါတယ်။ ယခု အချိန်မှာ သင့်သားရဲ့ အသက်ကိုလည်း ကယ်တင် နိုင်ခဲ့ပြီး ပါပြီ။ ပြီးတော့ သူ့သား အသုဘ ပြီးစီးနိုင်ဖို့ အတွက် သူဟာ အလောတကြီး ပြေးထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်´ ဟု၍ ပြောဆိုလိုက်ပြီး သူမ၏ မျက်နှာပေါ်မှ မျက်ရည်များ စီးကျ လာခဲ့လေသည်။

မည်သို့ အခြေအနေ မျိုးမှာပင် ဖြစ်စေ မိမိ၏ ခံစား ချက် တစ်ခုကိုသာ ဦးစားပေးရန် မသင့်လျော်ချေ။ ၎င်း သည် မိမိ၏ မသိတတ်မှု ဆိုးဝါးမှုအကြောင်းကိုသာ ဖော်လှစ်ပြသသကဲ့သို့ ဖြစ်နေပါလိမ့်မည်။မိမိ၏ ခံစားချက်များကို စီမံခန့်ခွဲရန် ကြိုးပမ်းခြင်းသည်သာ ကောင်းမွန်သော အရာများဖြစ်ပေါ်လာရန် အကြောင်း ဖြစ်ပါလိမ့်မည်။

photo >> https://unsplash.com

Friendly ,
@shweyaungmyanmar
MSC - 049

Sort:  

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်၍ အခြားသော copy များ credit များ ဖြင့် post မတင်ရန် နောက်ဆုံးအနေဖြင့် သတိပေးလိုက်ပါသည်။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://m.facebook.com/story.php?story_fbid=1881776251961939&id=1628168527322714 တွင်တွေ့ရပါသည်။

မှန်ပါတယ်ရှင့်

ဟုတ်ကဲ့

ဟုတ် ကချစ်

လူတွေရဲ့အတ္တပေါ့..bro..

ဟုတ်တာပေါ့ bro

ဝေဖန်တက်ပေမယ့်လည်းအပြစ်တော့မတင်တက်ပါဘူးဗျ
အကြံဥာဏ်တော့ပေးတက်လေသည်

ဟုတ် bro
thank for supporting

ကိုယ်ချင်းစာတရားလေးနဲ့သတိရှိနေတော့ ပိုကောင်းပါတယ်လေ…

ဟုတ် ကိုယ်မသိမြင်ရသေးတဲ့ အကြောင်းအရာတွေ
အခြားသူတွေမှာ အများကြီးရှိနေတတ်တာ ကြောင့် ပါ

လူဆိုတာက ကိုယ့်အသိုင်းအ၀ိုင်းကသာ အရေးအကြီးဆုံးဖြစ်နေတတ်တယ်ဆိုတာ ဒီဆောင်းပါးလေးကသက်သေပြနေသလိုဘဲနော်

ဟုတ် အတ္တကြီးတဲ့ လူတွေမှာ ပိုတွေ့ရတတ်ပါ တယ်

ယခုpost သည်​ copy ဖြစ်​​နေပါတယ်​။ promotion မရနိုင်​ပါ။

https://m.facebook.com/story.php?story_fbid=1881776251961939&id=1628168527322714

ဟုတ် ကိုအတာ
copy မဟုတ်ကြောင်း ဖြေရှင်းချက် တစ်စောင်ကို
cheetah-myanmar ရဲ့ comment အောက်မှာ
ပြန်ရေး ပေးလိုက်ပါမယ်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 69122.82
ETH 3737.08
USDT 1.00
SBD 3.68